Friday, August 23, 2013
ရွှေတောင်မြို့နယ်စာရေးဆရာအသင်းမှစာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများဆုချီးမြင့်
မြို့နယ်စာရေးဆရာအသင်းမှစာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများဆုချီးမြင့်
*********************************************************
သြဂုတ်လ(၁၉)ရက်နေ့ နံနက်(၉း၃၀)အချိန်တွင် မြို့နယ်စာရေးဆရာများအသင်း မှ ကြီးမှုး၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာစီစာကုံးပြိုင်ပွဲကျင်းပရာတွင် ဆုရရှိသော ကျောင်းသား/သူ များအားဆုချီးမြှင့်ပွဲ
အခမ်းအနားကို အ.ထ.က(၁)ရွှေတောင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။အဆိုပါအခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊အသင်းအဖွဲ့
များ၊ရပ်မိရပ်ဖများ၊ဆရာ/မများ၊ကျောင်းသား/သူ များစုစုပေါင်းအဆိုပါအခမ်းအနားသို့(၁၅၀)ခန့်တက်ရောက်ခဲ့ပါသည်။မြို့နယ်စာရေးဆရာအသင်း(ဥက္ကဌ) မှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစာကြည့်
တိုက် ဖောင်ဒေးရှင်း မှ ဆုကြေးငွေ(၁၅၀၀၀၀)ကျပ် နှင့်အထွေထွေအသုံးစရိတ် (၅၀၀၀၀)ကျပ်အား စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ထောက်ပံ့ပေးခဲ့ကြောင်း၊တစ်မြို့နယ်တွင် စာဖတ်ပရိတ်သတ် ကျောင်းသား/သူ
(၆၀)ခန့်ရည်မှန်းထားရာတွင် ၀င်ရောက်ဖြေဆိုသူ (၁၂၄)ယောက်ရှိခဲ့ကြောင်း၊ကြီးကြပ်အကဲဖြတ်ပေးသော အ.လ.က.၊အ.ထ.က ကျောင်းများမှ ဆရာ/မကြီးများနှင့်တကွ ၀ိုင်းဝန်းပံ့ပိုးကူညီခဲ့ကြသော မြို့နယ်ပညာ
ရေးမှုးရုံး နှင့် ပြန်ကြားဆက်သွယ်ရေးရုံး၊ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်မိရပ်ဖများ၊အသင်းအဖွဲ့များ၊ကျန်ရှိနေကြသောသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၎င်းမှပြောကြားခဲ့ပါသည်။အရင်တုန်းကဆိုရင်
ကဗျာ ပြိုင်ပွဲလုပ်တော့ ကျောင်းသား/သူတွေက ကိုယ်ပိုင်အတွေးအခေါ် ဥာဏ်ရေဥာဏ်သွေး နှင့်မဟုတ်ဘဲ ဆရာ/မ တွေကရေးပေးတာမျိုး၊ကူးချတာမျိုးတွေရှိခဲ့ပါတယ်။ဒါတွေဟာကြီးလေးတဲ့အမှားကြီးတွေပါ
ဆုရတဲ့ ပထမ နဲ့ ဒုတိယ နဲ့ တတိယ စာရင်းတွေကို ကော်မရှင်ကိုပို့ရမှာဖြစ်တဲ့အတွက် ပြီးစလွယ်မပို့နိုင်ပါဘူး။အဆင့်မှီတဲ့စာပေအရေးအသားတွေရဖို့ ရည်ရွယ်ပါတယ်။အခုလို စာစီစာကုံးပြိုင်ပွဲမှာ အရည်အချင်း
ပြည့်ဝတဲ့ ကလေးတွေရဲ့စာဖတ်နူန်း လေ့လာအားတွေနဲ့ ကြိုးစားပမ်းစားရေးသားထားတာတွေကို တွေ့ရတော့အရမ်းဝမ်းသာမိပါတယ်။မြို့ဂုဏ်ကိုဆောင်ရာရောက်တဲ့အတွက် စာရေးဆရာအသင်းအနေနဲ့ စာပေ
ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံးစောင့်ထိန်းသွားပါ့မယ်ဟု မြို့နယ်စာရေးဆရာအသင်း (ဥက္ကဌ) ဒေါ်ခင်ယုနိုင် မှ ပြောကြားသွားခဲ့ပြီး အဆိုပါအခမ်းအနားတွင် ဆုချီးမြှင့်ရာ ပထမ၊ဒုတိယ၊တတိယ ဆုများအပြင် နှစ်သိမ့်
ဆု နှင့် အထူးဆုများကိုပါ ဂုဏ်ပြု ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ပြည်သတင်း...............
0 comments:
Post a Comment