Tuesday, July 16, 2013

ရွှေတောင်ဆန္ဒပြ ဒုတိယ သတင်း......

Leave a Comment
ပဲခူးတိုင်ဒေသကြီး အနောက် ပြည်ခရိုင် ရွှေတောင်မြို့တွင် ဆန္ဒပြခဲ့ (16.7.2013)

အဆိုပါဆန္ဒပြရာတွင် 16.7.2013 ရက်နေ့ မနက် ၉း၀၀ နာရီအချိန်တွင် ပြည်ရန်ကုန်လမ်းမကြီး ဘုရားနီဘုရားအနီးရွှေတောင်မြို့မှ
 စတင်ပြီး ပြည်ရန်ကုန်လမ်းမကြီးအတိုင်း (၁) မိုင်ခန့်

လမ်းလျှောက်ပြီး ရွှေတောင်မြို့ ပေါက်လမ်း ရွှေတောင်ချည်မျှင်အထည်စက်ရုံ
ပေါက်သို့ သွားရောက်ဆန္ဒပြတောင်းဆိုခဲ့ပါတယ် ကိုင်ဆောင်သော ဗင်နိုင်းများ ကြွေးကြော်သံများကတော့ ၁။ သိမ်းဆည်းခံ လယ်












ယာမြေ များပြန်လည်ရရှိရေး (ဒို့အရေး).....၂။ အမြန်ဆုံး ဖြေရှင်းပေးပါရန်တောင်းဆိုပါတယ် ဆိုသော ကြွေးကြော်သံများ ဗင်နိုင်းများ
ကို ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ပါသည် ရွှေတောင်ချည်မျှင်စက်ရုံက သိမ်းထားတဲ့ လယ်ယာမြေဧကပေါင်း(၇၀၀)ကျော်အတွက် အခုလို
ဆန္ဒပြတောင်းဆိုခဲ့တာပါ အသိမ်းခံထားရတဲ့ လယ်ယာမြေ ဧကပေါင်း(၇၀၀)ကျော်ထဲမ  ဧကပေါင်း (၄၀၀)ကျော်ကို စက်ရုံတည်ဆောက်
ပြီးနေရာများချထားပြီး ကျန်တဲ့လယ်ယာမြေဧကပေါင်း(၃၀၀) ကိုတော့ ဘာမှအသုံးမပြုပဲ ဒီအတိုင်းကြီးပြစ်ထားခဲ့ကြပါတယ် ဘာပဲဖြစ်ဖြစ်
ပေါ့ဗျာ လယ်သမားတွေဆီက မတရားသိမ်းပိုက်ထားတဲ့လယ်တွေယာတွေဟာ ကျွန်တော်တို့ တောင်သူလယ်သမားတွေရဲ့ အသက်သွေး
ကြောတွေပါပဲ ဒီလယ်တွေကို ပြန်ရဖို့ ဌာနဆိုင်ရာတွေကို အထပ်ထပ်အခါအခါ စာတွေတင်တောင်းဆိုခဲ့ပါတယ် ဘယ်ဌာနကမှ ပြန်လည်
ရရှိအောင်လုပ်ဆောင်နိုင်စွမ်း မရှိခဲ့တာကြောင့် အခုလို လမ်းမပေါ်ထွက်ပြီးဆန္ဒပြတောင်းဆိုခဲ့ရတာပါ ဒီလယ် ယာတွေအသိမ်းခံရတဲ့နောက်
ပိုင်းမှာ ဘ၀တွေပျက် အများကြီးပါပဲဗျာ ပြီးတာတွေပြန်ပြောနေရင် စိတ်မကောင်းတာတွေချည်းပါပဲ အခု မိမိတို့ပိုင်ဆိုင်လုပ်ပိုင်ခွင့်တွေကို
ပြန်လည်ရရှိအောင် မြန်မာသိ ဌာနဆိုင်ရာတွေသိအောင် ပြုလုပ်ခဲ့ရတာပါ ခွင့်ပြုမိန့်ကတော့ ရပါတယ် ရရ မရရ ရင်ထဲကဆန္ဒတွေကိုတော့
ထုတ်ဖော်ပြရမှာပါပဲ တစ်ခုပဲတောင်းဆိုခြင်ပါတယ် ကျွန်တော်တို့လယ်တွေယာတွေ ဟာမတရားအသိမ်းခံရတာတွေချည်းပါပဲ လို့ ဆန္ဒပြ
ဦးဆောင်ပါဝင်သူ ဦးဝင်းနိုင် ပေါင်းတည်တန်းလမ်း နေသူမှ ပြည်သတင်းသို့ထုတ်ဖော်ပြောကြားခဲ့ပါတယ် ထို့နောက် အသိမ်းခံခဲ့ရတဲ့ အထဲ
လယ်မြေဧက (၇.၄၂)ဧက အသိမ်းခံရသူ ဆရာတော် ဦးဝရ လေးကျွန်းဆီမီးသာသနာ့ပါရ ကျောင်း ခ.လ.ရ ၁၄ အနီး ၏ပြည်သတင်းသို့ရင်
ဖွင့်ချက်.....ဦးဇင်းက သင်္ကန်းဝတ်နဲ့ဆိုတော့ ဒီဆန္ဒပြမှု့အထဲမှာတော့မပါဘူးပေါ့ ဒါပေမဲ့ ဦးဇင်း လူဝတ်နဲ့တုန်းကသူတို့သိမ်းခဲ့ကြတဲ့ ဦးဇင်း
ရဲ့လယ်မြေ ဧက (၇.၄၂)ဧက ပါဝင်နေပါတယ် သို့ပေမဲ့ အဲလိုတွေလယ်တွေဆုံးရှုံးသွားခဲ့လို့ ဦးဇင်းတို့ မိသားစု ဘ၀တစ်ခု ပြိုပျက်ခဲ့ရပါတယ်
ဒကာလေးရယ်  အဆိုးဆုံးကတော့ အဲလိုတွေစီးပွားရေးတွေပျက်သွားခဲ့လို့ အဲစိတ်နဲ့ပဲ ဦးဇင်းရဲ့ သမီးလေး ရူးသွားခဲ့ပါတယ် အရမ်းရက်စက်ကြ
တယ် ထားပါတော့ ပြီးတာတွေလည်း ပြီးခဲ့ပါပြီ ကံပဲပေါ့ဗျာ ရချိန်တန်လာရင်တော့ ပြန်ရမှာပါ အမှန်တရားကို မြတ်နိုးကြတယ်ဆိုရင်တော့ အခုအ
သိမ်းခံခဲ့ရတဲ့ ဦးဇင်းရဲ့လယ်မြေတွေအပါအ၀င် စုစုပေါင်းလယ်မြေဧက(၇၀၀)ကျော်ဟာ မူလပိုင်ရှင်တွေဆီကိုပဲ ပြန်လည်ရရှိလာလိမ့်မယ်လို့ မျှော်
လင့်မိပါတယ် ဦးဇင်း လူဝတ်တုန်းကနာမည်ကတော့ (ဦးရဲကျော်)ပါ လို့   ပြည်သတင်းအား  ၀မ်းနည်းစွာဖြေကြားခဲ့ပါတယ် ........အဆိုပါဆန္ဒ
ပြမှု့ကို ရွှေတောင်ချည်မျှင်အထည်စက်ရုံ ရှေ့မှာပဲ မနက်(၁၁း၀၀)နာရီခန့်မှာ ဆန္ဒထုတ်ဖော်မှု့ ပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်....ပြည်သတင်း...



0 comments:

Post a Comment

Facebook Like Page