မြစ်ကြီးနား သြဂုတ် ၂၃
ကချင်ပြည်နယ်သည် မြေပေါ် သယံဇာတများ၊
တွင်းထွက်ပစ္စည်း ရတနာမျိုးစုံနှင့် စိုက်ပျိုးရေး ဖြစ်ထွန်းသော ဒေသဖြစ်သည့်
အပြင် စက်မှု ထွန်းကားသော တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံများဖြင့်
နယ်နိမိတ်ချင်း ထိစပ် နေသောကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ စီးပွား
ရှာသူများဖြင့် အထူး စည်ကားရာ ဒေသတစ်ခု ဖြစ်ပေသည်။
ကချင်ပြည်နယ်တွင် ကမ္ဘာကျော် ကျောက်စိမ်း
ကျောက်မျက် ရတနာများ အပြင် ရွှေနှင့်အခြားတွင်းထွက် ပစ္စည်းများ၊ ရော်ဘာနှင့်
သစ်မွှေး စိုက်ပျိုးရေး လုပ်ငန်းများ၊ သစ်စေးမှ မြေအောက်အပူရှိန်ကြောင့်
ကျောက်ဖြစ်လာသော ပယင်းကျောက်မျက် ရတနာများလည်း ထွက်ရှိခြင်းကြောင့် အနယ်နယ်
အရပ်ရပ်မှ လူပေါင်းစုံတို့ မျက်စိကျစရာ ဒေသတစ်ခု ဖြစ်ခဲ့ရသည်။
ယခုအခါ မြစ်ကြီးနားမြို့တွင် ပယင်း
ရတနာများ အရောင်းအဝယ် ဖြစ်နေကြသည်ကို မသမာသူ စီးပွားရေးသမား အချို့က
ဈေးကွက် အတွင်းသို့ ပယင်းအတုများဖြင့် လူများ နှစ်ခြိုက် သဘောကျစေရန်
လုပ်ဆောင်၍ စီးပွားရှာနေကြ သည်ကို ယမန်နေ့က သိရသည်။
0 comments:
Post a Comment