Friday, August 9, 2013

ပဲခူးတိုင်း(အနောက်ပိုင်း)ပြည်မြို့ ၊ကမ်းနားလမ်း၊ကျောင်းကြီးအိုးတန်းရပ်ကွက်တွင် Myanmar MAAHKaWa (မအဲခ၀)အမည်ရှိဂျပန်ပိုင်အထည်ချုပ်စက်ရုံတစ်ခုကိုတရားမ၀င်လာရောက်ဖွင့်လှစ်

Leave a Comment
Zan Mgmg shared 
သိစေရန်
ပဲခူးတိုင်း(အနောက်ပိုင်း)ပြည်မြို
့၊ကမ်းနားလမ်း၊ကျောင်းကြီးအိုးတန်းရပ်ကွက်တွင် Myanmar MAAHKaWa
(မအဲခ၀)အမည်ရှိဂျပန်ပိုင်အထည်ချုပ်စက်ရုံတစ်ခုကိုတရားမ၀င်လာရောက်ဖွင့်လှစ်ထားကြောင်းသိရှိရသည်။ထိုစက်ရုံတွင်
အလုပ်ချိန် မနက်ခြောက်နာရီခွဲမှနေ့လည်တစ်နာရီခွဲ၊နေ့လည်တစ်နာရီခွဲမှ
ညကိုးနာရီခွဲ အလုပ်ချိန်နှစ်ချိန်ရှိသည်။ဝန်ထမ်3း8ယောက်ခန့်ထားရာ
ရုံးဝန်ထမ်းမှအပ ကျန်စက်ချုပ်ဝန်ထမ်းများကို လစာတစ်သိန်းနှစ်သောင်းဖြင့်
အလုပ်ခန့်ခဲ့ပြီး အမှန်တကယ်မှာ လစာခြောက်သောင်းသာပေးခဲ့သည်။ထို့အပြင်
ဂျပန်သို့ပညာတော်သင်ရန် လွှတ်မည်ဟုပြောကာ ပတ်စပို့များပြုလုပ်ခိုင်းပြီး
ဝန်ထမ်းများအားလိမ်ညာခဲ့သည်။အခွန်ရှောင်လိုသဖြင့် ယခုအခါ မြန်မာ သီတာ
အမည်ပြောင်းပြီး တရားမ၀င်ဖွင့်လှစ်ထားပါသည်။ ၀န်ထမ်းများအား
သက်ဆိုင်ရာမှလာရောက်မေးမြန်းလျှင် ဂျပန်မှဝယ်ယူမည်ဖြစ်သဖြင့်
ဂျပန်နည်းပညာလာပြကြောင်းပြောကြားရန် မှာထားကြောင်းလည်းသိရသည်။
ထိုတရားမ၀င် ဂျပန်အထည်ချုပ်စက်ရုံကို
2013ရှစ်လပိုင်းတွင်အောင်ဆန်းပြည်သာယာကွက်သစ်သို့ပြောင်းရွှေ
့ရန်စီစဉ်ထားကြောင်းလည်း သိရှိရသည်။ထိုဂျပန်ပိုင်အထည်စက်ရုံအတွက်
တာဝန်ယူထားသူများမှာ ရန်ကုန်ဆူးလေဘုရားအနီးရှိ ဗိုလ်ဆွန်ပက်တာဝါတွင်
ဖွင့်လှစ်ထားသော
VEVOပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်းလုပ်ငန်းပိုင်ရှင် ဦးရဲထွန်း
နှင့် မဇင်မာထွန်း(ကမ္ဘာစိုးစတိုး ၊ပြည်ြမို့ )တို့ဖြစ်ကြောင်းသိရသည်။
အလုပ်သမားများ၏ရပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် အခွန်ရှောင်
ဖွင့်လှစ်ထားခြင်းတို့ကို သက်ဆိုင်ရာမှ အရေးယူပေးပါရန် အသိပေးအပ်ပါသည်။



အေးချမ်းမွန် Credit To >>သတင်းပေါင်းစုံ << Thanks
Re-posted By ACM 7-8-2013
https://www.facebook.com/excellencemedia

0 comments:

Post a Comment

Facebook Like Page