ယဉ်ကျေးမှုဟောပြောပွဲကျင်းပမည်
ယဉ်ကျေးမှုဟောပြောပွဲကျင်းပမည်
**********************
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အမှတ် (၁) အခြေခံပညာအထက်ကျောင်းတွင်
ယဉ်ကျေးမှုဟောပြောပွဲကျင်းပမည် ဖြစ်ကြောင်းသိရှိရပါသည်။ ၄င်း
ယဉ်ကျေးမှုဟောပြောပွဲကို ရွှေဘုန်းပွင့်ဘုရားကြီး၊စာကြည့်တိုက်နှင့်
ပြတိုက် အလုပ်အမှုဆောင်အဖွဲ့မှ ဦးဆောင်ကာ ပြည်မြို့၊ အမှတ် (၁)
အခြေခံပညာအထက်ကျောင်း၊ သီရိရတနာခန်းမတွင် ၂၅.၈.၂၀၁၃ ရက်၊ တနင်္ဂနွေနေ့၊
နေ့လည် (၁) နာရီအချိန်တွင် ကျင်းပမည်ဖြစ်ပါသည်။
၎င်းဟောပြောပွဲတွင် ရှေးဟောင်းသုတေသန အမျိုးသာပြတိုက်နှင့်
စာတိုက်ဦးစီးဌာမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်မှ
သရေခေတ္တရာသမိုင်းနှင့် ရှေးဟောင်းသုတေသနခေါင်းစဉ်ဖြင့်လည်းကောင်း၊
ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်မှ
ပျူမြို့တော်များ၏ ယဉ်ကျေးမှုတန်ဘိုးခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment