Tuesday, February 3, 2015

ဒုံရင်းအတိုင်း သရ၀ဏ်(ပြည်)


ဒုံရင်းအတိုင်း
သရ၀ဏ်(ပြည်)
ကျွန်တော်ကပဲအဆိုးမြင်မျက်စေ.ရှိနေသလား ။ အမှန်ကိုအမှန်အတိုင်းပဲမြင်နေသလားမသိ ၊ ပြောစရာတွေကတစ်မျိုးပြီးတမျိုးမရိုးရအောင်ပေါ်လာနေသည် ။ အမေရိကန်သမ္မတဘားရက်အိုဘားမားပြန်သွားပြီးသည်.နောက်ပြောစရာလေးတွေရှိလသည် ။ အမြင်မတော်ဆင်တော်နှင်.ခလောက်ကိစ္စများဖြစ်သည် ။ ပထမဆုံးအမြင်မတော်တာက အမေရိကန်သမ္မတမြန်မာနိုင်ငံသို.ရောက်ရှိလာစဉ် မြန်မာဘက်မှလေဆိပ်တွင်ဂုဏ်ပြုကြိုဆိုသော မြန်မာသမ္မတ၏ဂုဏ်ပြုတပ်ဖွဲ.မှမြန်မာ.တပ်မတော်သားများကို အမေရိကန်လုံခြုံရေးများက (မြန်မာ.မြေတွင် ) ခြေနှစ်ချောင်းလက်နှစ်ချောင်းကားစေပြီး လက်နက်ပါမပါ စမ်းသပ်စစ်ဆေးမှုဖြစ်သည် ။ ကြားရတာနားဝမှာမချမ်းသာသောကိစ္စဖြစ်သည် ။ မြန်မာတို.ဘက်က အဆုံးစွန်အထိလွန်လွန်ကျူးကျူးလိုက်လျောမှုပြယုတ်ဖြစ်သည် ။ ထိုလိုက်လျောမှုသည် နိုင်ငံ၏ဂုဏ်သိက္ခာနှင်. အချုပ်အခြာအာဏာကိုထိခိုက်စေပါသည် ။ နိုင်ငံတနိုင်ငံတွင် နိုင်ငံ.ခေါင်းဆောင်များလာလျင် သမ္မတ၏ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ.ဖြင်.ချီတက်အလေးပြုခြင်း ၊ ကြိုဆို အလေးပြုခြင်းသည် ထိုနိုင်ငံခြားဧည်.သည်ကို အမြင်.ဆုံးဂုဏ်ပြုခြင်းဖြစ်ပါသည် ။ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ.ဆိုသည်မှာ ပေါက်ကရလေးဆယ်လူများဖြင်.ဖွဲ.စည်းထားခြင်းမဟုတ် ၊ အနားနီးကာမှတွေ.ကရာလူများ ခေါ်ဖွဲ.ထားခြင်းမဟုတ် ၊သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ.များမှ အသက် ၊စည်းကမ်း ၊ ကျန်းမာရေး ၊ အရပ် ၊ ခန္စာကိုယ်အချိုးအစား ၊စစ်စည်းကမ်းစသည်တို.အဘက်ဘက်မှပြည်.စုံမှ နိုင်ငံတော်အဆင်.သို.ခေါ်ယူလေ.ကျင်.တာဝန်ပေးထားခြင်းဖြစ်သည် ။ နိုင်ငံ.ခေါင်းဆောင်များလာတိုင်းမြန်မာသမ္မတနှင်.အတူ အလေးပြုခံရသည်ဖြစ်ရာ နိုင်ငံ.ခေါင်းဆောင်များပြောင်းသွားသော်လည်း မြန်မာသမ္မတ နှင်.အမြဲထိတွေ.နေရသော တပ်ဖွဲ.ဖြစ်သည် ။ မြန်မာသမ္မတယုံကြည်စိတ်ချရသောလူများဖြင်.ဖွဲ.ထားသောဂုဏ်ပြုတပ်ဖွဲ.ဖြစ်သည် ။ ထိုသို.သောတပ်ဖွဲ.ကိုမယုံကြည်သည်.သဘော မြန်မာ.မြေတွင်ရှာဖွေစစ်ဆေးခံရခြင်းသည် ဂုဏ်ပြုတပ်ဖွဲ.၏သိက္ခာသာမက မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာ ၊ မြန်မာသမ္မတ၏ဂုဏ်သိက္ခာ ကိုကျဆင်းစေခြင်းဖြစ်သည် ။ န.အ.ဖ.စစ်အစိုးရ လက်ထက် လူမှုရေးဦးတည်ချက် (၄)ရပ်ထဲတွင် အမျိုးဂုဏ်ဇာတိဂုဏ်မြင်.မားရေးဆိုသည်.ဆောင်ပုဒ်ပါဝင်ပါသည် ။ယခုဖြစ်ရပ်သည် အမျိုးဂုဏ်ဇာတိဂုဏ်ကိုထိခိုက်စေပါသည် ။ သမ္မတ၏ဂုဏ်ပြုတပ်ဖွဲ.ကိုပင်မယုံကြည်သည်.လုပ်ရပ်သည် သမ္မတကြီးကိုပင်မယုံကြည်သည်.သဘောဖြစ်သည် ။ သမ္မတကြီးဦးသိန်းစိန်လည်းအမေ၇ိကန်ပြည်ထောင်စုအပါအ၀င် ဥရောပနိုင်ငံများသို.ခရီးသွားဖူးပါသည် ။ တရုတ်ပြည်သို.လည်းသွားဖူးပါသည် ။ ထိုအခါတခုမေးလိုသည်မှာ အမေရိကန်ပြည်ထောင်စုသို.ဆိုက်ရောက်ခဲ.စဉ်က အမေရိကန်ဂုဏ်ပြုတပ်ဖွဲ.၀င်များကိုသမ္မတကြီးဦးသိန်းစိန်နှင်.အတူပါသွားသော မြန်မာ.လုံခြုံရေးတာဝန်ရှိသူများကရှာဖွေခွင်.ရခဲ.ပါသလား ဟူသောမေးခွန်းဖြစ်သည် ။ အလွန်အမင်းလိုက်လျောခြင်းသည် နိုင်ငံ၏ဂုဏ်သိက္ခာကိုကျဆင်းစေပါသည် ။ သမ္မတ၏ ဂုဏ်ပြုတပ်ဖွဲ.သော်မျှ ရှာဖွေခံရလျင် သာမန်မြန်မာနိင်ငံသားများအပေါ်အမေရိကန်သံရုံးအပါအ၀င် အမေရိကန်တာဝန်ရှိသူများသည်မည်သို.သဘောထားမည်နည်း ။
သမ္မတအိုဘားမားသည် အလွန်အရေးပါသောကမ္ဘာ.ခေါင်းဆောင်တစ်ဦးဖြစ်သည်ကို လက်ခံပါသည် ။သဘောတူပါသည် ။သူ.လုံခြုံရေးအတွက်မြန်မာနိုင်ငံတွင်တာဝန်ရှိသည်ကိုလည်းသဘောပေါက်ပါသည် ။ အမေ၇ိကန်တာဝန်ရှိသူများနှင်.ပူးပေါင်းဆောင်ရွက်ရမည်ကိုလည်းလက်ခံပါသည် ။သို.သော် တာဝန်ရှိခြင်း။တာဝန်ယူခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်း နှင်.အညှာလွယ်ခြင်းသည်တသီးတခြားစီဖြစ်သည် ။ အိုဘားမား၏လုံခြုံရေးအဖွဲ.သည် တရုတ်ပြည်လို ၊ရုရှလိုနိုင်ငံမျိုးတွင်ထိုသို.လွန်လွန်ကျူးကျူး အသာစီးယူနိုင်ခွင်.ရမည်မဟုတ်ပါ ။တရုတ်သမ္မတ၏ကိုယ်ရံတော်ဂုဏ်ပြုတပ်ဖွဲ.ကို အမေရိကန်လုံခြုံရေးအဖွဲ.ကမြန်မာနိုင်ငံမှာလိုထင်တိုင်းကြဲခွင်.ရှိမည်မထင်ပါ ။ မြန်မာသည် ဈေးပေါလွန်းသော ပန်းတပွင်.ဖြစ်နေပါသည် ။ ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဟိုလူလာအောက်ကျို.ရ ဒီလူလာအောက်ကျို.ရဟူသော နိုင်ငံကြီးဖြစ်နေပါသည် ။ ကျွန်တော်သာသမ္မတဦးသိန်းစိန်နေရာမှာဆိုလျင် သမ္မတအိုဘားမားလာချင်လာမလာချင်နေ မိမိဂုဏ်ပြုတပ်ဖွဲ.ကိုမိမိမြေတွင်နိုင်ငံခြားတပ်ဖွဲ.တဖွဲ.၏ရှာဖွေစစ်ဆေးခွင်.ကိုလက်သင်.ခံမည်မဟုတ်ပါ ။ ထိုအချက်ကိုသဘောမတူသဖြင်. အမေရိကန်သမ္မတမလာနိုင်လျင်လဲ ကမ္ဘာကိုသတင်းထုတ်ပြန်လိုက်ရုံသာရှိသည် ။ ဤနေရာ၌ရွှေတိဂုံစေတီဂေါပကအဖွဲ.သည် မြန်မာအစိုးရထက် ရပ်တည်ချက်ပြတ်သားပြီးသတ္တိရှိသည်ဟုဆိုရမည် ။ ၂၀၁၂ ခုတွင် အိုဘားမားရန်ကုန်သို.လာစဉ်က ရွှေတိဂုံစေတီသို.တက်ရောက်ဖူးမျှော်ရာတွင် အမေရိကန်လုံခြုံရေးတပ်ဖွဲ.၀င်များက လုံခြုံရေးရှုထောင်.အရ ဘုရားပေါ်တွင်ခြေဗလာဖြင်.မသွားနိုင်ကြောင်း (ဖိနပ်မချွတ်နိုင်ကြောင်း) အပြင်းအထန်အရေးဆိုခဲ.ကြသည် ။ဤကိစ္စသည်လက်ခံနိုင်စရာမရှိ ဘုရားရင်ပြင်တော်ပေါ်တက်သူမည်သူမဆို လုံခြုံရေးဖြစ်ဖြစ် ၊စစ်သားဖြစ်ဖြစ် ၊သမ္မတဖြစ်ဖြစ်ဖိနပ်ချွတ်ရမည် ။ ဖိနပ်မချွတ်လျင်တက်ခွင်.မပြု ဟုအကြောင်းပြန်ခဲ.သည် ။ နောက်ဆုံးတွင် အိုဘားမား ရွှေတိဂုံကုန်းတော်ပေါ်တွင်ရှိနေစဉ် အမေရိကန်လုံခြုံရေးအဖွဲ.၀င်များတာဝန်မယူပဲမြန်မာလုံခြုံရေးအဖွဲ.၀င်များတာဝန်ယူဖို.ကိစ္စကို သမ္မတအိုဘားမားသဘောတူကာ (သူ.လုံခြုံရေးတပ်ဖွဲ.များကို ဘုရားခြေရင်းတွင်ထားခဲ.ကာ) အမေရိကန်သမ္မတ ဘုရားပေါ်သို.ဖိနပ်ချွတ်၍ မြန်မာ.ဓလေ.ထုံးစံကိုလေးလေးစားစားဘုရားဖူးခဲ.လေသည် ။ လိုက်လျောစရာမလိုသောကိစ္စကိုအစတည်းကပြတ်သားစွာပြောရပေမည် ။ နိုင်ငံခြားသားများနှင်. နှစ်ပေါင်းနှစ်ဆယ်ခန်.အလုပ်လုပ်လာသော ကျွန်တော်.အတွေ.အကြုံအရပြောလျင် သူတို.သည် အခွင်.အရေးကိုရသလောက်တောင်းတတ်သည် ။ ပျော.ညံ.သူကိုပို၍ဖိသည် ။ မလုပ်နိုင်ဘူး ၊ မဖြစ်နိုင်ဘူးဆိုသည်.စကားကိုချက်နှင်.လက်နှင်.ရဲရဲဝံ.၀ံ. ပြန်ပြောလာလျင်တော.သူတို.ဖြုံသည် ။ ဟိုလိုလိုသည်လိုလိုဖြင်.ပြန်လျှောချသွားတတ်သည် ။ အရာရာကိုကဏ္ဍကောစတိုက်ဖို.ပြောနေခြင်းမဟုတ် ။ မဖြစ်နိုင်သည်ကိုမဖြစ်နိုင်ကြောင်း ၊ မလုပ်နိုင်လျင်မလုပ်နိုင်ကြောင်း ပြတ်ပြတ်သားသား အားမနာတမ်းပြောရဲသောသတ္တိကိုမွေးကြဖို.ဖြစ်သည် ။ ထိုသို.မဟုတ်ပဲ မီးပွိုင်.တွင် မီးစိမ်းနေစဉ် ကားရပ်ခိုင်းပြီးဓါတ်ပုံရိုက်ချင်သည်ဆိုသည်.တိုးရစ်ကိုမပြောရဲသဖြင်.ရပ်ပေးသော တိုးရစ်ဂိုဒ်အချို.ကိုလည်းတွေ.ဖူးသည် ။ ကျွန်တော်သာဆိုလျင်တစ်ခုပဲမေးမိမည် ။ လူကြီးမင်းတို.နိုင်ငံမှာမီးပွိုင်.မှာကားရပ်ပြီးတိုးရစ်တွေဓါတ်ပုံရိုက်လို.ရသလားဟူ၍ဖြစ်သည် ။ Customer is always right ဆိုသည်မှာငွေဝယ်ကျွန်စိတ်ပေါက်နေသောလုပ်ငန်းရှင်အချို.၏အရှက်မရှိသောကြွေးကြော်သံဖြစ်သည် ။ customer သည်အမြဲမ Right နိုင်သလို အလုပ်သမားဘက်ကလည်းအမြဲမမှားနိုင်ပါ ။
နောက်တစ်ခုထပ်ပြောချင်သည်က ၂၀၁၂ အိုဘားမားလာစဉ်က သမ္မတကြီးဦးသိန်းစိန်နှင်.တွေ.စဉ် သမ္မတကြီးဦးသိန်းစိန်၏သဘောထားဖြစ်သည် ။ သမ္မတကြီးဦးသိန်းစိန်က အမေရိကန်သမ္မတအိုဘားမားကို နေပြည်တော်အမြန်လမ်းမကြီး အဆင်.မြှင်.တင်ပေးဖို.အကူအညီတောင်းသည် ။ မြန်မာနိုင်ငံတွင်မီးမလင်းသောဒေသများမီးလင်းရေး အမေရိကန်ပြည်ထောင်စုကကူညီဖို. ပြောသည် ။ သမ္မတကြီးဦးသိန်းစိန်သည်နိုင်ငံအတွက် စေတနာဖြင်.ပြောခဲ.ခြင်းဖြစ်နိုင်ပါသည် ။ ကျွန်တော်.အမြင်တွင်တော. ဒါတွေပြောနေခြင်းသည်ရှက်ဖို.ကောင်းသည် ။ ကိုယ်.လမ်း ၊ ကိုယ်.နိုင်ငံ မီးလင်းရေးသည် ကိုယ်.ပိုက်ဆံဖြင်.ကိုယ်တိုင်လုပ်ရမည်.ကိစ္စဖြစ်သည် ။ နေပြည်တော်လမ်းမကြီးဖောက်ခဲ.စဉ်ကလည်းအိုဘားမားကိုတိုင်ပင်ခဲ.သည်မဟုတ် ။ မြန်မာနိုင်ငံမှသဘာဝဓါတ်ငွေ.များတရုတ်နှင်.ထိုင်းကိုရောင်းစားစဉ်ကလည်း အိုဘားမားကော်မရှင်ရခဲ.သည်မဟုတ် ။လမ်းမကောင်းကာမှ ၊ မီးမလာကာမှ အိုဘားမားကို ခုပဲတွေ.ဖူးရုံရှိသေး ကိုယ်.ဒုက္ခတွေအထုတ်ဖြေပြသည်မှာရှက်ဖို.ကောင်းသည် ။ ခုမှတွေ.ဖူးသူဆီကရောက်ရောက်ခြင်းဆောက်နဲ.ထွင်းတောင်းရမ်းနေရသည်မှာမြန်မာသမ္မတသည် လက်ဖြန်.ခံဘ၀သို.ရောက်နေရပေသည် ( ဒိထက်ရေးလျင် ပြန်ကြားရေးကတရားစွဲမှာလည်းကြောက်ရသေးသည် ) ။ ကျွန်တော်သည်ကိုယ်.သမ္မတဘက်ကနာ၍ရေးနေရခြင်းဖြစ်ပါသည် ။ဖြစ်သင်.သည်မှာ အိုဘားမားလည်းသမ္မတ ၊ဦးသိန်းစိန်လည်းသမ္မတဖြစ်သဖြင်. အိုဘားမားရေ ခင်ဗျားကိုကျွန်တော်ဘာကူညီရမတုန်းဟုမေးစေချင်ပါသည် ။ တန်းတူရည်တူရှိစေချင်ပါသည် ။ အင်္ဂလိပ်သံအမတ်ကိုအလောင်းမင်းတရားပြောသလိုပြောစေချင်ပါသည် ။၁၇၅၅ ခုနှစ် ၊သြဂုတ်လ ၁၇ ရက်နေ. ညနေ ၄ နာရီတွင်အင်္ဂလိပ်သံမှူး ဘေကာ ကမြန်မာဘုရင်အလောင်းမင်းတရားကြီးရှေ.တော်မှောက်သို.၀င်ရောက်ပြီး အရှေ.အိန္ဒိယကုမ္မဏီနှင်.အင်္ဂလိပ်အစိုးရက မင်းတရားကြီးလိုအပ်သောကူညီထောက်ပံ.မှုမျိုးကိုပေးနိုင်ပါသဖြင်. မဟာမိတ်စာချုပ်များချုပ်သင်.ပါသည်ဟုတင်လျှောက်သောအခါမြန်မာဘုရင်အလောင်းဘုရားသည် ဟက်ဟက်ပက်ပက်ရယ်တော်မူပြီးအောက်ပါအတိုင်းပြောသည်ဟု သံမှူးဘေကာ၏မှတ်တမ်းတွင်ဖော်ပြခဲ.၏ ။
“ ဟားဟား - သင်တို.အကူအညီကိုငါတောင်းခံဖူးသလော ၊ ငါ၏ရန်သူတော်များကိုနှိမ်နှင်းရာတွင် သူတပါး၏အထောက်အပံ.ကိုလိုလားခဲ.ဖူးသလော ၊မည်သူမျှထိုသို.မထင်မြင်စေလို။ငါသည် သုံးနှစ်တာကြာကာလအတွင်းအရပ် ၄-မျက်နှာရှိ ရန်သူတော်မျိုးစုံတို.အား သူတပါးထံမှသေနတ်တလက် အမြောက်တခုမျှအကူအညီမယူပဲအောင်တော်မူခဲ.သည်မဟုတ်လော …..… ” အလောင်းမင်းတရားသည် အင်္ဂလိပ်ကမြန်မာကိုကူညီမည်ဟူသောစာယူလာသူသံမှူးကို ဤသ၀ဏ်လွှာရေးသူသည် ရူးသွပ်လေသလော ဟုပင်မေးခဲ.သည် ။ ပြည်ပနိုင်ငံတစ်ခုက မြန်မာလိုနိုင်ငံတော်မျိုးကို ကူုညီမည်ဆိုခြင်းမှာရှက်စရာ ရယ်စရာ ကိစ္စဟု လွန်ခဲ.သော (၂၅၉ )နှစ်က မြန်မာဘုရင်အလောင်းဘုရားကသဘောထားခဲ.သလို ယခု ၂၀၁၄ တွင်လည်းသဘောထားနိုင်အောင်ကြိုးစားကြစေချင်ပါသည် ။ သူများဆီအမြဲတမ်းလက်ဖြန်.ခံနေရတာရှက်ဖို.ကောင်းလှပါသည် ။
နိုင်ငံခြားမှခေါင်းဆောင်များလာရောက်စဉ်ကျွန်တော်နောက်ထပ်သတိထားမိသည်မှာအမေရိကန်သမ္မတအိုဘားမား လာရောက်မိန်.ခွန်းပြောမည်. ရန်ကုန်တက္ကသိုလ်စိန်ရတုခမ်းမ ၊ လာရောက်လည်ပါတ်မည်. ဗိုလ်အောင်ကျော်လမ်းဝန်ကြီးများရုံး ၊ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး လာရောက်ကြည်.ရှုမည်.ရန်ကုန်စာတိုက်ကြီ်းစသည်.နေရာများကိုဖုတ်ပူမီးတိုက် အမှိုက်များရှင်းခြင်း ။ဆေးသုတ်ခြင်း ၊ကော်ဇောနီများခင်းခြင်း ၊ လမ်းဘေးဈေးသည်များရှင်းထုတ်ခြင်း ၊လုံခြုံရေးတပ်ဖွဲ.၀င်များချထားခြင်း ၊ စာတိုက်ကြီးတွင် အ၀င်အထွက်စာလာပို.သူများကို စစ်ဆေးရှာဖွေခြင်းများပြုလုပ်ကြသည် ။ ဤသို.လုပ်သည်မှာကောင်းပါ၏ ။သို.သော် ထိုသို.အမြဲလုပ်နေရမည်ဖြစ်သော်လည်း အမေရိကန်သမ္မတလာမှကောက်ရိုးမီးလို ဟုန်းကနဲထလုပ်ကြတာ မဖြစ်သင်.ပေ ။ ၂၀၁၂ တုန်းက အိုဘားမားလာပြီးမိန်.ခွန်းပြောသဖြင်.ရန်ကုန်တက္ကသိုလ်ကြီးကို ခနပန်းဆေးသုတ်ပြင်ဆင်ခဲ.ဖူးသည် ။ ဟိုတလောက ( ၂၀၁၄ အောက်တိုဘာ ၂၃ ရက်နေ.က ) ရန်ကုန်တက္ကသိုလ်ထဲသို.ကိစ္စတခုဖြင်.ရောက်ခဲ.ရာ နေရာတိုင်းတွင်မြက်ရိုင်းပင်များရှည်လျားစွာပေါက်နေသည် ။ ယခင်ကနေ.စဉ်ကျွန်တော်တို.သွားလာခဲ.ရာ ဂျပ်ဆင်ဘေးမှ ဒဂုံဆောင်သို.သွားရာလမ်းမကြီးမှာလည်း သံတံခါးဖြင်.အသေပိတ်ထားသည် ။ ကော်ရစ်ဒါများကိုလည်း ဘေးမှဝင်၍ထွက်၍မရစေရန်သံပန်းများဖြင်.ပိတ်ထားသည် ။ နေရာတကာပိတ်ထားသဖြင်. ပြိတ္တာတက္ကသိုလ်ကြီးဖြစ်နေပါသည် ။ ကိုယ် (၆) နှစ်တာနေထိုင်ခဲ.သောတက္ကသိုလ်ဝင်းထဲမှာပင်လမ်းပိတ်တာတွေများလွန်းသဖြင်.မသွားတတ်တော.သော ကြောင်.အနီးရှိဝန်ထမ်းမိန်းကလေးတစ်ဦးကို ညီမရယ်တောင်ငူဆောင်ကန်တီးကိုဘယ်လိုသွားရမလဲ ၊ဦးချစ်လက်ဘက်ရည်ဆိုင်သွားချင်လို.ပါ ဟုရှက်ရှက်နှင်.မေးခဲ.ရပေသည် ။အိုဘားမားလာတော.ဟန်ပြဖွင်. ၊ ပြီးတော.ယခင်အကျင်.အတိုင်း ဟိုလမ်းပိတ် ၊ဒီလမ်းပိတ် ၊ ဟိုဖြတ်လမ်းကိုဆို. ၊ ဒီလူသွားလမ်းကို ပိတ် စသည်ဖြင်. လုပ်ထားရာ တက္ကသိုလ်သည် တက္ကသိုလ်နှင်.မတူတော.ပေ ။ စစ်တန်းလျားလိုလို ၊ အကျဉ်းထောင်လိုလိုဖြစ်နေပေသည် ။ ကျွန်တော်တို. ၁၉၈၈ မှ ၁၉၉၄ အထိ တက်ခဲ.စဉ်ကရန်ကုန်တက္ကသိုလ်သည် ဘယ်လမ်းမှပဲသွားသွားတံခါးမရှိ ဓားမရှိလွတ်လပ်စွာသွားနိုင်ကြလေသည် ။ အမရဆောင်ဝင်ပေါက် ၊အဓိပတိလမ်းဝင်ပေါက် ၊ ဂျပ်ဆင်ဝင်ပေါက် ၊ ဘွဲ.နှင်းသဘင်ဝင်ပေါက် ၊သထုံလမ်းဝင်ပေါက် ၊ Eco ၀င်ပေါက် စသည်ဖြင်. ဘက်ပေါင်းစုံမှ ၀င်လွယ်ထွက်လွယ်ရှိခဲ.ပေသည် ။ယခုတော.ဘာအကျင်.မှန်းမသိ ၊ ဟိုနေရာပိတ် ၊ဒီနေရာပိတ်ဖြစ်နေတော.သည် ။
ယခုအခါ လည်းဝန်ကြီးများရုံး ၊ စာတိုက်ကြီး ၊ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမတို.ကိုခါတော်မီဖုန်သုတ်ပွဲထုတ်ခဲ.ပေသည် ။ အိုဘားမားရန်ကုန်မလာခင် တစ်ရက်ဖြစ်သော ၁၃.၁၁.၂၀၁၄ မှစကာ ရန်ကုန်လေဆိပ်မှ ကမ္ဘာအေးဘုရားလမ်း ၊ကမ်းနားလမ်းအထိ ဓါတ်တိုင်တစ်တိုင်လျင် ရဲလုံခြုံရေးတစ်ယောက်ချထားပေသည် ။ရဲများမှာနေပူကျဲကျဲတွင်ဝဋ်ခံရသလိုမတ်တပ်ရပ်နေရပေသည် ။ လမ်းဘေးဈေးသည်များလည်းမရှိပဲပလက်ဖောင်းတွေမြို.ထဲမှာရှင်းနေသဖြင်.လမ်းလျှောက်၍ကောင်းကာ အိုဘားမားနေ.တိုင်းလာပါစေ ဟုဆုတောင်းရမလိုဖြစ်နေသည် ။ရန်ကုန်စာတိုက်ကြီးအမြန်ချောပို.ကောင်တာမှဝန်ထမ်းများမှာလည်း ဟုတ်ကဲ.ပါရှင် ၊ကျေးဇူးတင်ပါတယ်ရှင်စသည်ဖြင်.ယဉ်ကျေးပျူငှာလွန်းအားကြီးနေသဖြင်. ရုတ်တရက်အိပ်မက်မက်နေသလားဟုတွေးမိကာကိုယ်.လက်ကိုကိုယ်ဆိတ်ကြည်.ရသည် ။ ပွဲစားတွေလဲတစ်ယောက်မှမရှိ ၊ လမ်းဘေးဈေးသည်မရှိ ၊အမှိုက်မရှိ ၊စာတိုက်ထဲမှသံ လှေကားထစ်ကိုပင်ဆေးသုတ်ထားသည် ။ကော်ဇောတွေလည်းခင်းထား၏။ကျွန်တော်တို.လိုချင်သည်မှာ အမေ၇ိကန်သမ္မတလာကာမှ ကယောင်ကတမ်းထလုပ်သောအပေါ်ယံရွှေမှုန်ကြဲ ၀န်ဆောင်မှုများ ၊ စည်းကမ်းကလနားများမဟုတ် ၊ မြန်မာပြည်သူလူထုကို အိုဘားမားဟုနေ.စဉ်သဘောထားကာ ထိုဝန်ဆောင်မှုမျိုးပေးစေချင်သည် ။ထိုသန်.ရှင်းမှုမျိုးပေးစေချင်သည် ။ ထိုလုံခြုံမှုမျိုးပေးစေချင်သည် ။မြန်မာမိန်းကလေးတစ်ဦး ညသန်းခေါင်ပင်ဖြစ်စေလုံလုံခြုံခြုံ တစ်ယောက်တည်းလမ်းလျောက်အိမ်ပြန်နိုင်သည်. လုံခြုံမှုမျိုးအစိုးရဘက်ကဖန်တီးပေးစေချင်သည် ။ အစိုးရဌာနများသည်ပြည်သူလူထုကို ပြုံးချိုလေးစားသောဝန်ဆောင်မှုအမြဲပေးစေချင်သည် ။ စည်ပင်သာယာဌာနသည် လမ်းတိုင်း ရုံးတိုင်း နေရာတိုင်းကို အိုအားမားနေ.စဉ်လာသလိုသဘောထားပြီး သန်.ရှင်းရေးလုပ်စေချင်သည် ။ မြန်မာနိုင်ငံရဲတပ်ဖွဲ.နှင်.တပ်မတော်သည် ပြည်သူလူထုဘ၀အိုးအိမ်စည်းစိမ်လုံခြုံရေး ၊ရာဇ၀တ်မှုတိုက်ဖျက်ရေး။တရားဥပဒေစိုးမိုးရေးကို အမေရိကန်သမ္မတ လမ်းကြိုလမ်းကြားသို.နေ.တိုင်းရောက်လာသလိုသဘောထားကာနေ.စဉ်အင်တိုက်အားတိုက်ဆောင်ရွက်ကြ စေချင်သည် ။
ယခုတော.ဤသို.မဟုတ် ။ အိုဘားမား၊ ဘန်ကီမွန်း၊ရှင်ဇိုအာဘေး စသော ကမ္ဘာ.ခေါင်းဆောင်များပြန်သွားသဖြင်.ငါတို.တာဝန်ပြီးချေပြီဟု လမ်းပေါ်တွင်ချထားသောလုံခြုံရေးများရဲစခန်းသို.ပြန်ရောက်သွားမည် ။ လမ်းဘေးဈေးသည်များကိုထွက်လို.ရပြီဟု မီးစိမ်းပြန်ပြမည် ။ ရွှန်းရွှန်းဝေခဲ.သောဝန်ထမ်းများနဂိုမျက်နှာကျောသို.ပြန်ရောက်မည် ။ ကွမ်းတံတွေးများ အမှိုက်များပြန်ရောက်လာမည် ။ ရုံးပြင်ကနား၌ ပွဲစားတို.ခြေချင်းလိမ်မည် ။တက္ကသိုလ်၌ဖွင်.ထားသောတံခါးတို.သော.ပြန်ပိတ်မည် ။ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ နေ.လည်ဘက်ပိတ်မြဲပိတ်ထားမည် ။ ယဉ်မရပ်ရနေရာများ၌ထုံးစံအတိုင်းကားများရပ်ကြမည် ၊် ။လူတို.ကားလမ်းပေါ်မှလမ်းဆင်းလျှောက်ရမည် ။ယဉ်ကြောပိတ်ဆို.မြဲမြဲပိတ်ဆို.ပေဦးမည် လာဘ်ပေးလာဘ်ယူမှုများဆက်လက်ဖြစ်ပွားမည်။အရာရာသည်ခေတ္တနေသာရာမှမိုးမှောင်ကြီးကျသလို တလောကလုံးပြန်လည်မည်းမှောင်ကာဒုံရင်းအတိုင်းပြန်ရောက်သွားလိမ်.မည် ။ မှောင်မိုက်သောကောင်းကင်ယံ၌ အိုဘားမားဟူသောလျှပ်တစ်ချက်ပြက်လိုက်စဉ်လင်းလက်တောက်ပသွားပြီးတလောကလုံးပြန်လည်မဲမှောင်သွားလိမ်.မည် ။ အကယ်တန္တု အစိုးရကသာမြန်မာလူထုကို အိုဘားမား၏တစ်ဝက်လောက်အလေးထားဆက်ဆံကြည်.ပါ ။ ပြည်သူလူထုသည် ၂၀၁၅ တွင် ဝေးဝေးလံလံအားအားလျားလျားအတိုက်အခံကိုမဲထည်.ကြမည်မဟုတ်ပါ ။ လက်ရှိအစိုးရနှင်.လက်ရှိအာဏာရပါတီကိုသာမဲထည်.ကြမည်ဖြစ်သည် ။ ယခုတော.အစိုးရကကောက်ရိုးမီးလို အလုပ်လုပ်ပြနေပါလျင် ပြည်သူလူကလည်းအစိုးရကိုဒုံရင်းနေရာဖြစ်သောချဉ်ဖတ်အိုးထဲသို.ပ.ိုလိုက်ကြမည်မှာမလွဲဧကန်ဖြစ်ပါကြောင်း ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၂၅.၁၁.၂၀၁၄

No comments:

Post a Comment