Thursday, August 29, 2013

၁၀ တန်းကျောင်းသား တို့သည် စာကျက်ဝိုင်းမှ ဆိုင်ကယ်နှင့်ပြန်လာစဉ် အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်ခဲ

Leave a Comment

ငယ်စဉ်မှ အစ တီဗွီဂိမ်းများတွင် အားရပါးရ သက်မဲ့ အရုပ်များဖြင့် သတ်ဖြတ် ရိုက်ပုတ် ကစားခဲ့သော ကလေးများအရွယ်ရောက် ခွန်အားပြည့် လိင်စိတ် နိုးကြွ မာန ထွန်းလာချိန်တွင် လက်တွေ့ မြေပြင်မှာ ရက်စက်စွာ သတ်ဖြတ် ရိုက်ပုတ် ကစားခြင်း အလုပ်ကို မသိစိတ် သိစိတ် တွန်းအားဖြင့် ဂိမ်း ဆက် ကစားကြတော့သည်။
အဖြေကား နိုင်ငံအတွက် အဖိုး မဖြတ်နိုင်သော လူသား သက်ရှိလူငယ်များ ဆုံးရှုံးခြင်း ပင်ဖြစ်ပေသည်။ ဂိမ်းဆိုင်များ ၏ နောက်ဆက်တွဲ အဖြစ် လူငယ် ရာဇ၀တ်မှုများ သောသော ထ အောင် ကြားရ မြင်ရ ပေဦးတော့မည်။
၁၀တန်းကျောင်းသားလေး အုပ်စုဖွဲ့ရိုက်ခံရ၍ သေဆုံးမှု့ဖြစ်ပွား။

30.8.2013

၂၂.၈.၂၀၁၂ ရက်နေ့ ည ၁ဝ နာရီခွဲ အချိန်တွင် စာကျက်ဝိုင်းမှ ပြန်လာသော အထက (၇) ကျောင်းသာ ခွန်အောင်ခမ်းဦး အသက်(၁၆) နှစ် ၊
အောင်သိန်းဦး (၁၆) နှစ် ၁၀ တန်းကျောင်းသား တို့သည် စာကျက်ဝိုင်းမှ ဆိုင်ကယ်နှင့်ပြန်လာစဉ် အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်ခဲ့ ကြပါသည်။

ည ၁၁နာရီ အချိန်တွင် လှည့်ကင်းမှ တွေ့ရှိခဲ့ပြီး စပ်စံထွန်းဆေးရုံသို့ ဆေးကုသခဲ့ပါသည်။ ထိုနောက် ၂၃.၈.၂၀၁၂ မနက် ၁၀ နာရီ အချိန်တွင်
မန်းဒလေး ဆေးရုံကြီးသို့ ဆက်လက်ဆေးကုသခံယူသော်လည်း ညနေ ၇ နာ၇ီ ၄၅ မိနစ် အချိန်တွင် ရိုက်နှက်မှု့ဒဏ်ရာ နှင့်သေဆုံးခဲ့ကြောင်းသိရပါသည်။

လတ်တလော အချိန်တွင် တရာခံပာု ယူဆရသော လူ(၃)ဦး အား ခေါ်ယူစစ်ဆေးနေပြီး ပုဒ်မ ၁၈၇ မှ ပုဒ်မ ၃၀၂
ဖြင့် အမှု့ဖွင့် အရေးယူထားကြောင်း သိရပါသည်။

ယခု သေဆုံးမှု့နှင့်ပက်သက်ပြီး အမည်အဖေါ်လိုသူ ဆရာမ တစ်ဦးပြောကြားချက်အရ ယခုလို တောင်ကြီးတွင် အုပ်စုလိုက်ဝိုင်းရိုက်မှု့များ
ယခင်ကလည်း ခဏခဏ ဖြစ်ပွားလျှက်ရှိသည်ပာုပြောပြပါသည်။

သေဆုံးသူ မိသားစုဘက်မှ အမှု့မှန်ပေါ်ပေါက်ရေးအတွက် မျှော်လင့်လျှက်ရှိပြီး
နောက်နောင် ဒီလို အုပ်စုလိုက်ရိုက်နှက်မှု့ မဖြစ်ပေါ်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း
ကျောင်းသားမိဘတစ်ဦးမှ ပြောပြပါသည်။(ဗိုလ်ကြီးဟောင်း) ကိုနေမျိုးဇင်ဆီမှ ကူးယူဖော်ပြသည်။

နေလင်းသိုက်

0 comments:

Post a Comment

Facebook Like Page