Thursday, August 1, 2013
ဝက်ထီးကန်တိုက်နယ် ဆီဆုံကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကိစ္စ ကို ဒေသဆိုင်ရာလူကြီးများနှင့် ကျေးရွာနေသူ များအား ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် မှာသွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့
ဝက်ထီးကန်တိုက်နယ် ဆီဆုံကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကိစ္စ ကို ဒေသဆိုင်ရာလူကြီးများနှင့် ကျေးရွာနေသူ
များအား ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် မှာသွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ (1.8.2013) မနက်(10း00)နာရီ
***************************************************************************************
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့နယ် ၀က်ထီးကန်တိုက်နယ် လွှစဉ်ကျေးရွာအုပ်စု ဆီဆုံကုန်းကျေးရွာ တွင်ကျေး
လက်ကျန်းမာရေးဌာန ဆောက်လုပ်ရန်မြေနေရာ အခက်အခဲပေါ်လာခဲ့သည်။ အဆိုပါမြေနေရာမှာ မြောက်န၀င်းဆည် ပိုင်
မြေနေရာဖြစ်ကြောင်း နှင့် စပ်လျဉ်းပြီးကျေးလက်ကျန်းမာရေးဌာန နှင့် မြောက်န၀င်းဆည်မှ တာဝန်ရှိသူတို့ အကြားမြို့နယ်အုပ်ချုပ်
ရေးမှူးမှ မဟာဗောဓိဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဦးက္ကုန္ဒောဘာသ ရှေ့တော်တွင် ၀င်ရောက်ညှိနိုင်ခြင်းဖြစ်ပါတယ်။ အဆိုပါ
ကျေးလက်ကျန်းမာရေးဌာန မှာယနေ့တန်ဖိုးငွေ (၁၃)သိန်းအကုန်ကျခံပြီး သတ်မှတ်ထားသည့် ထိုမြေနေရာအား မြေများပြုပြင်ခြင်းများပြု
လုပ်ထားပြီးရှိရာ ကျေးလက်ကျန်းမာရေးဌာနသို့ အထက်မှ ထောက်ပံ့ငွေများလည်း ကျရောက်လာလျှက်ရှိရာကျေးလက်ကျန်းမာရေးဌာနဆောက်လုပ်ခါနီးမှ
အဆိုပါမြေနေရာ နှင့် မြောက်န၀င်းဆည်မှ တာဝန်ရှိသူတို့ ခွင့်မပြုခဲ့ဟုတက်ရောက်လာသူ တစ်ဦးမှပြောကြားခဲ့။ ဆည်မြောင်းဌာန မြောက်
န၀င်းဆည်မှ (AE) ဦးတင်စိုး မှ ...ကျွန်တော့အနေနဲ့ဆိုရင် လှူပြစ်မှာပါ ကျေးလက်ကျန်းမာရေးဌာနအတွက်ပဲ ကျွန်တော်ဘက်ကငြင်းစရာမလို
ပါဘူးခင်ဗျာ သို့ပေမဲ့ ကျွန်တော်တို့ ဆည်မြောင်းဌာန ညွှန်ကြားရေးမှူးချူပ် ဦးကျော်စံဝင်း နာမည်နဲ့ထုပ်ပြန်ထားတဲ့ အမိန့်ကြော်ငြာချက်
အရ ရော ဥပဒေ အရရောဒီမြေနေရာကိစ္စက မှာဝင်ရောက်ဖြေရှင်းပေးနေရတာပါ ကျွန်တော့အနေနဲ့ကတော့ လှုပစ်ချင်ပေမဲ့ ကျွန်တော့မြေနေ
ရာမဟုတ်တော့ အထက်ကကြေငြာချက်တွေ ကို ဥပဒေအတိုင်းလိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ် ထို့ကြောင့်လည်းဖြေရှင်းပေးနေရခြင်းပါဟု
မြောက်န၀င်းဆည် မှ (AE)ဦးတင်စိုး မှ ပြန်လည်ပြောကြားခဲ့။ ၀က်ထီးကန်တိုက်နယ် ရဲစခန်းမှ စခန်းမှူး(ယာယီ) ရဲအုပ် ဦးအောင်ရ မှလည်း ပဲခူးတိုင်းဒေသကြီး
မှူ့ခင်းကြိုတင်ကာကွယ်နိုင်ရန် နှင့် မှူ့ခင်းပညာပေးစကားများပြောကြားခဲ့ပြီး မှူ့ခင်းပညာပေးလက်ကမ်းစာစောင်များအား တက်ရောက်သူအင်အား(65)ခန့်များထံသို့ဖြန့်ဝေခဲ့ပါသည်။
ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး မှ ဒီကျေးလက်ဆေးခန်းကိစ္စကို ကျွန်တော့အနေ နှင့် တရားဝင်ခွင့်ပြုချက်ရအောင်လို့ ကြိုးစားပေးပါ့မည်ဟုပြောကြားခဲ့။
ကျေးလက်နေဒေသခံများ နှင့် တက်ရောက်လာသော ဌာနဆိုင်ရာများမှ လူကြီးများကို
ကျေးလက်ကျန်းမာရေးဆိုင်ရာအသိပေးခြင်းများဖြစ်သော.....၀က်ထီးကန်တိုက်နယ်က ဆေးရုံကြီးမှာ ခြုံနွယ်တွေပေါများနေတာကို ဒီကိုလာရင်း
တွေ့မြင်ခဲ့ရပါတယ် ဒါ့ကြောင့် တာဝန်ရှိသူတွေ တာဝန်သိစွာ သွားရောက်ရှင်းလင်းပေးဖို့ ပြောချင်ပါတယ် ခြုံနွယ်တွေကြောင့်ကလေးတွေ သွေးလွန်တုပ်
ကွေး နှင့်ပတ်သက်သော ခြင်အန္တရယ်များပေါများလာနိုင်ကြောင်း နှင့် ကျွန်တော်တိုအထူးသတိပြုရန်မှာ ပြည်ပတခြား နိုင်ငံ
များမှ ရိုးသားသော တောသူ တောင်သားတို့၏ ရပ်ရွာများသို့ လာရောက်ကာ မျက်စိခွဲပေးမယ်။ နှင့် ခွဲစိတ်မှု့အမျိုးမျိုး အယောင်ဆောင်ပြီး ဆေးကုသမှု့အမျိုးမျိုးတို့ကို
တရားမ၀င်လာရောက် ပြုလုပ်လျှက်ရှိပါတယ် သို့ပါသောကြောင့် သိပြီးသူရော မသိသေးသူပါ ရပ်ကွက်/ကျေးရွာ ဒေသဆိုင်ရာအာဏာပိုင်တွေ အထူး
ဂရုပြုစရာလေးတွေရှိလာပါပြီ (ကျွန်တော်တို့ဟာ..ဒေသခံ တွေပါ...အစမ်းသပ်ခံတွေ မဟုတ်ပါဘူး) ဒါ့ကြောင့်မလို့ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်
တရားဝင်လာရောက်ခြင်း ဟုတ် မဟုတ်ကို သေသေချာချာစုံစမ်းပြီးမှ ခွဲစိပ်ကုသမှူ့များပြုလုပ်နိုင်ပါရန် နှင့် သူတို့ နိုင်ငံခြားမှာက သူတို့လူတွေကို စမ်း
သပ်ခွင့်မပြုဘူး ဒါ့ကြေင့် ကျွန်တော်တို့ မြန်မာနိုင်ငံအရပ်ရပ်မှာ ရှိတဲ့ ရိုးသားတဲ့တောသူတောင်သားတွေအပေါ်မှာ အစမ်းသတ်ခံခဲ့ရတာတွေလည်းအများ
ကြီးရှိနေခဲ့ပါတယ် ဟုမြို့နယ်အုပ်ချုပ်ရေးမှူး မှရှင်းလင်းပြောကြားခဲ့...ထို့နောက်တက်ရောက်လာသူများ နှင့်တိုင်ပင်မှူ့များအားပြန်လည်ဖြေကြားခြင်းများ
ဒေသခံတို့၏ ရင်ဆိုင်ကြုံတွေ့နေရသော ကျန်းမာရေး။စီးပွားရေး။ပညာရေး။များနှင့် ကျေးရွာတိုးတက်ရေးများအား ဆွေးနွေးတိုင်ပင်ပြီး မြောက်န၀င်း
ရေလှောင်တမံဆည်ကြီးသို့ သွားရောက် ကြည့်ရူ့စစ်ဆေးပြီးလိုအပ်လျှက်ရှိသော ဆည်ကြီး၏ ကြံ့ခိုင်မှူ့ လက်ရှိဆောင်ရွက်နေပုံများ ရေထုပ်ပြွန်ကြီး
အားပြန်လည်ပြုပြင်မွန်းမံဖို့ များကို သွားရောက်စစ်ဆေးမှူ့များပြုလုပ်ပြီး အဆိုပါစစ်ဆေးမှူ့များတွင် မြောက်န၀င်းဆည် မှ (AE) ဦးတင်စိုး မှ ရှင်းလင်ပြ
သခဲ့ပြီးတွင်အဆိုပါ မြောက်န၀င်းဆည်မှ နေ့လည်(3း00)နာရီအချိန်ခန့်တွင် ပြည်သို့ပြန်လည်ရောက်ရှိကြောင်းသတင်းရရှိခဲ့ပါသည်။...ပြည်သတင်း......
0 comments:
Post a Comment