By
ပြည်- ဖေဖော်ဝါရီ ၂ ရက် နေ့ လယ် ၁ နာရီခန့်က ပြည်မြို့၊ ဗိုလ်
ချုပ်လမ်းမကြီး ကိုးသောင်းမီးပွိုင့်အလွန်တွင် မော်တော်ယာဉ် သုံး
စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
http://www.7daydaily.com/
‘‘ရှေ့ဆုံးက စည်ပင်အမှိုက် သိမ်းကားက မောင်းနေတုန်း စက် ချွတ်ယွင်းပြီး
ထိုးရပ်သွားတယ်။ အ လယ်ကားက အရှိန်ထိန်းနိုင်ပြီး ရပ်လိုက်နိုင်တယ်။
နောက်ဆုံးက ကားက မထိန်းနိုင်ဘဲ ၀င်တိုက် တယ်’’ဟု ပြည်ခရိုင်ယာဉ်ထိန်းရဲ
အရာရှိတစ်ဦးကပြောသည်။
ပြည်မြို့နယ်စည်ပင်သာ ယာမှ အမှိုက်သိမ်းကားမှာ မီးပွိုင့်လွှတ်ချိန် မောင်းထွက်ခဲ့ရာ လမ်းမအလယ်တွင် စက်ချွတ်ယွင်းပြီး ထိုးရပ်သွားစဉ် စည်ပင်ကား နောက်မှ ကပ်ပါလာသည့် ကုန်တင်ကားမှာ အရှိန်ထိန်းနိုင်သော်လည်း ယင်းနောက်မှ ကပ်ပါလာသည့် နောက်ကားက ၀င်တိုက်သည့်အရှိန်ကြောင့် အရှေ့မှစည်ပင်ကားကို ထပ်ဆင့်တိုက်မိခဲ့သည်။ အလယ်ကား၏နောက်မှပါလာသော SURF အိမ်စီးကားမှာ အရှိန်မထိန်းနိုင်ဘဲ ဆင့် တိုက်ခဲ့ခြင်းကြောင့် ခေါင်းပိုင်း ထိခိုက်ပျက်စီးခဲ့ရာ ကားသုံးစီး စလုံးပျက်စီးမှုရှိခဲ့သည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ် တွင် ရှေ့ဆုံးမှ မောင်းနှင်သည့် စည်ပင်အမှိုက်ကားမှာ ရုတ်တ ရက်ထိုးရပ်ခဲ့သဖြင့် နောက်ကား များဆင့်ကဲတိုက်မိခြင်းဖြစ်သော် လည်း အဆိုပါကားကိုအရေးမယူဘဲ နောက်ဆုံးမှ ၀င်တိုက်မိခဲ့သည့် ယာဉ်ပိုင်ရှင်ကိုသာ အရေးယူအမှုဖွင့်ခဲ့သည်။ SURF6C/2922 ယာဉ်မောင်း ကိုဇော်ဇော်အောင်ကို ယာဉ်မဆင်မခြင်မောင်းနှင်မှု မော်တော်ယာဉ်အက်-၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း ပြည်ခရိုင်ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ သိရသည်။

No comments:
Post a Comment