Monday, July 20, 2015

ဗိုလ်ချုပ်ကြေးရုပ်တွင် လွမ်းသူပန်းခွေချခြင်းများပြုလုပ်ပါကအရေးယူမည်ဟုဆို

ဗိုလ်ချုပ်ကြေးရုပ်တွင် လွမ်းသူပန်းခွေချခြင်းများပြုလုပ်ပါကအရေးယူမည်ဟုဆို


ပြည် ဇူလိုင် ၁၈


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့မှာရှိသည့် ဗိုလ်ချုပ်ကျေးရုပ်တွင် လာမည့် ဇူလိုင်လ၁၉ ရက်နေ့ (၆၈)နှစ်မြောက်အာဇာနည်နေ့တွင် သတ်မှတ်နေရာမှလွဲ၍ အခြားနေရာများတွင် လွမ်းသူပန်းခွေချခြင်းများမပြုလုပ်ရန်နှင့် မြို့လယ်မှာရှိသည့် ဗိုလ်ချုပ်ကြေးရုပ်တွင်ပန်းခွေချခွင့်မပြုကြောင်းသိရသည်။

အဆိုပါဗိုလ်ချုပ်ကြေးရုပ်တွင် ပန်းခွေမချဖို့ လွန်ခဲ့သောနှစ်များစွာကတည်းက ပိတ်ပင်တားစီးမှုများရှိခဲ့သော်လည်း ကျောင်းသားတချို့၊ပြည်ဒေသခံတချို့၊ရှေ့နေကြီးများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ နှစ်စဉ် ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ တရားဥပဒေနှင့်ရင်ဆိုင်ပြီး အာဇာနည်နေ့တိုင်းလွမ်းသူပန်းခွေချခြင်း၊ဦးညွှတ်ဂါဝရပြုခြင်းများကိုဆင်နွဲလျှက်ရှိကြောင်းသိရသည်။

“မြို့လယ်က ကျောက်ရုပ်မှာပန်းခွေချတာ အမင်္ဂလာလို့ပြောတယ် ကျွန်မတို့လက်မခံနိုင်ဘူး သူတို့ကြိုးပမ်းသွားလို့ ကျေးဇူးရှင်အာဇာနည်ခေါင်းဆောင်ကြီးများ ထားရှိခဲ့သည့် လွတ်လပ်ခြင်းအရသာကျွန်မတို့အားလုံးခံစားထားရပြီးပြီ။ အာဏာပိုင်တွေပန်းခွေချခွင့်မပေးဘူးဆိုလည်း အရင်နှစ်တွေလိုပဲပန်းခွေချသွားမယ်။”ဟု မပူစူး ဂရုနာလက်များကွန်ရက်အဖွဲ့ မှပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဒေသန္တရအမိန့်အနေဖြင့် ပြည်မြို့နယ်အတွင်း မည်သည့်နေရာတွင်မဆို အများပြည်သူစိတ်ငြိုငြင်မည့်လုပ်ငန်းများ၊အနှောင့်အယှက်ဖြစ်စေမည့်လုပ်ငန်းများမပြုလုပ်ရန်နှင့် သတ်မှတ်ထားသည့်နေရာမှလွဲ၍ အခြားနေရာတွေမှာ စီတန်းလှည့်လည်ခြင်း၊ပန်းခွေချခြင်း၊ပန်းခြင်းချခြင်း၊အလားတူကိစ္စအရပ်ရပ်များလုပ်ဆောင်ခြင်းမပြုလုပ်ရန်တားမြစ်ထားကြောင်းသိရသည်။

“နှစ်စဉ်နှစ်တိုင်းတားမြစ်တယ် ၁၈၈ တွေ ၁၄၄ တွေပုဒ်မတွေထုတ်ပြန်ထားနေကြပါ။မြို့လယ်ဗိုလ်ချုပ်ကြေးရုပ်မှာ အသုဘအခမ်းအနားတွေမလုပ်ပါနဲ့တားမြစ်တာ။ပထမမြို့နယ်အုပ်ချုပ်မှူးလက်ထက်ကတည်းကဖမ်းမယ်ဆိုပြီးတားတယ် သူတို့ဘာတွေဘယ်လောက်လုပ်လုပ်ကျွန်တော်တို့ ပန်းခွေချမယ်။၁၈၈ ထုတ်တယ်အဲဒိနေရာတွေမှာ ၁၈၈ ကဆူပူသောင်းကျမ်းမှ ဒိမိုကရေစီစနစ်မှာဒီလိုပုဒ်မတွေရှောက်တာမရှိဘူး။ကျွန်တော်တွေးနေမိတယ် ဒီအာဏာပိုင်တွေက ဂဠုန်ဦးစောအမျိုးတွေလားလို့တောင်တွေးနေမိပါတယ်။” ဟု ဆံတော်နယ်မြေအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှဦးမင်းမင်းထွန်းမှပြောသည်။

ထိုသို့တားမြစ်ထားသည့်အပေါ်လိုက်နာခြင်းမရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈-ဖြင့်အရေးယူခြင်းခံရမည်ဖြစ်ကြောင်းသိရသည်။ ထိုသို့ကြေငြာစာများအား မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊နယ်မြေဆိုင်ရာရဲစခန်းများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ၂၀၁၅-ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့မှစတင်ဖြန့်ဝေခဲ့ပြီး ဒေသန္တရအမိန့်အမှတ်-(၁၁/၂၀၁၅)အားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှထုတ်ပြန်ထားကြောင်းသိရသည်။ k3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ..

နောက်ဆက်တွဲသတင်း...

ပန်းခွေချခဲ့ရင်၊တားမြစ်ချက်ကိုဖေါက်ဖျက်ကျူးလွန်ရင် ၊ပြစ်မှုဆိုင်ရာဥပဒေ
ပုဒ်မ(၁၈၈)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အမိန့်စာထွက်ခဲ့သော်
လည်း ဇူလိုင်(၁၉)ရက်( ၆၈ )နှစ်မြောက် အာဇာနည်နေ့ မှာ ဗိုလ်ချုပ်မြင်း
စီးကြေးရုပ်တွင်လွမ်းသူပန်းခွေချခဲ့တဲ့ ပြည်မြို့သူ/ ပြည်မြို့သားများနှင့်နိုင်
ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့စိတ်ဓာတ်က သက်သေပြခဲ့ပါတယ်။

သတင်းတို... ပြည့်သဲမောင်(ပြည်)09 423671883

နောက်ဆက်တွဲသတင်း..

ဗိုလ်ချုပ်ကျောက်ရုပ်တွင် ချထားသော လွမ်းသူ့ပန်းခွေများအား
နာရီဝက်အတွင်း စည်ပင်အမှိုက်ကားမှ လာရောက် သိမ်းယူခဲ့

ပြည်မြို့ရှိ ဗိုလ်ချုပ်ကျောက်ရုပ်တွင် ချထားသော
လွမ်းသူ့ပန်းခွေများအား နာရီဝက်အတွင်း စည်ပင်
အမှိုက်ကားမှ လာရောက် သိမ်းယူခဲ့သည်။

‘‘စီးတန်းလှည့်လည်၊ ပန်းခွေချတာတွေကို မလုပ်ဖို့
ထွေအုပ်ကအမိန့်ထုတ်ထားတာ ဖြစ်တဲ့အတွက်
သူတို့ဘက်ကပဲ အရေးယူခြင်း၊ မယူခြင်း ကိုလုပ်
လိမ့်မယ်၊ ရဲတပ်ဖွဲ့အနေနဲ့ကတော့ လမ်းရှင်းတာ၊
လုံခြုံရေးအရသာလာရောက်ဆောင်ရွက်ရခြင်းဖြစ်
တယ်’’ ဟု ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ကပြောသည်။

7Day News Journal
 ဇော်မင်းထိုက်.....

တင်ဆက်..ပြည်သတင်းလူငယ်(09253311019)



No comments:

Post a Comment