Thursday, December 17, 2015

အထူးကျေးဇူးတင်လွှာ



အထူးကျေးဇူးတင်ရှိပါတယ် ပြည်မြို့သူမြို့သားအပေါင်းတို့ခင်ဗျား
အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးရှောင်ပြည်သူများရဲ့ ပူပင်သောကတွေကို တက်နိုင်သလောက် ငြိမ်းအေးပေးနိုင်တော့မှာဖြစ်ပါတယ်၊ပြည်မြို့သူမြို့သားစေတနာရှင် အပေါင်းတို့ရဲ့ စုပေါင်းအလျှူခံရရှိငွေ သိန်း တစ်ရာကျောက်ရရှိပါတယ်၊စုစုပေါင်း ၁၀၇၂၆၅၈၀ ကျပ်ကော်ခံရရှိပါတယ်၊ဒီအထဲမှာ ပေါက်ခေါင်းမြို့နယ်စုပေါင်းအလျှုခံအဖွဲ့နဲ့ အလျှုခံရရှိငွေ ဆယ်သုံးသိန်းကျော်လဲပါပါတယ်ခင်ဗျ၊ပြည်မြို့သူမြို့သားတို့ရဲ့ စုပေါင်းတဲ့ အင်အား အလျှူရှင်တွေရဲ့စေတနာဟာ အားရစရာဖြစ်သလို ဂုဏ်ယူဝမ်းမြောက် ပီတိဖြစ်ဖြစ်မိပါတယ်၊စုပေါင်း အလျှူခံကော်မတီအဖွဲ့အနေနဲ့ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူများရဲ့ လက်ထဲအရောက် အလျှုငွေတွေကို သွားရောက်လျှူဒါန်းဖို့ ယနေည(ဒီဇင်ဘာ ၁၈ရက်) မှာ ပြည်မြို့ကနေ စတင်ထွက်ခွါပါတော့မယ်၊ထပ်မံပြောပြလိုတာကတော့ ပြည်မြို့ရဲ့ စုပေါင်းခြင်း၊စည်းလုံးခြင်းကိုပြသနိုင်ခဲ့တယ်၊ ယခုလိုစစ်ဘေးရှောင်ပြည်သူများအတွက် အလျှုခံငွေ သိန်းတစ်ရာကျော်အထိ လျှူဒါန်းခဲ့ကြသော အလျှူရှင် စေတနာရှင် အပေါင်းကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းခင်ဗျား……..။

ပြည်မြို့၏စုပေါင်းအလျှုခံအဖွဲ့ကော်မတီ


No comments:

Post a Comment