Tuesday, September 3, 2013
အလကားအဖြစ်မခံနိုင်ဘူး
*အလကားအဖြစ်မခံနိုင်ဘူး*
စကော့တလန်သားနှစ်ယောက် စကားပြောနေကြသည်။
"ဟေ့၊ မင်း အခုထိ နောက်မိန်းမ မယူသေးဘူးလား၊
မင်းရဲ့ ပထမဇနီး ကွယ်လွန်သွားတာ ၂-နှစ်ရှိနေပြီပဲ၊
နောက်မိန်းမ ယူရင် ဘယ်သူမှ ကဲ့ရဲ့မှာ မဟုတ်တော့ပါဘူးကွ"
"ငါသိပါတယ်၊ အောင်သွယ်တွေက ငါ့ကို အမျိုးသမီး
တချို့နဲ့ မိတ်ဆက်ပေးပြီးပါပြီ၊ သူတို့အားလုံး အပြစ်ပြော
စရာ မရှိပါဘူး၊ ဒါပေမယ့်ကွာ...."
"ဘာလဲ၊ မင်းအကြိုက်တာ မတွေ့လို့လား"
"ဒီလိုလဲ မဟုတ်ပါဘူး၊တစ်ယောက်မှ အဆုတ်နာရောဂါ
စွဲကပ်တဲ့သူ မပါဘူး"
"အဆုတ်ရောဂါ ဟုတ်လား၊ ဘာဆိုင်လို့လဲကွ"
"မဟုတ်ဘူးလေ၊ ငါ့ပထမဇနီးဟာ အဆုတ်နာရောဂါကြောင့်
သေသွားတယ် မဟုတ်လား၊ အေး သူသောက်ခဲ့တဲ့ဆေးတွေ အများကြီး
ကျန်နေသေးတယ်ကွ"
0 comments:
Post a Comment