Friday, September 19, 2014

ဂျပန်အပါအ၀င် နိုင်ငံတော်တော်များများ ပိတ်ပင်ထားတဲ့ ဈေးရောင်းနည်း

Multi Level Marketing (သို့မဟုတ်) လိမ်ဆင်

ဂျပန်အပါအ၀င် နိုင်ငံတော်တော်များများ ပိတ်ပင်ထားတဲ့ ဈေးရောင်းနည်းပါ ဒါကို မြန်မာပြည်မှာတရားဝင်ရောင်းနေပါတယ် ပညာတတ်တွေပါ ခံလိုက်ရပါတယ် အင်မတန်ကြောက်ဖို့ ကောင်းတဲ့နည်းပါ တစ်လတစ်လ ဟုတ်နိုးဟုတ်နိုးနဲ့ သိန်းချီကုန်တာပါ ဆေးပစည်းရောင်းတဲ့ကုမဏီတုံးကဆို တစ်လ ၁၀သိန်းနီးပါးပါ ခံလိုက်ရတဲ့ ပညာတတ်တွေ တောင် ၆လလောက်မှာဒိဈေးရောင်း နည်းကို လေ့လာမိပါတယ် ပစည်းကို လဲ တန်ဖိုးထက်အဆမတန်မြှင့်ထားပါတယ် ကိုယ်လုပ်တာလဲ အဓိကက အဲဒိမှာ ပစည်းကို မဖြစ်မနေကိုယ်ဝယ်သုံးနေရတာပါ အဲဒီပစည်းက ပေါက်ဈေးထက် အများကြီးတင်ထားပါတယ် တရားဝင်တင်သွင်းထားတာလဲမဟုတ်ပါ
ဖတ်ဖြစ်အောင်ဖတ်ကြည့်ပေးပါ ကိုယ်ကမန်ဘာရရင်တောင်ကိုယ့်အောက် ကမန်ဘာသနားဖို့ အလွန်ကောင်းပါတယ် ကိုယ်ချင်းစာကြပါ ကိုယ်က လဲ လစဥင်္ မတန်တရာဈေးနဲ့ ပစည်းကို ၀ယ်သုံးနေရပါတယ် ကိုယ်ပြန်ရတဲ့ငွေက သူ့ ပစည်းတစ်ထောင်တန်ကို ၃သောင်းလောက်နဲ့ ၁သောင်းတန်ဆို ၁သိန်းလောက်နဲ့ပြန်ရောင်းနေတာပါ အဲဒီအမြတ်ထဲက မှ ၁% လောက်ကို့ ကိုပြန်ပေးတာပါ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူ့ ကိုအလုပ်လုပ်ပေးနေတာပါ တကယ်ဝင်ငွေအများကြီးရတယ်ဆိုတဲ့သူတွေက သူတို့ ပင်ရင်းက လူတွေပါ သာမန်မန်ဘာ ဘာမှမရပါ သတိထားကြည့်ကြပါ မန်ဘာချမ်းသာနေသလိုလုပ်ပြတာလဲ သူတို ဒလန် လုပ်တာပါ အင်မတန်ပညာပါပါတယ် သတိထားကြပါ
ညခင်းပိုင်းအိမ်တွင် နားနားနေနေ တီဗီကြည့်နေခိုက် သင့်အလုပ်ထဲမှ မိတ်ဆွေတစ်ဦးက ကောင်းမွန်သပ်ရပ်စွာ ထုပ်ပိုးထားသည့် ဆေးဝါးများ၊ အလှကုန်များပါဝင်သည့် အိတ်တစ်လုံးကိုဆွဲကာ သင့်ထံသို့အရောက်လာပြီး ‘‘ဒီပစ္စည်းတွေက အရမ်းကောင်းတယ်။ ကိုယ်တွေ့နော်။ ဒါလေးသုံးကြည့်ပါဦး။ လစဉ်အပိုငွေရချင်ရင် ဒီမှာ မန်ဘာဝင်လိုက်ပါလား။ လက်ရှိအလုပ်အကိုင်လည်း မပျက်ဘူး။ မန်ဘာဝင်အသစ်ရှာနိုင်ရင် သူတို့ဆီကနေ ကော်မရှင်လည်း လတိုင်းပုံမှန်ရမယ်။ အချိန်တိုတိုအတွင်း ကိုယ့်ကြိုးစားမှုပေါ်မူတည်ပြီး သိန်းဂဏန်းဝင်ငွေကို အေးအေးဆေးဆေးထိုင်ယူရုံပဲ။ ကဲ..ဒီလောက်ကောင်းတဲ့ စီးပွားရေးမြန်မာပြည်မှာ ရှိသေးလား’’ဟု ပြောဆိုစည်းရုံးနေသံများ၊ ပြောဆိုစည်းရုံးနေသူများကို သင့်အနေဖြင့် ကြုံဖူး၊ ကြားဖူးပါလိမ့်မည်။ အကယ်၍ စာဖတ်သူအနေဖြင့် သူတို့ပြောနေသည်မှာ ဘာလုပ်ငန်းလဲ၊ ဘယ်လိုလုပ်ရတာလဲ တကယ်ကောဟုတ်ရဲ့လားဟု သင် သံသယ၀င်မိလျှင်တော့ ဤဆောင်းပါးကို အဆုံးထိဖတ်ဖို့ လိုလာပါပြီ။ ဤလုပ်ငန်း၏ အမည်နာမမျိုးစုံပါသည်။ လူသိအများဆုံးနာမည်များကို ပြောရမည်ဆိုလျှင်တော့ အချိန်တိုအတွင်း သူဌေးဖြစ်သည့်လုပ်ငန်း (၀ါ) Pyramid Scheme (၀ါ) ဆင့်ပွားစီးပွားရေးစနစ် (၀ါ) Multi-Level Marketing စနစ်ဟု ခေါ်ဆိုကြပါသည်။

ယင်းစနစ်ဖြင့် စည်းရုံးရေးဆင်းလေ့ရှိသူများ အများဆုံးဆွဲဆောင်သည့်အချက်မှာ မန်ဘာဝင်မည့်သူအနေဖြင့် ကုမ္ပဏီထုတ်ဆေးဝါးများ၊ အလှကုန်များကို ကိုယ်တိုင်သုံးစွဲနိုင်သကဲ့သို့ အခြားသူများအား တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့် ကော်မရှင်ရရှိမည်ဖြစ်ကြောင်း၊ မန်ဘာဝင်အသစ်များ ရှာဖွေနိုင်ပါက လစဉ်မည်သည့်လုပ်ငန်းမှ လုပ်စရာမလိုဘဲ မိမိရှာဖွေထားသည့် မန်ဘာဝင်များ ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်အမြတ်ငွေ ထိုင်ယူနေရမည် ဖြစ်သည့်အတွက် အကျိုးအမြတ် လွန်စွာများသည့် စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ပြောဆိုစည်းရုံးကြခြင်း ဖြစ်သည်။

မန်ဘာဝင်ရန်အတွက် စာရွက်စာတမ်းကြေး တစ်သောင်း၊ တစ်သောင်းခွဲဝန်းကျင် ကုန်ကျပြီး မန်ဘာများကိုလည်း Level များ ခွဲခြားထားသည်။ ပထမတန်းမန်ဘာဖြစ်ရန်အတွက် ယင်းကုမ္ပဏီထုတ်ကုန်စည်များအား ဆယ်သိန်းဖိုး အနည်းဆုံးဝယ်ရန်လိုအပ်ပြီး ဒုတိယတန်းစား မန်ဘာအတွက်မူ သုံးသိန်းခွဲမှ လေးသိန်းဝန်းကျင်ဝယ်ရန် လိုအပ်ပေသည်။ တတိယတန်းစား မန်ဘာအတွက်မူ တစ်သိန်းခွဲမှ နှစ်သိန်းဖိုးဝန်းကျင် ၀ယ်ရန်လိုအပ်ကြောင်း အကြမ်းဖျင်းသတ်မှတ်ထားသည်။ ထိုကဲ့သို့ အဆင့်အတန်းဖြင့် ခွဲခြားသကဲ့သို့ အမှတ်ဖြင့်လည်း သတ်မှတ်သည်များရှိပေသည်။ သို့သော်လည်း တူညီသည့်အချက်မှာ မန်ဘာဝင်ရန်အတွက် သင့်အနေဖြင့် အနိမ့်ဆုံးငွေ သိန်းဂဏန်းစတင်အသုံးပြုရမည်ဖြစ်ပြီး ကုမ္ပဏီဘက်ကမူ အဆိုပါငွေကို အချိန်တိုအတွင်း ပြန်ရရှိမည်ဖြစ်ပြီး လစဉ်အမြတ်ငွေမှာလည်း သင့်အရင်းငွေနီးပါးရရှိမည်ဖြစ်ကြောင်း မက်လုံးတွင်တွင်ပြော၍ စည်းရုံးလေ့ရှိသည်။ ၎င်းတို့ပစ်မှတ်ထားလေ့ရှိသူများမှာ လူလတ်တန်းစားအိမ်ထောင်ရှင်မများ၊ အစိုးရ၀န်ထမ်းအမျိုးသမီးများ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါကုမ္ပဏီများ ထုတ်လုပ်ရောင်းချသည့် ကုန်စည်များမှာ အမျိုးသမီးထုအကြား ရေပန်းစားသော ပိန်ဆေး၊ အဆီချဆေး၊ အသားအရေလိမ်းဆေး၊ အားဖြည့်ဆေး စသည့် ဆေးဝါးများ၊ အလှကုန်စည်များသာ ဖြစ်ပါသည်။ ထို့အတူ သက်ကြီးပိုင်းအိမ်ထောင်ရှင်များအတွက် ကာမအားတိုးဆေး စသည့်အထူးဆေးဝါးများကိုလည်း လက်သိပ်ထိုးရောင်းချလေ့ရှိပြီး ကုန်စည်တစ်ခုလျှင် သိန်းဂဏန်းအနည်းဆုံး ပေးဝယ်ရလေ့ရှိပါသည်။

မန္တလေးမြို့တွင် အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေကြသည့် ကုမ္ပဏီခွဲများ ဆယ်ခုဝန်းကျင်ရှိသည်။ ၎င်းတို့အနက် ထင်ရှားသည့်ကုမ္ပဏီများမှာ Unicity, Healthy-Shop, ရှိုင်းဟုတ်၊ Aim Star, ပိုင်ဖြိုးသီဟ၊ Tiens စသည်တို့ဖြစ်ကြသည်။ အချို့ကုမ္ပဏီများတွင် မန်ဘာဝင်ဦးရေ တစ်သောင်းကျော်ရှိပြီး မန္တလေးမြို့၌သာမက မြင်းခြံ၊ မိတ္တီလာ စသည့်နယ်မြို့ကြီးများတွင်ပါ ရေပန်းစားလျက်ရှိသည်။

မန်ဘာဝင်ရသည့်ပုံစံမှာလည်း အနည်းငယ်ကွဲပြားမှုရှိသည်။ အချို့ကုမ္ပဏီများက မန်ဘာဝင်ကြေး သီးသန့်ပေးကာဝင်ရသကဲ့သို့ အချို့ကတော့ မန်ဘာဝင်ကြေးမတောင်းဘဲ ၎င်းတို့သတ်မှတ်ထားသည့် ပမာဏပြည့်မီအောင် ၀ယ်ယူလျှင် မန်ဘာဝင်အဖြစ် အသိအမှတ်ပြုသည်။ ထို့အတူပင် အချို့ကုမ္ပဏီများက ရာထူးသတ်မှတ်မထားဘဲ မန်ဘာဝင်များအနေဖြင့် မိမိတတ်နိုင်သလောက် မန်ဘာအသစ်များရှာခိုင်းပြီး မန်ဘာဝင်ဦးရေပေါ်မူတည်၍ ကော်မရှင်ပြန်ခွဲဝေပေးသည်။ အချို့ကမူ ရာထူးသတ်မှတ်ထားပြီး ရာထူးပေါ်မူတည်၍ ကော်မရှင်ပြန်လည်ရမည့် မန်ဘာဝင်ဦးရေကို သတ်မှတ်ထားသည်။ ဘုံတူညီသည့်အချက်မှာ ကုမ္ပဏီများရောင်းချသည့် ကုန်စည်များကို မန်ဘာဝင်များအား လျှော့ဈေးဖြင့် ရောင်းချခြင်းသာ ဖြစ်သည်။

အမှန်တကယ်အားဖြင့် ယင်းစီးပွားရေးစနစ်မြစ်ဖျားခံရာမှာ မြန်မာနိုင်ငံမှမဟုတ်ပါ။ အမေရိကန်ပြည်ထောင်စု၊ မန်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ချားလ်စ်ပွန်ဇီ (Charles Ponzi)က ၁၉ ရာစုအစပိုင်းတွင် စတင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ပွန်ဇီက ငွေကြေးတတ်နိုင်သူများကို ၎င်း၏စာတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံရန် စည်းရုံးခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးပမာဏတစ်ဝက်ကို အမြတ်ပြန်လည်ပေးအပ်မည်ဟု အာမခံသည်။ မူလအစရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပြန်လည်ပေးအပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းမှ ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပေးအပ်နိုင်ခြင်းမရှိတော့သောကြောင့် ပွန်ဇီစီးပွားရေးစနစ်မှာ ပြိုလဲခဲ့ရသည်။

သို့သော်လည်း ပွန်ဇီစီးပွားရေးစနစ်မှာ ကမ္ဘာတစ်လွှားရှိ စီးပွားရေးသမားကြီးများကြား လွန်စွာအောင်မြင်ခဲ့ပြီး ယင်းစနစ်ကို အခြေခံကာ Pyramid Scheme, Multi-Level Marketing စသည်ဖြင့် စနစ်မျိုးစုံ တီထွင်ခဲ့ကြသည်။ ပြဿနာပေါင်းစုံလည်း တက်ခဲ့ကြသဖြင့် ယခုအခါ ယင်းပုံစံ၊ (သို့မဟုတ်) ယင်းပုံစံနှင့် ဆင်တူယိုးမှား ပုံစံစီးပွားရေးစနစ်များအား အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန် စသည့် နိုင်ငံ ၂၅ နိုင်ငံတွင် ဥပဒေအရ တရားမ၀င်သတ်မှတ်ထားပြီး လုပ်ကိုင်ခွင့်မပြုပေ။ သို့သော်လည်း ပွင့်လင်းစပြုလာသည့် မြန်မာနိုင်ငံတွင်မူ ထိုင်း၊ ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ အစပြုလာသည့် အဆိုပါစီးပွားရေးစနစ်မှာ ယခုအခါ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသာမက နယ်မြို့များအထိပါ အားကောင်းမောင်းသန် ရှင်သန်နေသည်ကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံတွင် အဆိုပါစီးပွားရေးစနစ်ဖြင့် လုပ်ကိုင်သည့် ကုမ္ပဏီကြီးများမှာ လွန်စွာအပြောအဟောကောင်းသူများကို ခန့်ထားလေ့ရှိသည့်အတွက် ထိုသူများ၏ မစားရ၀ခမန်းပြောကြားချက်များကို နားယောင်သည့်သူများအဖို့ လွယ်လွယ်ကူကူပင် မန်ဘာဝင်ကြတော့သည်။ သို့သော်လည်း အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်ရပ်များ များစွာရှိလာသည့်အခါ မန်ဘာဝင်များမှာ စိတ်ပျက်ပြီး ဆက်လက်မလုပ်ကိုင်ကြတော့ပေ။ ဥပမာအားဖြင့် အဆိုပါစည်းရုံးရေးသမားများသည် ၎င်းတို့ ပစ်မှတ်ထားသူများကို ပထမဦးစွာ မန်ဘာဝင်လိုက်ပါ။ ပြီးလျှင် မန်ဘာဝင်အသစ်နှစ်ဦးရှာဖွေရန် လိုအပ်ပြီး မူလမန်ဘာဝင်ထားသူအနေဖြင့် အဆိုပါ မန်ဘာဝင်အသစ်နှစ်ဦး ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်ကော်မရှင်ရနေမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးသည်။ သို့သော်လည်း အဓိကပြဿနာမှာ ယင်းမူလမန်ဘာဝင်အနေဖြင့် လစဉ်မန်ဘာဝင်အသစ်နှစ်ဦး ထပ်မံရှာဖွေပေးနိုင်မှသာ ယင်းကော်မရှင်ကိုရမည်ဖြစ်သကဲ့သို့ အဆိုပါမန်ဘာဝင်နှစ်ဦးအနေဖြင့်လည်း ငွေကြေးသိန်းဂဏန်းအထက် ၀ယ်ယူသုံးစွဲရမည် ဖြစ်သည်။ အကယ်၍ နောက်ထပ် မန်ဘာဝင်နှစ်ဦး မရှာဖွေနိုင်လျှင် (သို့မဟုတ်) မိမိကလည်း လစဉ် ၎င်းတို့၏ ကုန်စည်များအပေါ် သိန်းဂဏန်းဝယ်ယူသုံးစွဲခြင်းမပြုလျှင် ၎င်းကုမ္ပဏီများက အသက်မ၀င်တော့သည့် မန်ဘာ(၀ါ) သစ်ခြောက်ပင်ကြီးအဖြစ် သတ်မှတ်ပြီး ယင်းမန်ဘာဝင်မှာ နောက်ထပ်မည်သည့်အကျိုးအမြတ်မှ ခံစားခွင့်မရှိတော့သည့်အချက် ဖြစ်သည်။ မိမိကလည်း လစဉ်မန်ဘာဝင်ရှာဖွေရန် လိုအပ်နေသကဲ့သို့ မိမိအောက်က မန်ဘာဝင်နှစ်ဦးကလည်း လစဉ်နောက်ထပ် မန်ဘာဝင်အသစ်များ ရှာဖွေပေးရမည်သာ ဖြစ်သည်။ ထို့အတွက် အောက်ကဇယားကို တစ်ချက်ကြည့်ရန်လိုပါပြီ။ အထက်ပါဇယားအား တစ်ချက်မျှ အချိန်ပေးကြည့်ပါ။ Level 13 ကို ရောက်သည့်အခါ မန်ဘာဝင်ဦးရေမှာ ကမ္ဘာ့လူဦးရေထက် များနေပြီဖြစ်သည်။ ထိုအခါ ယင်းကုန်စည်ရောင်းချရငွေမှ အချိုးကျရရှိမည့် ကော်မရှင်ကို မည်သို့မည်ပုံ ပြန်လည်ခွဲဝေပေးနိုင်မည်လဲ ဆိုသည့်အချက်မှာ မေးခွန်းထုတ်စရာဖြစ်လာပြီ ဖြစ်သည်။

စီးပွားရေးပညာရှင်များ အဓိကထောက်ပြသည့်အချက်မှာ ယင်းစီးပွားရေးစနစ် အခြေခံအဖွဲ့အစည်းမျိုးတွင် အမှန်တကယ် တန်ဖိုးရှိသည့် ထုတ်ကုန်ဖြစ်စေ၊ အသုံးဝင်သည့် ၀န်ဆောင်မှုဖြစ်စေ ထုတ်လုပ်ရောင်းချခြင်းမျိုး လုပ်လေ့မရှိဘဲ မန်ဘာဝင်အသစ်များ အများအပြားစုဆောင်းစေခြင်းဖြင့်သာ ပင်မ၀င်ငွေကို ရှာဖွေလေ့ရှိသည်။ နောက်ဆုံးတွင်မူ မန်ဘာဝင်များပြားလာမှုကြောင့် မန်ဘာဝင်တစ်ဦးချင်းစီကို ပြန်ပေးနိုင်မည့် ၀င်ငွေဖန်တီးနိုင်ခြင်းမရှိတော့ဘဲ ပြိုလဲလေ့ရှိသည်။ ထို့ကြောင့် ယင်းစီးပွားရေးစနစ်အား နှင်းခဲရေပျော်စီးပွားရေး၊ သံကြိုးဆက်စီးပွားရေး၊ ပိုက်ဆံကစားပွဲ စသည့် နာမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်လေ့ရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ စီးပွားရေးစနစ် အခြေခံကုမ္ပဏီများ၏ ငွေကြေးအရှုပ်အရှင်းကိစ္စများ ရှေ့တွင်များစွာရှိပါသည်။

အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေသည့် စီးပွားရေးကုမ္ပဏီကြီးများကမူ ၎င်းတို့ကုန်စည်များသည် အလုပ်သမားစရိတ်၊ ဆိုင်ခန်းစရိတ်များ လုံးဝကုန်ကျခြင်းမရှိဘဲ လူအချင်းချင်း ဆင့်ပွားရောင်းချသည့် စနစ်သာဖြစ်သောကြောင့် အဆိုပါကုန်ကျစရိတ်များကို ရှယ်ယာငွေအဖြစ် မန်ဘာဝင်များထံ ပြန်လည်ခွဲဝေပေးနိုင်ခြင်းသာဖြစ်ပြီး လွန်စွာခိုင်မာသည့် စီးပွားရေးစနစ်တစ်ခုသာ ဖြစ်သည်ဟု ငြင်းဆိုကြသည်။ ယင်းအချက်ကိုလည်း သေချာတွေးကြည့်ပါ မိတ်ဆွေ။ နယ်လှည့်အရောင်းဝန်ထမ်းတစ်ဦးငှားလျှင် တစ်လလျှင် အနည်းဆုံးဝန်ထမ်းစရိတ် နှစ်သိန်းကျပ်ကုန်ကျမည် ဖြစ်သည်။ ထိုကုန်ကျစရိတ်အား ကျခံခြင်းမရှိဘဲ မန်ဘာဝင်များအား နယ်တာဝန်ခံမန်နေဂျာ၊ ဒေသဆိုင်ရာ အရောင်းမန်နေဂျာ စသည့် နာမည်လှလှလေးများပေးပြီး တစ်ဖက်လှည့်ဖြင့် ရောင်းချစေခြင်း ဖြစ်သည်။ လစဉ်ပြန်လည်ရရှိသည့် ကော်မရှင်တစ်သိန်းခွဲ၊ နှစ်သိန်းဆိုသည်မှာ အမှန်တကယ်အားဖြင့် ၎င်းတို့ကုန်စည်ရောင်းအား မြှင့်တင်ရေးအတွက် နယ်လှည့်အရောင်းဝန်ထမ်းတစ်ဦးကို ငှားရမ်းလိုက်သည့် ပမာဏသာရှိပါသည်။ မိမိမှာသာ မန်ဘာဝင်ဆိုပြီး မိမိကဲ့သို့ နယ်လှည့်အရောင်းဝန်ထမ်းနှစ်ဦးကို လစဉ်ကြိုးစားရှာဖွေနေခြင်းသာ ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျှင် ငါးကြင်းဆီဖြင့် ငါးကြင်းပြန်ကြော်ခြင်းသာ ဖြစ်သည်။ အချို့ဆင့်ပွားရောင်းချသည့် ကုမ္ပဏီကြီးများကတော့ လူရည်လည်လှသည်။ မြို့တစ်မြို့တွင် သြဇာကြီးသော ဘုန်းတော်ကြီးများ၊ အစိုးရအရာရှိကြီးများအား အထူးကော်မရှင်ပေးကာ အရောင်းတာဝန်ပေးကြသည်။ ထိုပုဂ္ဂိုလ်ကြီးများကလည်း ကော်မရှင်ရမည်ဖြစ်သည့်အတွက် မိမိလက်အောက်ရှိ ၀န်ထမ်းများ၊ ဒကာ၊ ဒကာမများအား ၀ယ်ယူခိုင်းလေ့ရှိရာ ထိုစနစ်မှာလည်း အောင်မြင်လှပေသည်။ ရောင်းအားကောင်းသည့် မန်ဘာအသစ်ရှာနိုင်သည့် မန်ဘာဝင်များကို အခါအားလျော်စွာ နိုင်ငံခြားခရီးစဉ်များ ပို့ဆောင်ပေးလေရာ ယခုမှစတင်လုပ်ကိုင်မည့် မန်ဘာဝင်များအတွက်လည်း ကြီးစွာသောမက်လုံးဖြစ်စေသည်။

ဂျပန်နိုင်ငံရဲတပ်ဖွဲ့၏အဆိုအရ ၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံသား တစ်သိန်းခြောက်သောင်း (၁၆၀,၀၀၀)သည် အဆိုပါဆင့်ပွားရောင်းချခြင်းစနစ် အခြေခံကုမ္ပဏီရှစ်ခု၏ သားကောင်အဖြစ်သို့ ကျရောက်ခဲ့ရပြီး အထွေထွေဆုံးရှုံးမှုတန်ဖိုးမှာ (US$ 300 Million) ရှိသည်ဟု ထုတ်ပြန်ထားသည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် အမေရိကန် FBI အဖွဲ့ကြီးမှ ယင်းစနစ်ဖြင့် လုပ်ကိုင်မည့်သူများအား သတိပေးထားချက်များကို လက်ဆောင်ပါးလိုက်ချင်ပါသည်။ ယင်းအချက်များမှာ Multi-Level Marketing စနစ်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကာ မန်ဘာဝင်မည်ဆိုပါက အဆိုပါကုမ္ပဏီအား မည်သို့မည်ပုံဖွဲ့စည်းထားသည်။ မည်သည့်ပုံစံ ခရီးဆက်နေသည် စသည့် မှတ်တမ်းများကို ရှာဖွေလေ့လာပါ။

ကုမ္ပဏီထုတ်ကုန်များကို လေ့လာပါ။ မေးခွန်းများမေးပါ။ ကန့်သတ်ချက်များကို နားလည်ပါစေ။ အခြားသော ဖြန့်ချိသူများနှင့် သွားရောက်စကားစမြည်ပြောကာ တီးခေါက်ကြည့်ပါ။ ယင်းစီးပွားရေးလုပ်ငန်းနှင့် ပတ်သက်မှုမရှိသည့် အပြင်လူတစ်ဦးနှင့် တိုင်ပင်ပါ။ ရင်းနှီးမြှုပ်နှံမှုမစခင် အချိန်ယူစဉ်းစားပါ။ မိမိလုပ်ဆောင်ရမည့် ကိစ္စရပ်များသည် မိမိနှင့်ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ပါ စသည့်အချက်များဖြစ်ပါသည်။ မိတ်ဆွေ၊ သင့်အိမ်သို့ လာရောက်ကာ မန်ဘာဝင်ရန် စည်းရုံးနေသူကို အားမနာပါနှင့်။ မန်ဘာဝင်ရန် တစ်ထိုင်တည်း ဆုံးဖြတ်ချက်မချပါနှင့်။ သေသေချာချာ အချိန်ယူပါဟုသာ သတိပေးလိုပါကြောင်း

7 Days စာမျက်နှာကကူးယူဖေါ်ပြပါသည်။

ကို မင်း၏ ရေးသားချက်ကို ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးဘာဖြစ်ကုန်လဲဆို
သယ်၇င်းတွေ မိတ်ပျက်
အမျိုး၇င်းတွေ မခေါ်မပြောဖြစ်ကုန်တာ
များကြီး မြင်ပြီးလို့ပြောနေတာပါ။

အဆိုးဆုံးက
တဘဝစာ စုထားတဲ့ အမယ်အို အဘိုးအိုတွေ
ကိုယ့်ယုံပုံအပ်ပြီးမှ ကိုယ့် အောက်မှာ
နောက်လယ်ပယ် ထပ်မတက်ပဲ
ပြန်အတောင်းမှာ အသဲကွဲ၇လိမ့်မယ်။

Multi Level Marketing (သို့မဟုတ်) လိမ်ဆင်


အခုနောက်ပိုင်း Multilevel Marketing (MLM) တွေ
မြန်မာနိုင်ငံမှာ ခေတ်စားလာပါတယ်။
တချို့ဆို ဘွဲ့ရပြီး တခြားအလုပ်မလုပ်ဘဲ MLM မှာ
member အဖြစ် ၀င်လုပ်ရုံနဲ့ သူဌေးဖြစ်မယ်ဆိုပြီး
စိတ်ကူးယဉ်နေကြတဲ့သူတွေတောင်ရှိတာ ကြားရပါတယ်။

MLM စနစ်နဲ့ ဈေးကွက်ရှာတဲ့ထဲက တချို့ကုမ္ပဏီတွေက
member တွေ စည်းရုံးတဲ့အခါ ကိုယ့်အောက်မှာ
member ဘယ်နှယောက် ထပ်တိုးလာအောင် စည်းရုံးနိုင်
လို့ member level ဘယ်လောက်ရောက်လာရင်
တစ်လတွင်း သိန်း ရာချီ အမြတ်ရနိုင်တဲ့၊ အာမခံချက်
အပြည့်အ၀ရှိတဲ့၊ နေ့ချင်းညချင်း သူဌေးဖြစ်နိုင်တဲ့
စီးပွားရေးတစ်ခု ဖြစ်သယောင်ယောင် ပြောပြီး စည်းရုံးလေ့
ရှိပါတယ်။

ကိုယ့်အောက်မှာ member ၁၀ ယောက်ကို recruit
လုပ်နိုင်ရင် သူတို့ဖြန့်တဲ့ပစ္စည်းထဲက ကိုယ်က တစ်လကို
အမြတ်ဘယ်လောက်ရမယ်။ အဲဒီ ၁၀ ယောက်က သူတို့
အောက်မှာ နောက်ထပ် ၁၀ ယောက်စီ ထပ်စုနိုင်ရင်
ကိုယ်ရမယ့် အမြတ်ငွေဘယ်လောက်။ အဲလိုနဲ့ ဆပွားသွား
ရင်းနဲ့ ကိုယ့်အောက်မှာ member level ၁၀ ခုလောက်
ဖြစ်လာရင် တစ်လတစ်လ သိန်း ရာနဲ့ချီပြီးရနိုင်မယ့်ပုံစံ
တွက်ပြပြီး သူတို့ဆီမှာ member ၀င်ပြီး သူတို့ပစ္စည်းကို
ကိုယ်စားလှယ်ယူ ဖြန့်ဖြူးပေးချင်လာအောင် သိမ်းသွင်း
လေ့ရှိပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင်တော့ မှန်သလိုထင်ရပေမယ့်
ဒီအောက်မှာတွက်ပြထားတာကိုကြည့်လိုက်ရင် တကယ့်
လက်တွေ့မှာ မဖြစ်နိုင်တာကို တွေ့ရပါလိမ့်မယ်။

ဒါကြောင့် နိုင်ငံခြားတိုင်းပြည်တွေမှာ ဒီ pyramid
scheme နဲ့သွားတဲ့ MLM ကို တားမြစ်ထားကြတာပါ။
စင်္ကာပူမှာဆိုရင် Multilevel Marketing & Pyramid
Selling Prohibition Act ဆိုတာတွေတောင်ရှိပါတယ်။

``MLM မှာ model တွေ ကွဲပြားစွာရှိပါတယ်။´´
နိုင်ငံတော်တော်များများမှာတော့ ဒီ Pyramid scheme/
model ကို တားမြစ်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ MLM စနစ်သုံးတဲ့ ကုမ္ပဏီတော်တော်
များများကတော့ ဒီ Pyramid scheme ကို ကျင့်သုံး
လျှက်ရှိနေပါတယ်။

MLM မှာ initial member level (အမြင့်ဆုံးလို့
သတ်မှတ်ကြတဲ့ Diamond, Platinum စသည်) တွေပဲ
အကျိုးရှိပါတယ်။ အဆင့်နိမ့်လေ၊ ရုန်းကန်ရလေပါပဲ။
အမြတ်ရဖို့ မရေရာပါဘူး။

ဆန်းစစ်မှုတခုမှာ member တွေရဲ့ ၉၉.၉ ရာခိုင်နှုန်းက
အရှုံးနဲ့ အဆုံးသတ်သွား တယ်လို့ ဆိုပါတယ်။
ဘာလို့လဲဆိုတာကို MLM Model တခုဖြစ်တဲ့ အောက်က
ပိရမစ်ပုံ member level ကို ကြည့်လို့ ရပါတယ်။
member ၁ ယောက်က ၆ ယောက် ရှာပေးရမယ် ဆိုတဲ့
ပုံစံနဲ့ ၆ နဲ့ ဆပွား သွားတဲ့ ပုံစံပါ။ (အပြင်မှာ သုံးတတ်တဲ့ ၁၀ ယောက် ဆပွားပုံစံဆို ဒီထက်များပါတယ်။)

ထိပ်ဆုံး ၆ ယောက်က အမြင့်ဆုံး level member
တွေပေါ့။ ၆ ယောက်စီ ဆပွားခေါ်လာလိုက်ကြတာ၊
၈ ဆင့်မြောက် member တွေ အလှည့်လည်း ရောက်ရော
ရန်ကုန်နဲ့ ပတ်ဝန်းကျင် နယ်တွေက လူတွေ အားလုံး member ဖြစ်ကုန်ပါပြီ (၁.၈ သန်းနီးပါးပေါ့)။ သူတို့က member သစ် ထပ်ရှာကြရင်တော့ ၁၀ ဆင့်
မြောက်မှာ မြန်မာ တနိုင်ငံက ကလေး၊ လူကြီး အကုန်
သန်း ၆၀ လောက် member ၀င်မှ ရပါမယ်။ ၁၃ ဆင့်မြောက်ကြရင်တော့၊ တကမ္ဘာလုံး လူကုန်ဝင်ရင်တောင်၊ အကျိုးအမြတ်ဖြစ်ဖို့ ခဲယဉ်းသွားပါပြီ။ နှစ်ကမ္ဘာစာ လူ ၁၃ ဘီလီယံလောက် member ၀င်မှ ရပါတော့တယ်။

MLM ကုမ္ပဏီတွေက ဒီလို တွက်ကြမှာ စိုးတော့
member အသစ် ဘယ်နှယောက်ခေါ်လာရင် ဘယ်
အဆင့်တိုးမယ်၊ ဘယ်လောက် အကျိုးအမြတ်ရှိမယ်
ဆိုတာမျိုးပဲ ပြောကြပါတယ်။ ဘယ် အဆင့် member တွေ ဘယ်လောက်ရှိပြီ ဆိုတာတော့ ကြေငြာလေ့ မရှိပါဘူး။
ကြေငြာရင်လဲ၊ အားကျစရာ ထိပ်ဆုံးပိုင်းတွေက member အရေအတွက်ကိုပဲ အသိပေးရင်း ပရိုမိုးရှင်းလုပ်ပါတယ်။
ပါးပါးနပ်နပ်ရှိတဲ့သူတွေကတော့ အဲဒီ အရေအတွက်ကနေ၊
ဆပွားအခြေအနေကို ခြင့်တွက်ကြလေရဲ့။

မတွက်မိ၊ သတိမမူမိသေးတဲ့ အဆင့်နိမ့် member တွေ
ကတော့ တနေ့နေ့ပေါ့လေ ဆိုပြီး မျှော်လင့်ချက် မလျှော့ပဲ
ကြိုးစားကြဆဲပါ။ လူကြီးသူမ၊ ဆရာသမား ထဲက အဲလို
member မျိုးရှိနေပြီဆိုရင်တော့ သူ စိတ်ချမ်းသာပါစေ
တော့ ဆိုပြီး ဆွေမျိုး သားချင်းတွေ၊ တပည့်တပန်းတွေက
ဝယ်ပေဦးတော့။
(ဒါပေမယ့်လည်း member သစ် မတိုးမှာ စိုးရိမ်တဲ့ တချို့
MLM ကုမ္ပဏီတွေက ၇၀ - ၃၀ ဆိုပြီး ကန့်သတ်ထားတတ်
ပါတယ်။ သတ်မှတ်ပမာဏရဲ့ ၃၀% ပဲ ကိုယ်တိုင်သုံးခွင့်
ရှိတယ်၊ ၇၀% ကိုတော့ တခြားလူ/ member သစ်ကို
ရောင်းရမယ် ဆိုတာမျိုးပေါ့)

ဒီလိုနဲ့ မိမိနီးစပ်ရာ ပတ်ဝန်းကျင်မှာ သူလည်း အဆင့်နိမ့်
member ၊ ကိုယ်လည်း အဆင့်နိမ့် member
ဖြစ်နေကြလို့ ဈေးကွက်သစ်၊ member သစ်ရှာလို့
မဖြစ်နိုင်တော့ပဲ လုပ်ငန်းရပ်တန့်လိုက်ရတဲ့ သို့မဟုတ်
(လစဉ်) အကျိုးအမြတ် ဟုတ်တိပတ်တိ မရရှာကြတဲ့
၉၉.၉ % ၀င်တွေ ဖြစ်နေဆဲပါ။

..........................................................................
ကုမ္ပဏီတစ်ခုဟာ သတ်မှတ်ချက်နဲ့ညီတဲ့ တကယ့် MLM
စနစ်ကို ကျင့်သုံးနေလား Pyramid Scheme စနစ်ကို
ကျင့်သုံးနေလားဆိုတာသိချင်ရင် အောက်က link ပေးထား
တဲ့ page မှာ ရှင်းပြထားတာကို ဖတ်ကြည့်လို့ရပါတယ်။

Simple explanation for distinguishing
between a Pyramid Scheme & MLM =>
http://wikihow.com/Distinguish-Between-a-Pyramid-Scheme-and-Multi-Level-Marketing

Credit to: Pyae Phyo Aung , Dr. Aung Kyaw Thu
KZ
===

ပိ၇မစ် လိမ်ဆင်ပါပဲ...
အမှန်ပြောလို့ မိတ်ပျက်ခဲ့၇တာလဲ ရှိခဲ့ပြီ...

Multi-level marketing (MLM) is a marketing strategy in which the sales force is compensated not only for sales they personally generate, but also for the sales of the other salespeople that they recruit. This recruited sales force is referred to as the participant's "downline", and can provide multiple levels of compensation.

Other terms used for MLM include pyramid selling, network marketing, and referral marketing.

According to the US FTC, some MLM plans get their benefit from exploiting other members of the network, and they are illegal pyramid schemes.

Most commonly, the salespeople are expected to sell products directly to consumers by means of relationship referrals and word of mouth marketing.

Some people use direct selling as a synonym for MLM, although MLM is only one type of direct selling, which started centuries ago with peddling.

Companies that use MLM models for compensation have been a frequent subject of criticism and lawsuits.

Criticism has focused on their similarity to illegal pyramid schemes, cult-like behavior, price fixing of products, high initial entry costs (for marketing kit and first products), emphasis on recruitment of others over actual sales, encouraging if not requiring members to purchase and use the company's products, exploitation of personal relationships as both sales and recruiting targets, complex and exaggerated compensation schemes, the company and/or leading distributors making major money off training events and materials, and cult-like techniques which some groups use to enhance their members' enthusiasm and devotion.

Direct selling, network marketing, and multi-level marketing

Network marketing and Multi-level marketing have been described by author Dominique Xardel as being synonymous, and as methods of direct selling.

According to Xardel, direct selling and network marketing refer to the distribution system, while the term "multi-level marketing" describes the compensation plan.

Other terms that are sometimes used to describe multi-level marketing include "word-of-mouth marketing", "interactive distribution", and "relationship marketing". Critics have argued that the use of different terms and "buzzwords" is an effort to distinguish multi-level marketing from illegal Ponzi schemes, chain letters, and consumer fraud scams.

Some sources classify multi-level marketing as a form of direct selling rather than being direct selling.

The Direct Selling Association, a lobbying group for the multi-level marketing industry, reported that in 1990 twenty-five percent of members used MLM, growing to 77.3 percent in 1999.

Companies such as Avon, Electrolux, Tupperware, and Kirby all originally used single level marketing to sell their goods and later introduced multi-level compensation plans.

By 2009, 94.2% of members were using MLM, accounting for 99.6% of sellers, and 97.1% of sales.

The DSA has approximately 200 members while it is estimated there are over 1,000 firms using multi-level marketing in the United States alone.

Set up

Independent non-salaried participants, referred to as distributors (or associates, independent business owners, dealers, franchise owners, independent agents, etc.), are authorised to distribute the company's products or services.

They are awarded their own immediate retail profit from customers plus commission from the company, not downlines, through a multi-level marketing compensation plan, which is based upon the volume of products sold through their own sales efforts as well as that of their downline organization.

Independent distributors develop their organizations by either building an active consumer network, who buy direct from the company, or by recruiting a downline of independent distributors who also build a consumer network base, thereby expanding the overall organization.

Additionally, distributors can also earn a profit by retailing products they purchased from the company at wholesale price.

Income levels

Several sources have commented on the income level of specific MLMs or MLMs in general: The Times: "The Government investigation claims to have revealed that just 10% of Amway's agents in Britain make any profit, with less than one in ten selling a single item of the group's products."

Eric Scheibeler, a high level "Emerald" Amway member: "UK Justice Norris found in 2008 that out of an IBO [Independent Business Owners] population of 33,000, 'only about 90 made sufficient incomes to cover the costs of actively building their business.' That's a 99.7 percent loss rate for investors."

Newsweek: based on Mona Vie's own 2007 income disclosure statement "fewer than 1 percent qualified for commissions and of those, only 10 percent made more than $100 a week."

Business Students Focus on Ethics: "In the USA, the average annual income from MLM for 90% MLM members is no more than US $5,000, which is far from being a sufficient means of making a living (San Lian Life Weekly 1998)"

USA Today has had several articles: "While earning potential varies by company and sales ability, DSA says the median annual income for those in direct sales is $2,400."

In an October 15, 2010 article, it was stated that documents of a MLM called Fortune reveal that 30 percent of its representatives make no money and that 54 percent of the remaining 70 percent only make $93 a month. The article also states Fortune is under investigation by the Attorneys General of Texas, Kentucky, North Dakota, and North Carolina with Missouri, South Carolina, Illinois, and Florida following up complaints against the company.

A February 10, 2011 article stated "It can be very difficult, if not impossible, for most individuals to make a lot of money through the direct sale of products to consumers. And big money is what recruiters often allude to in their pitches."

"Roland Whitsell, a former business professor who spent 40 years researching and teaching the pitfalls of multilevel marketing": "You'd be hard-pressed to find anyone making over $1.50 an hour, the primary product is opportunity. The strongest, most powerful motivational force today is false hope."

Legality and legitimacy

United States

MLM businesses operate in all 50 U.S. states. New businesses may use terms such as "affiliate marketing" or "home-based business franchising". Many pyramid schemes attempt to present themselves as legitimate MLM businesses.

Many courts, and portions of the public assert that all MLMs are essentially pyramid schemes even if they are legal.

The U.S. Federal Trade Commission (FTC) states "Steer clear of multilevel marketing plans that pay commissions for recruiting new distributors. They're actually illegal pyramid schemes. Why is pyramiding dangerous?

Because plans that pay commissions for recruiting new distributors inevitably collapse when no new distributors can be recruited. And when a plan collapses, most people - except perhaps those at the very top of the pyramid - end up empty-handed."

In a 2004 Staff Advisory letter to the Direct Selling Association, the FTC states: Much has been made of the personal, or internal, consumption issue in recent years. In fact, the amount of internal consumption in any multi-level compensation business does not determine whether or not the FTC will consider the plan a pyramid scheme. The critical question for the FTC is whether the revenues that primarily support the commissions paid to all participants are generated from purchases of goods and services that are not simply incidental to the purchase of the right to participate in a money-making venture.

The Federal Trade Commission warns "Not all multilevel marketing plans are legitimate. Some are pyramid schemes. It's best not to get involved in plans where the money you make is based primarily on the number of distributors you recruit and your sales to them, rather than on your sales to people outside the plan who intend to use the products." and states that research is your best tool, giving eight steps to follow:

Find — and study — the company’s track record

Learn about the product

Ask questions Understand any restrictions

Talk to other distributors (beware of shills)

Consider using a friend or adviser as a neutral sounding board or for a gut check

Take your time Think about whether this plan suits your talents and goals

Criticism

The Federal Trade Commission issued a decision, In re Amway Corp., in 1979 in which it indicated that multi-level marketing was not illegal per se in the United States.

However, Amway was found guilty of price fixing (by effectively requiring "independent" distributors to sell at the same fixed price) and making exaggerated income claims.

The FTC advises that multi-level marketing organizations with greater incentives for recruitment than product sales are to be viewed skeptically. The FTC also warns that the practice of getting commissions from recruiting new members is outlawed in most states as "pyramiding".

In April 2006, it proposed a Business Opportunity Rule intended to require all sellers of business opportunities—including MLMs—to provide enough information to enable prospective buyers to make an informed decision about their probability of earning money. In March 2008, the FTC removed Network Marketing (MLM) companies from the proposed Business Opportunity Rule: The revised proposal, however, would not reach multi-level marketing companies or certain companies that may have been swept inadvertently into scope of the April 2006 proposal.

Walter J. Carl stated in a 2004 Western Journal of Communication article that "MLM organizations have been described by some as cults (Butterfield, 1985), pyramid schemes (Fitzpatrick & Reynolds, 1997), or organizations rife with misleading, deceptive, and unethical behavior (Carter, 1999), such as the questionable use of evangelical discourse to promote the business (Hopfl & Maddrell, 1996), and the exploitation of personal relationships for financial gain (Fitzpatrick & Reynolds, 1997)".

In China, volunteers working to rescue people from the schemes have been physically attacked.

MLM's are also criticized for being unable to fulfill
their promises for the majority of participants due to basic conflicts with Western cultural norms.

There are even claims that the success rate for breaking even or even making money are far worse than other types of businesses: "The vast majority of MLM’s are recruiting MLM’s, in which participants must recruit aggressively to profit. Based on available data from the companies themselves, the loss rate for recruiting MLM’s is approximately 99.9%; i.e., 99.9% of participants lose money after subtracting all expenses, including purchases from the company."

In part, this is because encouraging recruits to further "recruit people to compete with [them]" leads to "market saturation."It has also been claimed "by its very nature, MLM is completely devoid of any scientific foundations."

Another criticism is that MLM has effectively outlived its usefulness as a legitimate business practice. The argument is that, in the time when America was a series of relatively small, isolated towns and rural areas not easily accessible to small companies, MLM was a useful way to let people know of and buy products or services. But the advent of internet commerce, with its ability to advertise and sell directly to consumers, has rendered that model obsolete. Thus, today, nearly all modern MLMs ostensibly sell vastly overpriced goods and services (if there even is a real product or service involved at all) as a thin cloak of legitimacy, while their members are driven to recruit even more people into the MLM, effectively turning these programs into pyramid schemes.

Because of the encouraging of recruits to further recruit their competitors, some people have even gone so far as to say at best modern MLMs are nothing more than legalized pyramid schemes with one stating "Multi-level marketing companies have become an accepted and legally sanctioned form of pyramid scheme in the United States" while another states "Multi-Level Marketing, a form of Pyramid Scheme, is not necessarily fraudulent."

In October 2010 it was reported that multilevel marketing companies were being investigated by a number of state attorneys general amid allegations that salespeople were primarily paid for recruiting and that more recent recruits cannot earn anything near what early entrants do.

Industry critic Robert L. FitzPatrick has called multi-level marketing "the Main Street bubble" that will eventually burst.

No comments:

Post a Comment