မိုးကောင်းတုန်းရွာထားပေါ့ ဆပ်စရာအကြွေး
ဘယ်လိုပေးမလည်း
မောင်ပန်ကာ(ပြည်)
မြန်မာနိုင်ငံတွင်
နှစ်စဉ်ဆိုသလို မိုးကောင်းလွန်းသည့်ဒေသများနှစ် စဉ်ရေကြီးရေလျှံ နစ်မြုပ်လေ့ရှိခဲ့ဘူးပါတယ်။ယခု
၂၀၁၅-ခုနှစ် ဇူလိုင်လပိုင်းအတွင်း ရေဘေးကပ်ဆိုက်သည်ဟုဆိုလေမလား အချိန်မတန်သေးဘဲ တိုင်းနှင့်ပြည်နယ်
၁၄-ခုရှိရာတွင် တိုင်းနှင့်ပြည်နယ် ၁၁-ခုမှာ ထူးကဲစွာ ရေကြီးရေလျှံရေနစ်မြုပ်ရုံတင်မက
လေပြင်းတိုက်ခိုက်မှုဒဏ်ပါင်းများစွာကြုံတွေ့နေခဲ့ရ၏။ ဒါကိုပင် တချို့သောသူများမှ တိုင်းပြည်အတွင်း
သူတော်ကောင်းတစ်ဦးဆုံးပါးသွား၍ မိုးနတ်မင်းကြီးက ၀မ်းနည်းစွာငိုကြွေး၍ ယခုလိုရေကြီးသည်ဟုဆိုလေသည်။
ထိုသို့သော သုံးမရသည့်စကားများနူတ်ကပေါ်ထွက် လာမှုအား ချက်ချင်းဆိုသလို လူမှုကွန်ယက်(Face
book)စာမျက်နှာများစွာတွင် ၂၀၁၅-မှာကျင်းပမည့်ရွေးကောက်ပွဲ ကြီး သန့်ရှင်းစင်ကြယ်စေရန်အတွက်
မလိုအပ်သည့်အမှိုက်များကို မိုးရေဖြင့်ဆေးကျောသန့်စင်လျက် ရှိနေသည်ဟု ပြန်လည်ဝေဖန်သုံးသပ်မှုများ
မြင်တွေ့နေခဲ့ရ၏။ မြန်မာနိုင်ငံအတွင်း သစ်တောပြုန်းတီးမှုများ၊တောင်ဖြိုမြေသယ်ယူမှုများစွာကြောင့်
ရာသီဥတုပြောင်းလည်းလာခဲ့သည်ဟူ၍ လည်း ဝေဖန်သံများပေါ်ထွက်လာခဲ့ပြန်၏။
ထိုကဲ့သို့
နိုင်ငံတစ်ဝိုင်းလုံးရေကြီးရေလျှံရေနစ်မြုပ်မှုများဖြစ်ပေါ်နေစဉ် သြဂုတ်လ(၁)ရက်နေ့ထုတ်သတင်းစာတစ် ခုတွင်တော့
ပြည်နယ်နှစ်ခုနှင့်တိုင်းဒေသကြီးနှစ်ခုတို့အား သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်ကြေငြာခဲ့လေတော့၏။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ တာ် နိုင်ငံတော်သမ္မတရုံး ကြေငြာအမှတ် ၁/၂၀၁၅ ဇူလိုင်လ
၃၁-ရက်နေ့စွဲဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံး ဇွန်၊ဇူလိုင်လများအတွင်း မုတ်သုန်မိုး
သည်းထန်စွာရွာသွန်းမှုများကြောင့်  တိုင်းဒေသကြီး နှင့် ပြည်နယ်တချို့တို့တွင် ရေကြီးရေလျှံမှုများ၊မြေပြိုမှုများစသည့်
သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လျှက်ရှိကြောင်း ထိုသဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှု
ပမာဏကြီးမားပြီး မှုလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရာတွင် အခက်အခဲရှိမည့် ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းေ ဒသကြီး၊မကွေးတိုင်းဒေသကြီး၊ရခို င်ပြည်နယ်
များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှု ဥပဒေပုဒ်မ(၁၁)အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မှကြေငြာလိုက်ခဲ့ပါတယ်။
၎င်းကြေငြာမှုများမတိုင်ခင်က
မြန်မာတစ်နိုင်ငံလုံးကို တကြော်ကြော်အော်ဟစ်အသိပေးနေသည့် စကားရှိခဲ့သည်။ “ တစ်တိုင်းပြည်လုံးကို
အရေးပေါ်အခြေအနေကြေငြာပေးပါ။သဘာ ၀ဘေးအန္တရာယ်တားစီးမှုတွေ ညံ့ဖျင်းလို့ ယခုလိုဖြစ်ပေါ်နေပေမယ့်
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ပါ။ ” ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်
မှပြောဆိုနေခဲ့သော်လည်း ကြိုတင်ပြင်ဆင်ရန်နောက်ကျခြဲ့ ခင်းများစွာဖြစ်ပေါ်သွားခဲ့သဖြင့် 
သဘာဝဘေးအန္တရာယ်များစွာကို ပြည်သူလူထုများစွာကြုံတွေ့ခံစား နေရသည်မှာ ယနေ့ထိတိုင်ဖြစ်ပေါ်နေခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်အခြေခံဆင်းရဲ သားလက်လုပ်လက်စားနှင့်တောင်သူ လယ်သမားများစွာတစ်နိုင်ငံလုံးနီးပါးနေထိုင်လျှက်ရှိနေသည်။အြေ ခခံလူတန်းစားဆင်းရဲသားပြည်သူများအနေဖြင့်ပျက်စီးဆုံးရှုံးမှုများ စွာရှိခဲ့သလို
တောသူတောင်သားလယ်သမားများက ပို၍ဆိုးရွားနေခဲ့ပါတယ်။ မိုးဒဏ်လေဒဏ်မခံစားရမှီက လယ်တစ်ကလျှင်
တစ်သိန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ယူ၍ စိုက်ပျိုးသီနှံ၊မျိုးစပါး၊ခြံ အတွက်သီးနှံများအပါဝင်
မိသားစုစားဝတ်နေရေးအခက်ခဲများေ ကြာင့် လယ်ဆယ်ဧကပိုင်ဆိုင်ထားသည့် တောင်သူလယ်သမားတစ်ဦးအနေဖြင့်
ချေးငွေဆယ်သိန်းမှာ တစ်လအထိသုံးနိုင်သည့်အခွင့်အရေး မရရှိခဲ့ကြပါ။ထိုချေးငွေကို အတိုးနူန်းသက်သာသည်ဟုဆိုသော်လည်း
နေ့စဉ်လယ်ယာမြေထဲရုန်းကန်ေ နကြရသဖြင့် စာပေပညာမကြွယ်ဝသောကြောင့်လတ်တေ လာအဆင်ပြေရန်အဓိကထားချေးယူခဲ့ ကြသည်။ရပ်ကွက်ကျေးရွာအတွင်း
တစ်သောင်းယူမည်ဆိုပါက ပြန်မဆပ်နိုင်မချင်း တစ်လ နှစ်ထောင်ကျပ်ပေးဆပ်နေရသည့်အတိုးများမပါသေးပါ။ထို့ကဲ့သို့
အကြွေးနွံ့ထဲရောက်ရှိနေချိန် ရာသီဥတုအပြောင်းလည်းများကြောင့် ယခုလို မိုးကြီးရေကြီးလေကြီးနေသည့်အချိ န်ခါတွင်
လယ်ယာမြေများအတွင်း ရေနစ်မြုပ်ရေ၀င်သွားခဲ့၍ပျက်စီး ဆုံးရှုံးသွားမှုများအပေါ် အစိုးရအနေဖြင့်
မည်ကဲ့သို့ပြန်လည်ငဲ့ညာပေးမည်ဆိုသည်ကတွေးစမရခဲ့ပါ။
ကျေးရွာအတွင်းအတိုးနူန်းမြင့်မားစွာပေးရသည့်ချေးငွေကထားအုံး
စိုက်ပျိုးစရိတ်ချေးငွေမဆပ်နို င်ပါက အနည်းဆုံး ထောင်ကျခံရမည်ကမလွဲဧကန်ဖြစ်နေေ လ၏။ တရားရုံးသို့ရောက်ရှိချိန်များ မှာလည်း
တရားရင်ဆိုင်ရန်အတွက် ငွေတစ်ပြားတစ်ချပ်မှမရှိနိုင်ေ သးသည့် ယခုလိုရာသီဥတုအချိန်ခါမှာ
ရေမြုပ်နေသည့်လယ်မြေများရောင်း ချကာ တရားရင်ဆိုင်ဖို့ပဲရှိတော့၏။လော လောဆယ် မိသားစုဝမ်းရေးအတွက်
ရေနစ်မြုပ်နေသည့်လယ်ယာမြေများေ ပ်ါတွင် ငါးနှင့်ရေနေသတ္တ၀ါလေးများရှာဖွေ ကာ တစ်ဝမ်းတစ်ခါး
တနေ့တာရှာဖွေစားသောက်နေခဲ့ ကြရသည်။ ပိုလျှံလာသည့် ငါးလေးများအား ၀ယ်ယူသူရှိပါက ရောင်းချ၍သာ
ငွေမြင်နေရသည့်အခြေအနေသို့ လယ်သမားမှတံငါသည် ဘ၀သို့ကူးပြောင်းလုပ်ကိုင်ရရှာေ ဖွစားသောက်နေရသော
လယ်သမားများစွာရှိနေခဲ့၏။ မိသားစုဝမ်းရေးမနည်းဖြေရှင်းေ နရချိန်မှာ လယ်ကွင်းထဲကျနေသည့်
ချွေးစက်တစ်ချို့ကလည်း နစ်မြုပ်နေသည့်လယ်ကွင်းရေပြင်မျာရောထွေးလျှက်ရှိနေသည်။ရေပြန်ကျ သည်ထားအုံး
ရင်းနှီးထားသည့် စိုက်ပျိုးစရိတ်များစွာ ဆုံးရှုံးနေခဲ့ရပြန်သည်။တစ်ချို့ သော တောင်သူလယ်သမားများကတော့
ဆည်တွေတည်ဆောက်ပြီးမှ မြန်မာပြည်ရေကြီး ရေနစ်မြုပ်ဖြစ်လာသည်ဟုအတွေးနယ် ချဲ့ပြောခဲ့သလို
မြို့ပေါ်ဒေသတွေမှာလည်း သစ်တောဖြုန်းတီးမှုတွေ တောင်ဖြိုမြေသယ်မှုတွေကြောင့် ယခုလို ရေကြီးရေလျှံရေနစ်မြုပ်မှုများ ကြုံတွေ့ရသလိုလေဘေးဒုက္ခများကို ပါပှုးတွဲခံစားကြရသည်ဟုထင်ကြေးေ ပးလျှက်ရှိနေသည်။
မိုးခေါင်၍ အလုပ်မဖြစ်ချိန် လယ်ယာမြေတွေထဲ ရေမရှိ၍ လွန်စွဲရသည်အထိ ရေခမ်းခြောက်မှုများစွာဖြစ်ပေါ်လာ ခဲ့သလို
ယခုမိုးကြီးမှုများတွင်လည်းအင် မတန်ကြမ်းတမ်းခက်ထန်စွာ ရေနစ်မြုပ် ဘ၀ပျက်သည်အထိ ကြုံတွေ့နေရသည့်
လယ်သမားများဘ၀ ချေးယူထားသည့် ငွေကြေးများမည့်သို့မည်ပုံပေး ဆပ်သွားမည်ကို သိချင်နေခဲ့၏။စိုက်ပျိုးစရိတ်ေ ချးငွေကို
တစ်နည်းအားဖြင့်ဆပ်လိုသော် အသိမ်းခံရမှုမရှိခဲ့သည့် လက်ကျန် ဘိုးစဉ်ဘောင်ဆက် ဓားမဦးချပိုင်ဆိုင်လုပ်ကိုင်လာ ခဲ့သည့်
လယ်ယာမြေများ ရောင်းချ၍ စိုက်ပျိုးစရိတ်ချေးငွေဆပ်မည်ဆိုပါက လောလောလတ်လတ်အဆင်ပြေမည်ဟုယူစရေ သ်ာလည်း
လယ်ယာလုပ်စရာမရှိ၍ မြို့တက် ချမ်းသာအောင်ဆိုက်ကားနင်းဖို့ပဲ ရှိပေတော့မည်။ထမင်းတစ်နပ်လျှော့ စားသွားမည်ဆိုပါကလည်း
စိုက်ပျိုးစရိတ်ချေးငွေကိစ္စအဆင် ပြေမယ်မထင်။ ယခုလိုသဘာဝဘေးအန္တရာယ် မိုးဒဏ်လေဒဏ်ရေဒဏ်ခံစားရ၍
ပျက်စီးဆုံးရှုံးသွားသောလယ်ယြာေ မများအိုးအိမ်များနှင့်ကျန်ရှိေ နသည့် လယ်သမားမိသားစုတိုင်း၏
ဘ၀များစွာအား ငဲ့ညာ၍ လှည့်ကြည့်ပေးစေလိုကြောင်း စိုက်ပျိုးစရိတ်ချေးငွေပြဿနာအား ကင်းလွတ်ခွင့်၊တစ်ဝက်ဆပ်ခွင့်၊ အရစ်ကျပေးသွင်းစနစ်
သို့မဟုတ်ပါက ယခုနှစ်စိုက်ပျိုးစရိတ်ချေးငွေ များအား နောင်တစ်နှစ်သို့ရွေ့ပြောင်းပေး စေလိုကြောင်း
ရေကြီးမှုနောက်ကွယ်မှ ဘ၀များစွာအကြောင်းတစေ့တစ်စောင်း ရေးသားရပါတော့သည်။
အတွဲ ၃ အမှတ် ၂၉ သြဂုတ် ၈ရက်ထုတ်
သမဂ္ဂသတင်းဂျာနယ် မှကူးယူဖော်ပြသည်။
သမဂ္ဂသတင်းဂျာနယ် မှကူးယူဖော်ပြသည်။
No comments:
Post a Comment