လယ်မြေများ တတိယအကြိမ် ရေနစ်မြုပ်၍ ဒေသခံတောင်သူများစိုက်ပျိုးချိန်နောက်ကျ၍ ဆုံးရှုံးမှုပိုများ
ပြည် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ပြညိခရိုင်၊သဲကုန်းမြို့နယ်အတွင်းရှိ မင်းလှ၊ညောင်ကုန်း၊အုပ်ဖို၊ဆောက်ခြုံကြီး ကျေးရွာအုပ်စုများအတွင်းမှလယ်ယာမြေများ မိုးလွန်စွာရွာသွန်းမှုကြောင့်တတိယအကြိမ်ဆုံးရှုံးမှုများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသညည်။
၂၀၁၄-ခုနှစ်တွင် ထိုကျေးရွာအုပ်စုများအတွင်း ယခုလိုမိုးရွာသွန်းမှုကြောင့် စပါးများ သုံးကြိမ်ပြန်လည်စိုက်ပျိုးခဲ့ရာ ရာသီချိန်စပါးသီးနှံအထွက်နူန်းနောက်ကျခဲ့သလို၊ကြွက်များဝင်ရောက်နှောင့်ယှက်မှုများကြောင့် ပျက်စီးဆုံးရှုံးများစွာကြုံတွေ့နေရကြောင်းသိရသည်။ပြီးခဲ့သည့် ဇွန်လ ၂၄ရက်နေ့စတင်ရွာသွန်းမှုမိုးများကြောင့် ၄င်းဒေသအတွင်းလယ်မြေဧကပေါင်း ၆၀၀-ကျော်ပျက်စီးဆုံးရှုံးမှုများရှိနေပြီး ဇူလိုင်လ ၁၃ရက်နေ့မှစတင်ကာ ဆက်မပျက်ရွာသွန်းခဲ့သည့်မိုးကြောင့် ပျက်စီးဆုံးရှုံးမှုပိုမိုဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။
“နှစ်စဉ်လိုလိုဖြစ်နေတယ်၊သက်ဆိုင်ရာဌာနတွေတင်ပြလည်းနှစ်တိုင်းလိုလိုရေက၀င်နေတော့တောင်သူတွေဆုံးရှုံးမှုကြုံနေရတယ်၊သက်ဆိုင်ရာဌာနကလူကြီးတွေသေသေချာချာကွင်းဆင်းမကြည့်သေးဘူး။သေသေချာချာမြင်တွေ့စေချင်တယ်။ခုထိရောက်လာတာတစ်ယောက်မှမရှိသေးဘူး။ရေဆိုးထုတ်မြောင်းကို သေသေချာချာစနစ်တကျလုပ်ပေးစေချင်ပါတယ်၊ခုက လယ်ကရေထွက်ပေါက်မရှိဘူး၊အဲဒိရေဆိုးထုတ်မြောင်းကို ဘောင်ချဲ့၊ရေအနက်ဖော်၊ရေမြောင်းချဲ့မှဒီဒုက္ခကင်းမယ်။”ဟု အုတ်တွင်းကုန်းရွာ ဒေသခံတောင်သူ ဦးမြင့် မှပြောသည်။
အဆိုပါအပ်စုကျေးရွာအတွင်းဖြတ်သန်းဖောက်လုပ်ထားသော ရေဆိုးထုတ်တူးမြောင်းဆိုသည့် ရေမြောင်းမှာ အလယ်မှထွက်ပေါက်ထားသည့် ဂယ်ပေါက်များအားပိတ်ကာ ဆောက်လုပ်ပေးထားခြင်းကြောင့် ယခုလိုရေထွက်ပေါက်မရှိသောကြောင့် လယ်မြေများဆုံးရှုံးနေရခြင်းဖြစ်သလို ငါးကန်တချိုမှရေထွက်ပေါက်များပိတ်ကာဆောက်လုပ်ထားခြင်းကြောင့်ဒီနှစ်ထဲမှာတင် တတိယအကြိမ်ဆုံးရှုံးမှုများဖြစ်ပေါ်ကြောင်းသိရသည်။ထိုရေဆိုးထုတ်သည် ရေမြောင်းကျဉ်းပြီး ဘောင်သည်မြင့်၍ ရေအနက်တိမ်နေမှုများကြောင့်ယခုလိုမိုးအနည်းငယ်ရွာသွန်းမှုကြောင့် ရေလျှံခြင်းများဖြစ်ပေါ်ကာ လယ်မြေများပေါ်တွင်မက ကျေးရွာများအထိရေများစီးဝင်လာခြင်းများရှိနေသည်ဟုသိရသည်။
“ခုမိုးတွင်းထဲမှာအဲဒိရေဆိုးထုတ်မြောင်းကိုသေချာပြန်လုပ်ပေးဖို့စီစဉ်နေပါပြီ။သဲကုန်းမြို့ကဒယ်အိုးလိုချိုင့်ထဲရောက်နေတော့ဟိုကရေ၀င် ဒီကရေ၀င်တွေရှိနေပါတယ်။နှစ်စဉ်နှစ်တိုင်းဖြစ်နေကြတာပါ။မိုးတွင်းပိုင်းမှာချောင်းတွေ၊မြောင်းတွေရေထဲတူးဖော်လို့ရတဲ့ယဉ်တွေနဲ့ပြုလုပ်ဆောင်ရွက်ပေးမှာပါ။ပွင့်လင်းတဲ့ရာသီရောက်ရင်လိုအပ်တဲ့နေရာတွေမှာလည်းဆက်လက်လုပ်ဆောင်သွားမှာပါ။ကျန်းမာရေးအနေနဲ့ဒေသခံရွာသူ/သားတွေဆီ ကျန်းမားရေးဌာနကလူကြီးတွေသွားရောက်စစ်ဆေးကုသပေးလျှက်ရှိနေပါတယ်။”ဟု သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမျူး ဦးလှမိုးဦး မှပြောသည်။
အဆိုပါလယ်မြေများရေနပ်မြုပ်မှုသည် ပြီးခဲ့သည့် ၅-လပိုင်းကုန်ခန့်တွင်ပထမအကြိမ်လယ်မြေများရေနစ်မြုပ်ခဲ့ပြီး ဇွန် ၂၄ရက်နေ့မှစတင်ကာယနေ့အထိရွာသွန်းသောမိုးကြောင့် ဒုတိယအကြိမ်လယ်မြေများအတွင်းသို့ရေများဝင်ရောက်ကာ စိုက်ပျိုးပြီးစပါး ၆၄-ဧက၊ပျိုးခင်း ၃ ဒဿမ ၂၅.ဧကအပါဝင်အခြားလယ်မြေများရေနစ်မြုပ်ရှိကြောင်းသိရသည်။ဇူလိုင်လ ၁၃-ရက်မှ ဇူလိုင်၁၇-ရက်နေ့ထိမိုးများဆက်လက်ရွာသွန်းနေမှုကြောင့်ဒေသခံတောင်သူများဆုံးရှုံးမှုများစွာနှင့်ကြုံတွေ့နေရကြောင်းသိရသည်။ k3(pyay) ဒီမိုကရေစီတူဒေးသတင်းစာ
တင်ဆက်...ပြည်သတင်းလူငယ်(09253311019)
No comments:
Post a Comment