Friday, July 11, 2014

ပြည်မြို့ သရေခေတ္တရာ ရှေးဟောင်းဇုံထဲကဖြတ်သွားတဲ့GAS ပိုက်လိုင်းကြောင့်လယ်တွေဒုက္ခ ရောက်နေ



ပဲခူးတိုင်း၊(အနောက်ပိုင်း)ပြည်မြို့ သရေခေတ္တရာ ရှေးဟောင်းဇုံထဲကဖြတ်သွားတဲ့GAS ပိုက်လိုင်းကြောင့်လယ်တွေဒုက္ခ ရောက်နေပါတယ်။

   ၂၀၀၈ ခုနှစ်လောက်ကလာချသွားတဲ့ GAS ပိုက်လိုင်းကြီးက သရေခေတ္တရာရှေးဟောင်းဇုံထဲကလယ်တွေကိုနှစ်ပိုင်း ပိုင်း လယ်ကန်ဇင်းတွေ ပျက် စီးပြစ်လိုက်တာကြောင့် နွားနဲ့လည်ထွန်တာတွေ၊စက်နဲ့လယ်ထွန်တာတွေ မှာ ပိုက်လိုင်းရဲ့တဖက်မှာလုပ် ပြီးတော့ နောက်တဖက်မှာ  ပိုက်လိုင်းကိုကျော်ခွပြီးလုပ်နေရတာတွေကြောင့် လယ်သမားတွေ အခက်တွေ့နေရတာပါ။

    ၂၀၀၈ ထဲကသူတို့ပိုက်လိုင်းကိုချသွားတာ ပထမတော့လယ်တွေထဲမှာမြောင်းတွေပါတွေ တူးလိုက်သေးတယ် နောက်တော့ ပြီးအောင်လဲမလုပ်ပဲ ဒီအတိုင်းကြီး လယ်တွေထဲမှာထားသွားတာ အခုတော့ လယ်လုပ်ရတာဒုက္ခရောက်နေ ရတယ် အဲဒီမြောင်းတွေလဲလာဖို့မပေးလို့ ကိုယ့်ဟာကိုယ် လုပ်လိုက်ရတယ် လို့ ဒေသခံတောင်သူတယောက်က ကပြောပြပါတယ်။

 ။ကိုမျိုး(လင်းရွာ)......................
 သူတို့ ပိုက်လိုင်းချဖို့ လာတူးတုံးကလဲလမ်းကြောင်းမှားသွားလို့ဆိုပြီး တူးသွားတာတွေကိုလဲ ကိုယ့်ဟာကိုယ် ပြန် ဖို့လိုက်ရသေးတယ် သူတို့က ဘာမှလာလုပ်မပေးဘူးလို့ဒေသခံတယောက်ကရှင်းပြပါတယ်။

 ။ကိုစိုးစိုး(ရွှေတခါးရပ်ကွပ်)..................
အဲဒီလယ်တွေကက သရေခေတ္တရာရှေးဟောင်းဇုံထဲမှာရှိပြီး ရှေးဟောင်းဇုံက တာဝန်ရှိသူတွေနဲ့ လုပ်ပိုင်ခွင့်တောင်းပြီးလယ်သမားတွေ စိုက်ပျိုးချိန်ပြီးတဲ့အချိန်မှာ မြေကြီးထဲကိုတူးပြီး မြုပ်ပေးမယ်လို့ MOGE က တာဝန်ရှိသူတယောက်က ပြည်သတင်း ကိုရှင်းပြပါတယ်။

။ဦးအောင်ဇော်ထွန်း(EIC) MOGE ကတာဝန်ရှိသူ
အဲဒီပိုက်လိုင်းကိစ္စနဲ့ပတ်သတ်ပြီးDVB နှင့် ပြည်သတင်း(အွန်လိုင်း)တို့က MOGE တီတွတ် ကတာဝန်ရှိသူတွေနဲ့သွားရောက်မေးမြန်းခဲ့ရာ သူတို့ တပါထဲလိုက်ကြည့်ပြီးဆောင်ရွက်ပေးပါမယ်လို့ဆိုပြီး လတ်တလောဖြစ်နေတဲ့ နေရာကို DVB သတင်းထောက် နှင့် ပြည်သတင်း(အွန်လိုင်း)မီဒီယာတို့ နဲ့အတူလိုက်ပါလာခဲ့ပြီး ဒေသခံလယ်သမားတွေနဲ့တွေ့ဆုံခဲ့ပြီး ပိုက်လိုင်းချစဉ်တုံးက အခုတာဝန်ရှိသူမရှိ၊ပထမအရာရှိက တာဝန်ယူလုပ်တာဖြစ်ပြီး သူအနေနှင့်အထက်ကို ဖုန်းနှင့်ဆက်သွယ် အမိန့်တောင်းခံပြီးလိုက်ပါလာခဲ့ပါတယ်။

    အဲဒီပိုက်လိုင်းကြီးက ခန့်မှန်းချေ ပေ (၃၀၀၀)ခန့်လောက်ရှိပြီး လယ်သမား(၂၀)လောက်ရဲ့ လယ်တွေထဲကို ဖြတ်ထားတာဖြစ်တာကြောင့် လယ်တွေ လုပ်ကိုင်၇တာဒုက္ခေ၇ာက်နေကြပြီး moge  ကအစဉ်ပြေအောင်လုပ်ပေးမယ်ဆိုပေမဲ့လဲ အခုအချိန်က စိုက်ပျိုးချိန်ဖြစ်နေတာကြောင့် စိုက်ပျိုးချိန်ပြီးမှ လုပ်ပေးမယ်လို့ moge ကတာဝန်ရှိသူတွေနဲ့ လယ်သမားတွေ ယာယီသဘောတူညီမှုရယူထားခဲ့ကြပါတယ်

                            ပြည်သတင်းလူငယ်(ပြည်သတင်း)











No comments:

Post a Comment