Thursday, August 22, 2013

ပြည်တက္ကသိုလ်ရှေ့ ယာဉ်တိုက်မှုဖြစ် ကားမောင်းသူ ထွက်ပြေး

Leave a Comment

ပြည်တက္ကသိုလ်ရှေ့ ယာဉ်တိုက်မှုဖြစ် ကားမောင်းသူ ထွက်ပြေး
****************************************
(ကျေးဇူးပြု၍ share ပေးကြပါ)

21.8.2013 ည 8 နာရီ 20 ခန့်တွင် ပြည်မြို့ ရွှေတစ်ချောင်းလမ်းမကြီး ပြည်တက္ကသိုလ်ရှေ့တွင် ယဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်တွင် အနောက်မှအရှေ့သို့ ဦးတည်မောင်းနှင်လာသော ဆိုင်ကယ်စီးနင်းသူ အမျိုးသမီးတစ်ဦးအား
အရှေ့မှအနောက်သို့ မောင်းနှင်လာသော မော်ဒယ်မြင့် အိမ်စီးကား အဖြူရောင် (ခန့်မှန်း = TOYOTA / IPSUM / WISH ကဲ့သို့ VAN ကား) တစ်စီးမှ အရှိန်ပြင်းစွာ (ကီိလို 70 ခန့်) ဖြင့် တိုက်မိခဲ့ပါသည်။
အတိုက်ခံရသူ အမျိုးသမီးမှာ ပြည်မြို့၊ တပ်လမ်း၊ တော်ဝင်ရတနာခန်းမအဆောင်တွင်နေသော ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု သိရပါသည်။

အဆိုပါယာဉ်တိုက်မှုတွင် အတိုက်ခံရသူအမျိုးသမီးမှာ ကိုယ်ခန္ဒာတစ်ခြမ်းစုတ်ပြဲပြီး ပွန်းပဲဒဏ်ရာများကြောင့် သွေးများထွက်ခြင်း၊ ခြေထောက်တစ်ဖက် ထိခိုက်ဒဏ်ရာရခြင်း၊ ဦးခေါင်းအနောက်ဘက်တွင် ကွဲအက်ဒဏ်ရာ နှစ်ခုရှိခြင်း စသည်ဖြင့် ထိခိုက်ခဲ့ပါသည်။
ထို့ကြောင့် အနီးရှိ ပြည်သူများမှ နီးစပ်ရာဆေးရုံသို့ အချိန်မှီပို့ဆောင်လိုက်ရကြောင်းသတင်းရရှိပါသည်။

ယခုဖြစ်စဉ်တွင် အိမ်စီးကားမောင်းနှင်သည့် ယာဉ်မောင်းသူမှာ လူသွားလူလာရှုပ်ထွေးသော လမ်းမပေါ်တွင် အရှိန်ပြင်းစွာ (ကီလို 70 ခန့်) မောင်းနှင့်ခြင်း၊ ယာဉ်တိုက်ပြီးသည့်တိုက် အရှိန်မလျှော့ပဲ မောင်းနှင်ထွက်ပြေးသွားခြင်းတို့ကို တွေ့ရပါသည်။
သို့ပါ၍ ပြည်မြို့နှင့်အနီးတ၀ိုက်တွင် မသင်္ကာဖွယ် (ယာဉ်တိုက်မှုဖြစ်ထားသည့် အနေအထား၊ ပွန်းပဲ့ခြစ်ရာများရှိနေခြင်း၊ နောက်ကြည့်မှန်ကွဲနေခြင်း စသည်ဖြင့်) အနေထားမျိုးတွေ့ရှိပါက တာဝန်သိပြည်သူတစ်ဦးအနေဖြင့် နီးစပ်ရာ ရဲစခန်းသို့ သတင်းပေးတိုင်ကြားနိုင်ရန် တင်ပြရခြင်းဖြစ်ပါသည်။

နောက်ဆက်တွဲသတင်းအနေဖြင့် ယနေ့ညတစ်ညတည်းတွင်ပင် ယာဉ်တိုက်မှုစုစုပေါင်း 3 ခုဖြစ်ပွားခဲ့ပြီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်ဖြစ်ပွားသော ယာဉ်တိုကမှုတွင် အတိုက်ခံရသူမှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းသတင်းရရှိပါသည်။

ပြည်သတင်း
www.facebook.com/pyaynews

0 comments:

Post a Comment

Facebook Like Page