Friday, August 23, 2013
ပဲခူး မြစ်ကမ်းတွင် ပုပ်ပွနေသော အမျိုးသား အလောင်းတွေ့
ပဲခူး မြစ်ကမ်းတွင် ပုပ်ပွနေသော အမျိုးသား အလောင်းတွေ့
23/8/2013
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် သရက်ပင်ချောင် ကျေးရွာ အနားရှိ ပဲခူး မြစ်ကမ်းတွင် သြဂုတ် ၂၁ ရက် ညနေ ၅ နာရီခန့်က ပုပ်ပွနေသည့် အသက် ၂၀ ကျော် အမျိုးသား အလောင်းကို တွေ့ရှိခဲ့ကြောင်း အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
ပုပ်ပွနေသော ရုပ်အလောင်းသည် အသက် ၂၅ နှစ်အရွယ်ခန့် ရှိပြီး မြစ်ရေ တက်ချိန်တွင် မျောပါလာ ကာ ရေကျချိန်၌ ကမ်းပေါ်တွင် တင်ကျန် ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရုပ်အလောင်းကို သရက်ပင်ချောင်ရွာ နေသူ များ၏ အကြောင်းကြားချက်အရ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သင်္ဃန်းကျွန်း စံပြ ဆေးရုံသို့ ပိုဆောင်ထားကြောင်း အဆိုပါ အမှုကို စစ်ဆေးသည့် သရက်ပင်ချောင် ရဲစခန်းမှ ရဲအုပ် ဇော်ထွန်းက ပြောကြားသည်။
“ဘာဒဏ်ရာမှ မရှိဘူး။ လူပုံစံက ဘာမှ မပျက်စီးသေးဘူး” ဟု အဆိုပါ ရုပ်အလောင်းကို သွားရောက် စစ်ဆေးသည့် ရဲအရာရှိက ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်၏ စစ်ဆေး စုံစမ်းချက်များအရ သေဆုံးသူသည် သရက်ပင်ချောင် ကျေးရွာနှင့် ရွာနီး တစ်ဝိုက်တွင် နေထိုင်ခြင်း မရှိဘဲ အခြားသော တစ်နေရာမှ ဖြစ်နိုင်ကြောင်း၊ သေသူ၏ မိသားစုဝင်များ သိရှိနိုင်ရန် မြို့နယ် ရဲစခန်း အသီးသီးကို အကြောင်းကြားထားကြောင်း သရက်ပင်ချောင် ရဲစခန်းထံမှ သိရှိရသည်။
အမျိုးသား ရုပ်အလောင်း တွေ့ရှိမှုကို သေမှုသေခင်း အမှတ်စဉ် ၇/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
0 comments:
Post a Comment