ကုလသမဂ္ဂ အနေဖြင့် ၂၀၃၀ ခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှုများ ပပျောက်ရေး
အတွက် ရည်မှန်းချက် ချမှတ် ဆောင်ရွက်သွားရန် ဗြိတိန်နိုင်ငံ ၊
အင်ဒိုနီးရှား နိုင်ငံနှင့် လိုင်ဘေးရီးယား နိုင်ငံ ခေါင်းဆောင် များမှ
တိုက်တွန်း ပြောကြားလိုက်သည်။
၂၀၁၅ ခုနှစ်အတွက် ရည်မှန်းချက်ထားခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ၏ ထောင်စုနှစ်
ပန်းတိုင်များတွင် အဆိုပါ အချက်အား အစားထိုး ထည့်သွင်းရန် အင်ဒိုနီးရှား
သမ္မတ ဆူစီလိုဘန်းဘန်း ၊ လိုင်ဘေးရီးယား သမ္မတ အီလန်နှင့် ဗြိတိန်
ဝန်ကြီးချုပ် ဒေးဗစ်ကန်မရွန်တို့မှ စာတမ်းတစ်စောင် ပြုစုကာ ကုလသမဂ္ဂ အထွေထွေ
အတွင်းရေးမှူး ဘန်ကီမွန်းထံသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့
အဆိုးရွားဆုံး ဆင်းရဲမှုကို လျှော့ချနိုင်ရန် စီးပွားရေး လုပ်ငန်းများ
လုပ်ဆောင်ခြင်းဖြင့် ပြောင်းလဲရန် ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင်
အခွင့်အလမ်းများ တိုးတက်ရန် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ထားရှိ
သတ်မှတ်ပြီး နိုင်ငံအစိုးရများ အချင်းချင်းမှလည်း လက်တွဲ ပါဝင် ဆောင်ရွက်
သွားရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
0 comments:
Post a Comment