သရ၀ဏ်(ပြည်)
မြန်မာပြည်တနံတလျား နိုင်ငံခြားသားများနှင်.သွားလာခဲ.ရာတွင်ကားလမ်းပေါ်၌်မကြာခနတွေ.မြင်ရသောမြင်ကွင်းမှာ လမ်းပြင်နေကြသောအလုပ်သမားများဖြစ်သည် ။ များသောအားဖြင်. လမ်းပြင်အလုပ်သမားများမှာ အမျိုးသမီးငယ်များ ဖြစ်ကြပါသည် ။ သူတို.သည် လမ်းခင်းမည်. (သို.မဟုတ်)လမ်းဖာမည်. နေရာတွင် ကျောက်ခဲလေးများကို လက်ဖြင်. တခုချင်းယူ၍နေရာချနေကြပါသည် ။ မိန်းကလေး၊လေးငါးယောက်သည် နေပူထဲတွင်ကျောက်ခဲများကိုဗလာသက်သက်လက်ချည်း ခင်းနေကြသောမြင်ကွင်းကိုမြင်ရလျှင် အနောက်တိုင်းသားကမ္ဘာလှည်.ခရီးသည်များသည် ကဏာမငြိမ်ပါပြီ ။ ကားကိုရပ်ကာ အတော်မသတ်အောင်ဓါတ်ပုံရိုက်ကြပြီ ။ထို.နောက်အောက်ပါစကားများကိုလည်း အချင်းချင်းပြောကြပါသေးသည် ။
“ လာကြည်.စမ်းဟေ. စက်ယန္တယားမပါပဲ ကျောက်ခဲတွေကိုလက်နဲ.ကိုင်ပြီးခင်းနေတယ် “
“ ဒို.နိုင်ငံမှာ ဒါမျိုးမတွေ.ရတော.တာ အနှစ်ငါးဆယ်လောက်ရှိပြီ “
“ ဒို.ဘိုးဘွားတွေလက်ထက်ကတော. ဒါမျိုးလုပ်တာ တွေ.ဖူးတယ် “
ထိုသို.တအံ.တသြဖြစ်ပြနေကာမှ ကျွန်တော်တို.လမ်းပြင်လုပ်သားအဖွဲ.များသည် ရေပန်းလို ကရားကြီးထဲတွင် ဆူပွက်နေသောကတ္တရာကိုထည်.၍ လမ်းပေါ်တွင်စုန်ကာဆန်ကာ ပန်းပင်ရေဖျန်းသလိုလိုက်ဖျန်းနေကြတာလည်းတွေ.ရမည်ဖြစ်သည် ။ သူတို.နှင်.မလှမ်းမကမ်းတွင်တော. ကတ္တရာစေးတိုင်ကီကြီးတခုကို ကားတာယာ ၊ထင်းစသည်များဖြင်. မီးတိုက်၍ အရည်ပျော်အောင် ကျိုချက်နေကြသည်များကိုလည်းတွေ.ရမည်ဖြစ်သည် ။ ခပ်လှမ်းလှမ်းတွင်တော. ရပ်ထားတာကြာပြီဖြစ်သော လမ်းကြိတ်စက်တစီးတလေကို တခါတရံတွေ.မြင်ရမည်ဖြစ်သည် ။ ဤမြင်ကွင်းများသည် တနေရာမှာသာမဟုတ် မြန်မာပြည်အနှံ. နေရာမရွေးတွေ.မြင်ရလေ.ရှိသောမြင်ကွင်းဖြစ်ပါသည် ။ ထိုမြင်ကွင်းနှင်.အတူ နေပူကျဲတဲဝယ် ကျောက်တုံးကြီးများကို ချွေးဒီးဒီးကျနေသောအမျိုးသားများက ဆယ်ပေါင်တူကြီးဖြင်. တစစီဖြစ်အောင်ထုခွဲနေကြသည်များကိုလည်းတွေ.မြင် နိုင်မည်ဖြစ်သည် ။ယောက်ကျားလေးများက ကျောက်တုံးများကိုတူဖြင်.ထုသည် ။ မိန်းကလေးများကလက်ဖြင်.ကိုင်ကာကျောက်တုံးလေးများကို လမ်းပေါ်တွင် ညီညီညာညာဖြစ်အောင်ထပ်ပေးသည် ။ လမ်းကြိတ်စက်ဖြင်.ကြိတ်ပြီးသောနေရာတွင် ယောက်ကျားလေးတဦးက ကတ္တရာအရည်ပျော်ထားသော ကရားကြီးလက်ကကိုင်ကာလိုက်ဖျန်းမည် ။ ထိုဖျန်းထားသောကတ္တရာပါးပါးအပေါ်တွင် မိန်းကလေးများက သဲများ၊ကျောက်မှုန်.များဖြင်.လိုက်လံဖုံးအုပ်မည် ။ဤသည်မှာအမြဲလိုပင်တွေ.မြင်နေရသော ကျွန်တော်တို.နိုင်ငံမှ အလုပ်ခွင်မြင်ကွင်းဖြစ်သည် ။ထိုမြင်ကွင်းများကိုအထူးအဆန်းလုပ်ကာတိုးရစ်များက ကြည်.ကြရှုကြ ဓါတ်ပုံရိုက်ကြတိုင်း မြန်မာတယောက်အနေနှင်.ကျွန်တော်ရှက်ရွံ.ရသည် ။ ကျွန်တော်.အဖိုးအဖွားများလက်ထက်ကလည်း ဤသို.ပင်လက်နှင်.လမ်းခင်းခဲ.ကြသည် ။ ကျွန်တော်အဖေ အမေ လက်ထက်တွင်လည်း လက်ဖြင်.ပင်ကျောက်ခဲများကိုထုခွဲခဲ.ကြသည် ။ ကျွန်တော်တို.လက်ထက်တွင်လည်း ကတ္တရာစီးများကို မီးရှို.ကာလက်ဖြင်.ဖျန်းခဲ.ကြသည် ။ ကျွန်တော်တို.သားသမီးတွေလက်ထက်မှာ ရော ဒီလိုပဲဆက်လုပ်ကြမည်လား ။ မြေးမြစ်တွေလက်ထက်မှာရော ဒီအတိုင်းဆက်သွားမလား ။
ကျွန်တော်တို.နိုင်ငံသည် ကျောက်ခွဲစက် ၊ လမ်းကြိတ်စက် ၊ ကတ္တရာဖျန်းစက် ၊ နိုင်လွန်ကတ္တရာခင်းစက် ၊ မြေတူးစက် ၊ မြေကော်စက် တို.ကို မမြင်ဖူးမသုံးဖူးကြ၍လော ။ မ၀ယ်နိုင်ကြခြင်းလော ။ ဤသို.တော.မဟုတ်နိုင် ရန်ကုန်မှာလမ်းခင်းလျှင် စက်များဖြင်.သာခင်းတာများသည် ။ နေပြည်တော်လမ်းမကြီးတွေခင်းလျှင်စက်များဖြင်.သာခင်းကြသည် ။ ဖားကန်.တွင် ကျောက်စိမ်းတူးသောအခါ သုံးလိုက်ကြသောမြေတူးစက် ၊မြေကော်စက် ၊ မြေစာသယ်စက်များမှာ များလွန်းသဖြင်. ဘယ်နှစ်စီးရှိမှန်းပင် ကချင်ပြည်နယ်အစိုးရကမသိပါတဲ. ။ လမ်းဖျက်ရာ ၊တောင်ဖြိုရာတွင်တော. စက်မှုနည်းပညာများ ပုံအောအသုံးပြုပြီး လမ်းဖောက် လမ်းပြင်ရာမှာတော. ၁၉ ရာစုကနည်းတွေကိုသုံးနေကြတာ ရင်နာဖို.ကောင်းပေသည် ။ ဒါဆိုလျှင် မြန်မာပြည်တလွှားမှဆောက်လုပ်ရေးလုပ်ငန်းတွင် လိုအပ်သောစက်ယန္တယားများ ဘာကြောင်.အသုံးမပြုသနည်း ။ငွေမရှိ၍လား ၊ စေတနာမရှိ၍လား ၊ နည်းပညာကိုနားမလည်လို.လားဟုမေးစရာရှိလာပေသည် ။ ငွေမရှိ၍ဆိုလျှင် ကျောက်မျက်တူးဖော်ရေးမှရသောဝင်ငွေဒေါ်လာသန်းပေါင်းများစွာ ၊ သဘာဝဓါတ်ငွေ.မှရသောဒေါ်လာသန်းပေါင်းများစွာ ၊ ကြေးနီတူးဖော်ရေးမှရသောဒေါ်လာသန်းပေါင်းများစွာ ၊ရွှေတွင်းများမှ ၊ ကျွန်းသစ်နှင်. အခြားသစ်မာများမှရရှိသောဒေါ်လာသန်းပေါင်းများစွာ သည် အဘယ်အရပ်သို.ရောက်သွားသနည်း ။ နည်ပညာမဖွံ.ဖြိုးခင်ခေတ်က လယ်ကွင်းထဲမှာနွားနှင်.ဖက်၍အလုပ်လုပ်နေတာ ၊ လမ်းပေါ်တွင် လူအင်အားဖြင်. လမ်းခင်းကြတာတွေသည် ကြည်.လို.ကောင်း ၊မြင်လို.ကောင်း ၊ နားလည်ပေး၍ကောင်းသော်လည်း အင်္ဂါဂြိုဟ်သို. အာသာယယာဉ်ပင်စေလွှတ်နေပြီဖြစ်သောယခုခေတ်ဝယ် မြင်ရတွေ.ရတာ မသင်.လျော်တော.ပါ ။ ဖြစ်ကိုမဖြစ်သင်.တော.ပါ ။ နည်းပညာအရာမှာနိုင်ငံတကာထက်နှစ်ပေါင်း (၅၀)လောက်နောက်ကျကျန်နေခဲ.ခြင်းသည် ။နိုင်ငံသားများအတွက်ဝမ်းနည်းဖွယ်ကောင်းပြီး ၊အုပ်ချုပ်သူအစိုးရအတွက်ရှက်ဖွယ်ကောင်းပါသည် ။ သမ္မတအိမ်တော်သည်ဖိတ်ဖိတ်တောက်နေသော်လည်း လမ်းပေါ်တွင်ခဲလုံးကလေးများကိုလက်ဖြင်.တလုံးချင်းကိုင်၍လမ်းခင်းနေသူများရှိနေသေးသရွေ. ထိုနေရာကွက်ကြား ခမ်းနားမှုက ဦးနှောက်ရှိသူမည်သူ.ကိုမှ အထင်ကြီးစေနိုင်မည်မဟုတ်ချေ ။ အကယ်စစ်စစ် လမ်းခင်းရာတွင် ထိုင်း ၊မလေးရှား ၊စင်္ကာပူအပါအ၀င် နိုင်ငံအတော်များများသည် လူ၏လုပ်အားသက်သက်ဖြင်. မြန်မာနိုင်ငံလို လက်ဖြင်.တစချင်းကျောက်ခဲများကိုကောက်ကိုင်နေသည်.လုပ်ရပ်မျိုးမည်သည်.နိုင်ငံမှာမှမရှိတော.ပါ ။ ခေတ်မီလမ်းခင်းစက်များကိုသုံးနေကြပြီဖြစ်သည် ။
ပြီးခဲ.သော ဒီဇင်ဘာ ၆ ရက်နေ.ကကျွန်တော်သည် ဓနုဖြူမြို.သို. စာပေဟောပြောပွဲဖိတ်၍ရောက်ခဲ.ပါသည် ။ ဟောပြောပွဲပြီးနောက်တနေ.တွင်မြို.ခံများက စစ်သူကြီးမဟာဗန္စုလ ကျဆုံးခဲ.သည်. နေရာနှင်.ခံတပ်ဟောင်းကိုလိုက်ပြ၏ ။ မဟာဗန္စုလလို ရဲရင်.သော စစ်သေနာပတိတယောက်ပထမအင်္ဂလိပ်၊မြန်မာစစ်ပွဲတွင် အလွယ်တကူကျဆုံးခဲ.ရခြင်းမှာ ရင်နာစရာဖြစ်သည် ။ မဟာဗန္စုလသည် အာသံပြည်နှင်.ဘင်္ဂလားနယ်စပ်တို.၌ ဗြိတိသျှတပ်များကိုတိုက်ခိုက်အနိုင်ယူလာသူဖြစ်သည် ။ ထို.ကြောင်. သူရန်ကုန်ရောက်လာသောအခါ အောက်ပါစကားကိုသာယာဝတီမင်းသားအား ရဲရဲတောက်ပြောခဲ.၏ ။
“ကြည်.နေပါ ၊ ယနေ.မှ ၈ ရက်မြောက်လျှင် ရန်ကုန်ကိုသိမ်းပြီး လွှတ်တော်ရုံးမှာ စားပွဲထိုင်မယ် ၊ပြီးတော.ရွှေတိဂုံဘုရားကိုတက်ဖူးမယ် “
ထိုအချိန်တွင် ရန်ကုန်ကျိုက္ကလို.ဘုရားကုန်းတော်တိုက်ပွဲတွင် အင်္ဂလိပ်စစ်တပ်ကိုအနိုင်တိုက်ခဲ.သော သာယာဝတီမင်းသားသည် အင်္ဂလိပ်တို.၏လက်နက်နှင်.နည်းပညာ သာလွန်မှုကိုကောင်းစွာသဘောပေါက်ပြီးဖြစ်သည် ။ ထို.ကြောင်. မျိုးချစ်စိတ်ဖြင်.ကြုံးဝါးနေသော မဟာဗန္စုလအား သာယာဝတီမင်းသားက
“ စစ်သူကြီးပြောတဲအတိုင်းအောင်မြင်ပါစေဗျာ ၊ တော်ကြာတော.သာထွက်ပြေးရတယ်မကြားပါရစေနဲ. ၊ကျုပ်တွေ.ရသလောက်မှာတော. ဒီကုလားတွေက ပိုကြမ်းတယ် ၊ရမ်းတယ်ဆိုတာ တိုက်ပွဲအတွေ.အကြုံအနေနှင်.ပြောပြတာပါ “
ဟုဆိုခဲ.သည် ။ တကယ်တိုက်သောအခါ သာယာဝတီမင်းသားသတိပေးသလိုပင် ရန်ကုန်တိုက်ပွဲတွင် မဟာဗန္စုလသည် ပုဇွန်တောင်ဘက်သို.ဆုတ်ခွာခဲ.ရ၏ ။ ဗန္စုလ၏ ရန်ကုန်ကိုသိမ်းရေးအစီအစဉ်မှာအထမမြောက်သောကြောင်. ဓနုဖြူသို.ဆုတ်ခွာရသည် ။ ဓနုဖြူတွင် အင်္ဂလိပ်တို.နှင်. အကြီးအကျယ်တိုက်ပွဲဖြစ်သည် ။ မဟာဗန္စုလသည် ဓနုဖြူမြို. ရှေးတလိုင်းမင်းတို.၏ခံတပ်အဟောင်း မြို.ရိုးနေရာမှအခိုင်အမာ ခံစစ်ပြင်သည် ။ အင်္ဂလိပ်တို.မှာလည်း မြို.ရိုးခံတပ်မြောက်ဘက် ရွှေရောင်ပြဘုရားတွင်တပ်စွဲပြီး အမြောက် ဗုံးဆံများ (လက်နက်ကြီးများ) ဖြင်. အဝေးမှပစ်လွှတ်တိုက်ခိုက်သည် ။ စစ်ရေးစစ်ရာကြွယ်ဝလှသောစစ်သူကြီးမဟာဗန္စုလသည် အင်္ဂလိပ်တို.မိမိထက်လက်နက်အင်အားနှင်.နည်းပညာသာလွန်နေသည်ကို သဘောပေါက်ခဲ.ပြီဖြစ်သည်။ သို.သော် ဆုတ်ခွာထွက်ပြေးခဲ.လျှင် မြန်မာ.ရာဇ၀င်ရိုင်းမည်.အပြင် နောက်လိုက်နောက်ပါ တပ်ကဲတပ်မှူးအကြပ်တပ်သားများ စိတ်ဓာတ်ကျမည်စိုးသောကြောင်. ခံတပ်ထဲမှဆုတ်ခွာထွက်မပြေးပဲ ကြံ.ကြံ.ခိုင်ရင်ဆိုင်ခဲ.ခြင်းမှာချီးကျူးဖွယ်ဖြစ်သည် ။ ထိုသို.ခံတပ်ထဲတွင်နေရင်း မြို.ရိုးခံတပ်၏အနောက်မြောက်ဘက် ကျုံးအနီး ကြက်တိုက်ကုန်း၌ ရန်သူ.ဗုံးဆံသင်.၍ အသက်(၄၂)နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၁၈၆ ခုနှစ် နှောင်းတန်ခူး လဆန်း (၁၃)ရက်နေ. (ခရစ်နှစ် ၁၈၂၅ ဧပြီလ ၁ ရက်နေ. ) နံနက်ဆယ်နာရီတွင် သူရဲကောင်းပီသစွာတိုင်းပြည်အတွက်အသက်စွန်.ခဲ.သည် ။
အကယ်စင်စစ် ၊ မဟာဗန္စုလကျဆုံးခဲ.ရခြင်းမှာ မျိုးချစ်စိတ်ချို.တဲ.ခြင်းကြောင်.မဟုတ် ၊ အင်္ဂလိပ်တို.ကဲ.သို. အမြောက်လက်နက်ကြီးများတီထွင်နိုင်သော နည်းပညာချို.တဲ.ခဲ.သောကြောင်.သာဖြစ်သည် ။ အကယ်စင်စစ် အင်္ဂလိပ်ကိုတော်လှန်တိုက်ခိုက်တာခြင်းအတူတူ အမေရိကန်ဗိုလ်ချုပ်ကြီး ဂျော.၀ါရှင်တန်နှင်. မြန်မာစစ်ဗိုလ်ချုပ် အဂ္ဂမဟာသေနာပတိ ၀န်ကြီးသတိုးသုဓမ္မမဟာဗန္စုလ သည် သတ္တိနှင်.မျိုးချစ်စိတ်တွင် မည်သူကသာသည်ဟုမပြောနိုင်လောက်အောင် နှစ်ဦးလုံးထူးချွန်ကြသူများဖြစ်သည် ။ သို.သော် ဗိုလ်ချုပ်ဝါရှင်တန်သည် အင်္ဂလိပ်ကိုနိုင်အောင်တိုက်၍ အမေရိကန်မြေမှမောင်းထုတ်နိုင်ပြီး မဟာဗန္စုလ စစ်ရှုံးကာ မြန်မာတို.အညံ.ခံခဲ.ရခြင်း၏အဓိကကွာခြားချက်မှာ ခေတ်မီလက်နက် မရှိခဲ.ခြင်း (၀ါ)နည်းပညာတွင်မယှဉ်နိင်ခဲ.ခြင်းပင်ဖြစ်သည် ။ အကယ်စင်စစ် အရှေ.တောင်အာရှ၌ ဖြစ်ပွားခဲ.သောစစ်ပွဲများအနက် အင်္ဂလိပ်တို.အဖို.မဟာဗန္စုလနှင်.တိုက်ရသည်.တိုက်ပွဲများသည် အကျအဆုံးအများဆုံးတိုက်ပွဲများဖြစ်ခဲ.သည် ။ မဟာဗန္စုလလက်ထဲတွင် ဂျော.၀ါရှင်တန်၏စစ်တပ်လို လက်နက်အင်အားများသာရှိခဲ.လျှင် အင်္ဂလိပ်ကိုသေချာပေါက်နိုင်အောင်တိုက်နိုင်မည်ဖြစ်သည်။
ယနေ.ခေတ်သည် နည်းပညာခေတ်ကြီးဖြစ်သည် ။ နည်းပညာသာသူက အဘက်ဘက်ကအသာစီးရသွားပေမည် ။ မြန်မာသည် ကမ္ဘာနှင်.ရင်ဘောင်တန်းနိုင်ရန် မင်းတုန်းမင်းတရားကြီးလက်ထက်တွင်ကနောင်မင်းသားကြီးနှင်.ယောအတွင်းဝန်ဦးဖိုးလှိုင်တို.သည် နိုင်ငံခြာတိုင်းပြည်များသို. ပညာတော်သင်များစေလွှတ်ကာ ခေတ်မီနည်းပညာများ မြန်မာပြည်သို.ရောက်လာရေးကျိုးပန်းဆောင်ရွက်ခဲ.သဖြင်. ရတနာပုံနေပြည်တော်ဝယ် မဲနယ်စက်ရုံ၊ ကြေးနန်းရိုက်စက်ရုံ ၊ဖန်ချက်စက်ရုံ ၊ ဒင်္ဂါးစက်ရုံ ၊ အထည်စက် ၊ဆန်စက် ၊ဆီစက် ၊ လက်နက်စက်ရုံ ၊ လွှစက် ၊ ကျည်ဆန်စက် သည်ဖြင်.စက်ရုံ (၅၀)ကျော်တည်ထားနိုင်သည်.အဆင်.သို.ရောက်ခဲ.သည် ။ နောင်အခါကနောင်မင်းသားကြီးလုပ်ကြံခံရပြီးသောအခါ ၊ဘာသာရေးကိုနိုင်ငံရေးတွင်ရောယှက်ခံရသောအခါ မြန်မာတို.၏ခေတ်မီစက်မှုနိုင်ငံထူထောင်ရေးရည်မှန်းချက်ပျက်သုဉ်းခဲ.ရသည် ။
ကျွန်တော်တို.နိုင်ငံဆင်းရဲသည် မှာ အဆင်.မြင်.စက်မှုနည်းပညာများမရှိသောကြောင်.ဖြစ်သည် ။ ခေတ်အဆက်ဆက်အစိုးရအဆက်ဆက်သည် နိုင်ငံအတွင်းစက်မှုနိုင်ငံထူထောင်ဖို.ထက် သဘာဝသယံဇာတများကို ဖော်ထုတ်ရောင်းချဖို.လောက်ကိုသာစိတ်အားထက်သန်ခဲ.ကြသည် ။ ထို.ကြောင်.ကျွန်တော်တို.သည် ကျွန်းသစ်များကိုတရုတ်သို.ရောင်းချကြပြီး သူတို.ဆီမှ ပန်းပုရုပ်များ ၊ပရိဘောဂများပြန်ဝယ်ကြရ၏ ။ ထိုင်းနှင်. တရုတ်သို. ရာဘာကုန်ကြမ်းများ ပေါပေါပဲပဲဈေးဖြင်.ရောင်းချကြပြီး ထိုနိုင်ငံများမှပြန်လည်တင်သွင်းသော မော်တော်ကားတာယာ ၊ ရာဘာဖိနပ် ၊ ဘောလုံး စသည်များကိုဈေးကြီးပေး၍၀ယ်သုံးကြရသည် ။ က.ပ.စမှမစို.မပို.ထုတ်လုပ်သည်မှလွဲ၍ မြန်မာသည် ယခုထက်တိုင် မော်တော်ကားတာယာပြည်တွင်း၌မထုတ်လုပ်နိုင်သဖြင်. မလေးရှား ၊တရုတ် နှင်.ထိုင်းသို. နှစ်စဉ် ဒေါ်လာသန်းနှင်.ချီ၍ ပေးနေကြရသည် ။ မွန်ပြည်နယ်နှင်.တနင်္လာရီတိုင်းတွင် ရာဘာပင်များ သက်တမ်းကြာလာသောအခါ ခုတ်ပြီး အသစ်စိုက်ကြသည် ။ အပင်ဟောင်းများကိုတော. မီးရှို.ကာထင်းဆိုက်ပစ်ကြသည် ။ ထိုရာဘာသားများကိုထိုင်းက ဈေးပေါပေါဖြင်.၀ယ်သည် ။ ရာဘာသားများကိုခွဲစိတ်ကာ ပိုးမထိုးအောင် နည်းပညာတစ်မျိုးဖြင်. ပေါင်းခံလိုက်သောအခါ မြန်မာတို.ထင်းဆိုက်ပစ်သော ရာဘာသားသည် ရွှေဝါရောင်တ၀င်းဝင်းဖြင်. အလွန်လှသော အိမ်သုံး ၊ရုံးသုံးပရိဘောဂများ ဖြစ်လာကြသည် ။ထိုအရာများကိုမြန်မာတို.ကဈေးကြီးပေးပြီးဝယ်သုံးကြသည် ။ မြန်မာပြည်မှဆီးသီး ၊ သစ်ကြားသီး ၊ မက်မွန်သီး ၊သံပယိုသီး ၊ရှောက်သီး ၊ဆားငံသီးကုန်ကြမ်းများကိုတရုတ်တို.ကဈေးပေါပေါဖြင်.၀ယ်သည် ။ထို.နောက် ပက်ကင် လှလှ၊ တံဆိပ်လှလှလေးတွေနှင်. ပလပ်စတစ်အိပ်တွေထဲ.ကာ အရသာကောင်းအောင်အနည်းငယ်ပြင်ဆင်ပြီး မြန်မာနိုင်ငံသို.ပြန်ပို.သည် ။ ထိုမုန်.တွေကို မြန်မာကလေးငယ်တွေက အမြတ်ပေးကာအကောင်းလုပ်၍၀ယ်စားကြရသည် ။ မြန်မာနိုင်ငံတွင်လမ်းဘေး၌လွင်.ပစ်ထားသောကျောက်စိမ်းအကာသားများသည်ပင်လျှင် တရုတ်ပြည်သို.ရောက်တော. သေသေသပ်သပ်ပန်းပုထုကာ တိုးရစ်များသို.ရောင်းတန်းဝင်သော ကျောက်စိမ်းလက်ဆောင်များဖြစ်လာကြပေသည် ။
ကျွန်တော်တို.နိုင်ငံကား အစိုးရအဆက်ဆက် “ခေတ်မီဖွံ.ဖြိုးသောနိုင်ငံတော်သစ်ကြီးဆီသို. “ဟူသောဆောင်ပုဒ်များကိုအရှက်မရှိ လူမြင်သာသောနေရာများတွင်ဝါဒဖြန်.ကာထောင်ထားသော်လည်း အကယ်စင်စစ် ဘလိတ်ဓားနှင်. လက်ချုပ်အပ်ပင် အဖြစ်ရှိအောင်ထုတ်လုပ်နိုင်သည်မဟုတ်ချေ ။ ခဲတံနှင်. အိမ်မိုးသွပ်ပြားများပင်ပြည်တွင်း၌ထုတ်လုပ်နိုင်သည်မှာမကြာသေးပေ ။ဘီယာစက်ရုံ ၊ အရက်ချက်စက်ရုံ ၊ စီးကရက်စက်ရုံစသော ပြည်သူလူထုကိုဒုက္ခပေးမည်.စက်ရုံများကတော.ရောက်နေသည်မှာနှစ်ပေါင်းကြာချေပြီ ။
နိုင်ငံသည် ကျွန်းသစ်၊ရေနံနှင်.သဘာဝဓါတ်ငွေ. ၊ကျောက်စိမ်း ၊ပတ္တမြား ၊နီလာ၊ ဆန်စပါး ၊ ပဲအမျိုးမျိုးစသည်တို. နိုင်ငံခြားသို.တင်ပို.ရောင်းချခြင်းမှ ၀င်ငွေရနေသော်လည်း ထိုကုန်ကြမ်းများကိုပင်ကုန်ချောမလုပ်နိုင်သောအခါ လက်ချုပ်အပ်မှ ဂြိုလ်တုစလောင်းအဆုံး ၊ ဟန်းဖုံးမှသည် လေယာဉ်ပျံအဆုံး နိုင်ငံခြားမှပြန်ဝယ်နေရသဖြင်. ၀င်ငွေထက်ထွက်ငွေကများကာ အမြဲတမ်းကုန်သွယ်ရေးလိုငွေပြကာ ဖွတ်ကြောပြာစုသည်.သဖွယ် ဘယ်တော.မှချမ်းသာလာစရာမမြင်တော.ပေ ။ ဆန်စပါးစိုက်ပျိုးရာတွင်လည်း မြန်မာနိုင်ငံသည် မိုးကိုမျှော်ကာစိုက်နေရဆဲ ၊ နွားကိုသုံးကာထွန်နေရဆဲ ၊ ကောက်စိုက်သမကိုသုံးကာ ပျိုးနုတ်ကောက်စိုက်နေရဆဲ ၊ လူအင်အားကိုသုံးကာ တံစဉ်ဖြင်.ကောက်ရိတ်နေရဆဲ ၊ လူအင်အားဖြင်. စပါးလှေ.နေရဆဲ ဖြစ်သဖြင်. အိမ်နီးခြင်းနိုင်ငံများ၏ စက်မှုနည်းပညာတိုးတက်မှုကိုမယှဉ်နိုင်တော.ပဲ စပါးအထွက်မှာ ကျသထက်ကျလာပေတော.သည် ။ ယခင်အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်စပါးတင်ပို.မှုတွင် ဗိုလ်ဆွဲခဲ.သော်လည်း ယခုအခါ ထိုင်းနှင်.ဗီယက်နမ်ကကျော်တက်သွားကြပေပြီ ။
အကယ်စင်စစ် အရှေ.တောင်အာရှတွင်မြန်မာနိုင်ငံသည် မြေဧရိယာအကျယ်အ၀န်း၌ အင်ဒိုနီးရှားပြီးလျှင် ဒုတိယအကြီးဆုံးဖြစ်သည် ။ အင်ဒိုနီးရှားသည်ပင်လျှင် ပင်လယ်ထဲမှ အပိုင်းပိုင်းဖြစ်နေသောမစိုက်နိုင်မပျိုးနိုင်သည်. ကျောက်ဆောင် ကျွန်းစုများကိုပါ ထည်.တွက်ထားခြင်းဖြစ်သဖြင်. တဆက်တစပ်တည်းမြေအကျယ်အ၀န်းတွင်အာဆီယံ၌ မြန်မာသည်အကြီးဆုံးဖြစ်ပေလိမ်.မည် (မြန်မာနိုင်ငံ၏မြေဧရိယာစုစုပေါင်းမှာ ၆၇၆၅၇၇ စတုရန်းကီလိုမီတာ (၂၆၁,၂၂၈ စတုရန်းမိုင်) ရှိပြီး ထိုင်းနိုင်ငံ၏မြေအကျယ်အ၀န်းမှာ ၅၁၃,၁၂၀ စတုရန်းကီလိုမီတာ ၊ ဗီယက်နမ်နိင်ငံ၏မြေဧရိယာအကျယ်အ၀န်းမှာ ၃၃၁,၂၁၀ စတုရန်းကီလိုမီတာ ရှိပါသည် ) ။ထို.ကြောင်.ထိုင်းသည်မြန်မာထက် စတုရန်းကီလိုမီတာ တစ်သိန်းခြောက်သောင်း သုံးထောင်ကျော် (စတုရန်းမိုင်တသိန်းကျော် ) သေးငယ်ပါသည် ။ ဗီယက်နမ်သည်မြန်မာထက် စတုရန်းကီလိုမီတာသုံးသိန်းလေးသောင်းကျော် ( စတုရန်းမိုင် နှစ်သိန်းသုံးသောင်းကျော်) သေးငယ်ပါသည် ။ သို.သော် ကိုယ်ထက် မိုင်ပေါင်းသိန်းနှင်.ချီ၍ သေးငယ်သည်.နိုင်ငံများ၏ဆန်စပါးထွက်ရှိမှုနှုန်းသည် မြန်မာထက်သာသွားတာ ခေတ်မီနည်းပညာများကိုအသုံးပြုနိုင်သောကြောင်.ဖြစ်သည် ။ ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို လယ်သမားတွေကလည်းသုံးသည် ၊ အစိုးရကလည်း စဉ်ဆက်မပြတ် အားပေးကူညီသည် ၊ စိုက်ပျိုးရေးသုတေသနတွေလည်း ဆက်တိုက်လုပ်နေသည် ၊ လယ်သမားများကို ချေးငွေများလည်းလွယ်လင်.တကူ လုံလုံလောက်လောက်ထုတ်ပေးသည် ၊ ရောင်းချရာတွင်လည်းဈေးကောင်းရရန်အစိုးရမှကူညီသည် ။ကျွန်တော်တိုဆီမှာတော. ရှိပြီးသားလယ်လေးတွေကိုပင် ရောင်းချပါက ပို၍အဆင်ပြေသွားမည်ဟု ၀န်ကြီးချုပ်မှပြောခြင်း ၊ စစ်တပ် ၊ဦးပိုင်နှင်. ၊ခရိုနီတို.မှ အကြောင်းအမျိုးမျိုးပြ၍ လယ်သိမ်း ၊ယာသိမ်းခြင်းတို.ကြောင်. စပါးအထွက်ယခုထက်ပင် ကျမသွားပါက ကံကောင်းဟုပြောရပေမည် ။လယ်ထွန်စက် ၊ ကောက်စိုက်စက် ၊ ကောက်ရိတ်စက် ၊တလင်းနယ်စက် ၊ချွေလှေ.စက် ၊ ကြိတ်စက် များကိုအဆင်.တိုင်းတွင်မသုံးနိုင်ပဲ ကျောက်ခေတ်ကလို လက်ကိုသာ ၊လူအင်အားကိုသာ ဆက်လက်အားကိုးနေမည်ဆိုပါက နောင်အနာဂတ်ဝယ် မြန်မာသည် ထိုင်းနှင်.၊ဗီယက်နမ်ထံမှဆန်ဝယ်စားရဖို.ရှိ၏ ။
စာပေဟောပြောပွဲတခုတွင်ဆရာကြီးဦးအောင်သင်းဟောပြောခဲ.တာတခုကိုမှတ်မိနေ၏ ။ သူပြောသည်ကား
“ ငါတို.မြန်မာတွေဆင်းရဲတာ မျိုးချစ်စိတ်မရှိလို.မဟုတ်ဘူးကွ
ပညမတတ်ကြလို. “ ဟူသတည်း ။
တကယ်တော. မဟာဗန္စုလလည်းမျိုးချစ်စိတ်ရှိခဲ.သည်
ဂျော.၀ါ၇ှင်တန်လည်းမျိုးချစ်စိတ်ရှိခဲ.သည်
လီကွမ်ယုလည်းမျိုးချစ်စိတ်ရှိခဲ.သည်
ဆရာစံလည်းမျိုးချစ်စိတ်ရှိခဲ.သည်
တပ်မတော်ခေါင်းဆောင်အချို.လည်းမျိုးချစ်စိတ်ရှိခဲ.မည်ပင် ။
သို.သော် ၀မ်းနည်းစရာကောင်းသောအချက်မှာ မျိုးချစ်စိတ်တခုတည်းနှင်.နိုင်ငံကိုတည်ဆောက်၍မရ ၊ စက်မှုနည်းပညာသည် မျိုးချစ်စိတ်နှင်.တန်းတူအရေးကြီးကြောင်း ကျွန်တော်တို.နိုင်ငံကိုအုပ်ချုပ်ခဲ.သောစစ်ခေါင်းဆောင်အဆက်ဆက်သည် ယနေ.ထက်တိုင်သဘောမပေါက်ကြသေးတာဖြစ်ပေသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၁၈.၁၂.၂၀၁၅ သောကြာ
No comments:
Post a Comment