Friday, August 23, 2013

မြန်မာနိုင်ငံ အတွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အပါအဝင် နည်းပညာ အခြေပြု လုပ်ကိုင်လျက် ရှိ

Leave a Comment

ရန်ကုန်   သြဂုတ်   ၂၂
မြန်မာနိုင်ငံ အတွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အပါအဝင်  နည်းပညာ အခြေပြု လုပ်ကိုင်လျက် ရှိသော  လုပ်ငန်းများ
အနေဖြင့် တောင်ကိုရီးယား နိုင်ငံမှ နည်းပညာ အကူအညီများ ရယူလိုပါက အွန်လိုင်းမှ တစ်ဆင့် လျှောက်ထားနိုင်ကြောင်း   မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် Gunhong International ကုမ္ပဏီမှ စုံစမ်း သိရသည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများ ပြည်တွင်း၌ အဆင့်မြင့် နည်းပညာများဖြင့် လုပ်ငန်း လုပ်ကိုင်ရာတွင် တိုးတက် ဖွံ့ဖြိုးမှု ရရှိစေရန် ကူညီခြင်း ဖြစ်ကြောင်း၊ ယင်းကူညီမှုကို  တောင်ကိုရီးယား စက်မှုနည်းပညာ တက္ကသိုလ်မှ  နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုနှင့် အတူ အကူအညီ ပေးခြင်း ဖြစ်ကြောင်း သိရသည်။
''လုပ်ငန်းလုပ်ကိုင်သူတွေဟာ လုပ်ငန်းခွင် အတွင်းမှာ ရှိနေတဲ့ နည်းပညာ အခက်အခဲများကို အွန်လိုင်းကနေ တစ်ဆင့် လျှောက်ထားနိုင် ပါတယ်။ ပေးပို့ လာတဲ့ နည်းပညာ အခက်အခဲတွေ ကို  ကူညီ ဖြေရှင်းမှုတွေ လုပ်ပေးမှာပါ''  ဟု Gunhong International ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ အင်ဂျင်နီယာပိုင်း ဆိုင်ရာ လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ အပါအဝင် နည်းပညာ အခြေပြု  အသေးစားနှင့် အလတ်စား လုပ်ငန်းများ အနေဖြင့် ကုမ္ပဏီသို့ လူကိုယ်တိုင် လျှောက်ထားမှု အခက်အခဲရှိပါက အွန်လိုင်းမှ တစ်ဆင့်  egunhong @ gmail.com  သို့ဆက်သွယ် လျှောက်ထားနိုင်ပြီး   သြဂုတ်လ နောက်ဆုံးထား၍  လျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Facebook Like Page