Friday, August 9, 2013

သီး(၄)သီးအဖွဲ့ မှ ကိုပန်းသီး အား ပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(8.8.2013)

Leave a Comment
8888 (၂၅) နှစ်ပြည့် ငွေရတုအခမ်းအနားတွင် ပြည်ခရိုင်မှ နိုင်ငံရေးသမားများ နိုင်ကျဉ်းများနှင့် အရပ်ဖက်အဖွဲ့စည်းပေါင်းစုံများ နှင့် ဟာသသရုပ်ဆောင်များကို ပြည်သတင်းမှ ယခုလို တွေဆုံမေးမြန်းခဲ့ပါတယ်...
************************************************
သီး(၄)သီးအဖွဲ့ မှ ကိုပန်းသီး အား ပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(8.8.2013)
***************************************************
ဒီအခမ်းအနားကို တက်ရောက်ရတဲ့ရည်ရွယ်ချက်ကတော့ မိသားစု မိတ်ဆွေတွေ ရဲဖော်ရဲဘက် မဟုတ်ပါဘူး မိသားစု မိတ်ဆွေ မိဘအဖေအမေ နီုင်ငံရေးသမားတွေနဲ့ တွေ့ဆုံရင်း ဒီအခမ်းအနားမှာ ပြသထားတဲ့ ကျွန်တော်တို့ မသိသေးတဲ့ မမြင်ဘူးသေးတဲ့
ဓါတ်ပုံပြခမ်းထဲ ကပုံရိပ်တွေ ဓါတ်ပုံတွေကိုပါ လာရောက်လေ့လာခြင်းဖြစ်ပါတယ်။ ကျွန်တော့တစ်သက်မှာ မေ့လို့မရတဲ့(88)ပါ အဲတုန်းက အဖြစ်အပျက်လေးတစ်ခု မှတ်မှတ်ရရ ရှိခဲ့ပါသေးတယ် အဲတုန်းက ကျွန်တော်က (10)နှစ်သားလောက်ပဲရှိပါသေးတယ်
ကျောင်းသားကလေးပါ ပန်တျာ ကျောင်းလည်းတက်နေချိန်ပေါ့ စစ်တပ်က စစ်သားတွေက ကျွန်တော့ရှေ့မှာတင်ပဲ ပြည်သူတေါကို ပစ်သတ်နေခဲ့တာတွေ အမျိုးမျိုးအစုံစုံပါပဲ အဲလိုတွေကို ကြည့်မိရင်း အဲအချိန်က အရမ်းကြောက်လွန်းလို့ ကျွန်တော် အနားမှာ
ရှိနေတဲ့ မြောင်းထဲမှာတောင်ခုန်ဆင်း ပုန်းနေခဲ့ရပါတယ် ။အဲဒါကတော့ အမှတ်တရတွေထဲက တစ်ခုပါ။ အဓိက ကတော့သမိုင်းကြောင်းတွေကို လူငယ်တွေသိနေသင့်ပါတယ် တချို့ပြည်သူတွေေ၇ာပေါ့ ဒီ 88 သမိုင်းတွေကို လူငယ်တွေနဲ ပြည်သူတွေသိထား
ကြည့်ထားတော့ အဲဒါတွေကို သင်ခန်းစာယူသင့်ပါတယ်လို့ပြောခြင်ပါတယ်။ ဒီပွဲကြီးကို ကျွန်တော်တို့ ကြိုတင်မသိခဲ့ပါဘူး ကြိုတင်သိခဲ့ရင်ဒီလိုပွဲမျိုးမှာ ကျွန်တော်တို့ အနုပညာတွေနဲ့အားရပါးရ ကြိုးစားပြီး ဖျော်ဖြေတင်ဆက်ခြင်ပါတယ်။လက်ရှိလှုပ်ရှားနေတာ
ကတော့ ကျွန်တော်ကားတွေရိုက်နေပါတယ် ပြီးခဲ့တဲ့ တစ်ရက်လောက်ကပါ ကားနာမည်က (19း နာရီ 19းမိနစ် 19းစက္ကန့်)ဆိုတဲ့ဇာက်ကားပါ။ အဲကားပြီးရင် မန်းလေးမှာ ကျွန်တော့ တစ်ကိုယ်တော် ရှိုးဒုတိယ ရှိုးကိုအောက်တိုဘာလထဲမှာ ကျင်းပဖို့ရှိပါတယ်
လို့ပြောကြားသွားခဲ့ပါသည်။ ပြည်သတင်း.....

0 comments:

Post a Comment

Facebook Like Page