Friday, September 19, 2014

သစ်တောဦးစီး ဌာနမှ ကား(၁)စီး အားစစ်ဆေးရန် တာဆီးစဉ်အဆိုပါယာဉ်မှာ အရှိန်မြှင့်ပြီး ထွက်ပြေးမောင်းနှင်သွားခဲ့သဖြင့်လိုက် လံဖမ်းဆီးရာ ကျွန်းခွဲသား ဆိုဒ်စုံ(၃၇)ချောင်း (၁.၇၀၃၂)တန် ဖမ်းဆီးရမိ ပြည့်သဲမောင်(ပြည်)




သစ်တောဦးစီး ဌာနမှ ကား(၁)စီး အားစစ်ဆေးရန် တာဆီးစဉ်အဆိုပါယာဉ်မှာ
အရှိန်မြှင့်ပြီး ထွက်ပြေးမောင်းနှင်သွားခဲ့သဖြင့်လိုက် လံဖမ်းဆီးရာ ကျွန်းခွဲသား
ဆိုဒ်စုံ(၃၇)ချောင်း (၁.၇၀၃၂)တန် ဖမ်းဆီးရမိ
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ ရွှေတောင်မြို့မရဲစခန်းအရှေ့ေ
တာင်ဘက်(၉)မိုင် ၅ဖာလုံခန့် ရန်ကုန် ပြည်ကားလမ်းမိုင်တိုင်အမှတ်(၁၇၄/၁)နွား
မယံအုပ်စု၊နွားမယံရွာရှိလမ်း အသုံးပြုကောက်ခံရေးတိုးဂိတ်တွင် တရားမ၀င်သစ်
များ သယ်ဆောင်လာသော ကား(၁)စီး အား သစ်တောဦးစီး ဌာနမှမြို့နယ်ဦးစီးမှူးဦး
စည်သူလင်းနှင့်အဖွဲ့မှစုံးစမ်းနေစဉ် ပြည်ဘက်မှရန်ကုန်ဘက်သို့မောင်းနှင်းလာသော
၈ဈ/ HiaceToyota(ရွှေရောင်)ယာဉ် အားစစ်ဆေးရန် တာဆီးစဉ်အဆိုပါယာဉ်မှာအ
ရှိန်မြှင့်ပြီး ရန်ကုန်ဘက်သို့ထွက်ပြေးမောင်းနှင်သွားခဲ့၍လိုက်လံဖမ်းဆီးရာ ရွှေတောင်
မြို့နယ်၊ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ်(၁၅၉/၇)နှင့် (၁၆/၀)အကြားရှိ လမ်းအေ
ရှ့ဘက်ကိုက်(၂၀၀)ခန့်အကွာ ၀စင်္ကြဘုရားနောက်ဘက်ချူံစပ်တွင်တွေ့ရှိရပြီး ယာဉ်ပေါ်
တွင် ယာဉ်မောင်းနှင့်အခြားသူတစ်ဦးမှတွေ့ရှိခြင်းမရှိဘဲကျွန်းခွဲသားဆိုဒ်စုံ(၃၇)ချောင်း
(၁.၇၀၃၂)တန် (ခန့်မှန်းတန်ဖိုး) (၄၂၅၈၀၀/-)၊ယာဉ်နံပါတ်ပြား(၂)ခု (YGN ၈ည/ YGN 8F/8157)နှင့်ဦးထွန်းထွန်းဦး၊ဇေယျာသုခလမ်း၊ဈေးရပ်ကွက်၊တိုက်ကြီးမြို့လိပ်စာပါနိုင်ငံ
သားစစ်ဆေးရေးကဒ်တစ်ခုအားတွေ့ရှိခဲ့ရပြီးမြို့နယ် သစ်တောဦးဌာနမှ ခရိုင်သစ်တော
ဦးစိးဌာနသို့တင်ခဲ့ရာတွင်ရဲစခန်းတွင် အမှုင်ဖွင့်လှစ်ဆောင်ရွက်ရန် ညွှန်ကြားလာသဖြင့် ရဲစခန်းလာရောက်တိုင်စာပေးပို့ တိုင်တန်းလာခဲ့သည်။

ထို့ကြောင့် ကျွန်းခွဲသားများအား တရားမ၀င်သယ်ဆောင်လာသူ ဦးထွန်းထွန်းဦးအား
အရေးယူပေးပါရန် ဦးစည်သူလင်းမှ စက်တင်ဘာလ ၁၆ ၇က်နေ့တိုင်တန်းချက်အရ
ရွှေတောင်မြို့မရဲစခန်း (ပ)၂၄၅/၂၀၁၄၊ပပက၆(၁)ဖြင့် အမှုရေးဖွင့်ထားရှိကာ အမှုအား
ဒုရဲအုပ်သန်းလင်းဦးမှ စစ်ဆေးပြီး အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိေ
ကြာင်းသိရသည်။
မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင်(ပြည်)

No comments:

Post a Comment