ယာဉ်မောင်းတစ်ဦးကို လူလယ်ကောင်တွင် လက်ထိတ်ခတ် ထိုးကြိတ်သည့် ရဲဒုတပ်ကြပ် အရေးယူရန်စီစဉ်
**************************************************************************************
ပြည်မြို့မဈေးကြီးအနီးတရုတ်တန်းလမ်းမထောင့်တွင် ယာဉ်မောင်းတစ်ဦးနှင့် ရဲဒုတပ်ကြပ်တစ်ဦးတို့ စကားများရန်ဖြစ်ရာ အဆိုပါ ရဲဒုတပ်ကြပ်ကို ရဲတပ်ဖွဲ့စည်းကမ်းဥပဒေအရ အရေးယူရန်စီစဉ်ဆောင်ရွက်နေကြောင်း အမှတ် (၁) ရဲစခန်းမှ သတင်းရရှိသည်။
ပေါင်းတည် - ပြည် ယာဉ် လိုင်းမှ ယာဉ်မောင်း ကိုကျော်စိုး နှင့် ပြည်အမှတ် (၁) ရဲစခန်းမှ နယ်မြေခေါင်းဆောင် ဒုတပ်ကြပ် မျိုးကိုကိုကျော်သည် ဇူလိုင် ၉ ရက်က လမ်းရှည်လမ်းနှင့် တရုတ် တန်းလမ်းထောင့်တွင်ယာဉ်ရှောင် တိမ်းရင်း စကားများရန်ဖြစ်ရာ ယာဉ်မောင်းတွင် မျက်နှာထိခိုက်ဒဏ်ရာရရှိပြီး ပြည်ဆေးရုံ၌ ကုသခဲ့ရကြောင်း သိရသည်။
‘‘ကျွန်တော်က ယာဉ်အကွေ့ မှာ သူနဲ့ရှောင်ရင်းကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော်က ဘာ ကြည့်တာလဲလို့ မေးတော့ လိုင် စင်တွေပေးဆိုပြီးပြောတယ်။ လိုင်စင်ပေးဆိုတော့ ခင်ဗျားက ဘာလဲလို့မေးတော့ ငါက ရဲကွလို့ ပြောတယ်။ ဖမ်းမယ်ဆိုရင်လည်း ပုဒ်မတို့ ၊အမှုတွဲတို့နဲ့ ယူနီဖောင်းနဲ့ လာဖမ်းပေါ့လို့ ပြောလိုက်တယ်။ သူက ယူနီဖောင်းနဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦးခေါ်လာပြီး ကျွန်တော့်ကို လက်ထိတ်ခတ်ပြီး ၀ိုင်းဆော်တော့တာပဲ။ မျက်လုံးကို တော်တော်ထိသွားပြီး ဆေးရုံကတော့ တန င်္လာနေ့ ပြန်ပြဖို့ မှာတယ်။ အခု ကျွန်တော်သူတို့ကို အမှုဖွင့်တော့ မယ်’’ ဟု ယာဉ်မောင်း ကိုကျော် စိုးက ပြောသည်။
‘‘ရဲတပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ မလိုအပ်ဘဲ ရန်ဖြစ်တဲ့အတွက် ရဲ တပ်ဖွဲ့စည်းကမ်းနဲ့ အရေးယူသွား မယ်။ အထက်ကို တင်ပြထားပြီး ညွှန်ကြားချက်ကို စောင့်နေပါ တယ်’’ ဟု ပြည်အမှတ် (၁) ရဲစ ခန်းမှူးက ပြောသည်။
ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ် မောင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွား နေစဉ် ဖုန်းဖြင့် ဓာတ်ပုံရိုက်နေ သော အမျိုးသားတစ်ဦးထံမှ လက်ကိုင်ဖုန်းကို ၎င်းတို့အနက်မှတစ်ဦးက ဆွဲယူကာ ကိုင်ပေါက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
‘‘သူက သွားစပ်စုတာ။ ဖုန်း က ကွဲသွားပြီ။ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ လူတွေထဲက တစ် ယောက် ယူခွဲပစ်လိုက်တာ။ အခု သူ့ဖုန်းနံပါတ်ကို ဆက်ချင်လည်း ဆက်ရမှာမဟုတ်ဘူး’’ ဟု ဓာတ် ပုံရိုက်သူ အမျိုးသားနှင့် ဆွေမျိုး နီးစပ်တော်သူ အမျိုးသမီးတစ်ဦး က ပြောသည်။
‘‘ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အားလုံးကို စုံစမ်းစစ်ဆေးနေ တယ်။ အသေးစိတ်စစ်ဆေးမှု မ လုပ်ရသေးဘူး။ လောလောဆယ် တော့ အဲဒီ ဒုတပ်ကြပ်က တာဝန် ထမ်းဆောင်ဆဲပဲ။ သူက ခေါင်း ဆောင်ဆိုတော့ သူ့ကိုပဲ အရေးယူ ဖို့ တင်ထားတယ်။ သူက ရဲကင်း က ရဲဘော်တွေကို လာခေါ်သွား တာ။ ပြစ်မှုကျူးလွန်တာ ထင်ရှား ရင် ရဲစခန်းအချုပ်မှာပဲဖြစ်ဖြစ်၊ ထောင်အချုပ်ဆိုလည်း ထောင် အချုပ်မှာပေါ့။ ခြောက်လကနေ သုံးနှစ်အထိ ကျခံရနိုင်တယ်’’ ဟု အမှတ် (၁) ရဲစခန်းမှူးက ပြောသည်။
သတင်း..........ဇော်မင်းထိုက်(7Day News)
တင်ဆက်သူ....ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment