Tuesday, June 17, 2014
ပြည်သတင်းလူငယ်(ပြည်သတင်း)အာဘော်
ပြည်သတင်းလူငယ်(ပြည်သတင်း)အာဘော်
**********************************************
မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ ...
ကျွန်တော်ပြည်သတင်းလူငယ် ဒီနေ့ ယနေ့(17.6.2014)ရက်နေ့ ည(၁၀)နာရီ မျိုးဆက်သစ်ကားနဲ့ ပဲခူးမြို့သို့ မီဒီယာသင်တန်းတစ်ခုသွားရောက်တက်ပါမည် အချိန်ကာလအားဖြင့်(၃)ရက်ခန့်ကြာမည်ဖြစ်ပါသည် သို့ပါသောကြောင့် သတင်းရေးသားခြင်း သတင်းတင်နောက်ကျခြင်းများရှိပါက သည်းခံဖက်ရူပေးပါရန်လေးစားစွာကြိုတင်တောင်းပန်အပ်ပါသည်။ ယခုဆိုလျှင် ပြည်သတင်း ဆိုသောနာမည် မပပျောက်ဖို့အတွက် ပထမ ပြည့်ဖြိုးပြည် နှင့် ကျွန်တော်ပြည်သတင်းလူငယ်တို့ (၂)ဦးထဲ ရုန်းကန် တင်ပြပေးနေခဲ့ရတာဖြစ်ပြီး ယခုအချိန်အခါမှာဖြင့် (၁)နှစ်တာလေ့လာ ဆုံးဖြတ်ချက်အရ ပြည့်သဲမောင်(ပြည်) အား ပြည်သတင်း နာမည် ရေရှည်တည်တံ့ခိုင်မြဲစေရန် အတွက်အက်မင် တဦးအနေဖြင့်ပါ ထည့်သွင်း၍ ပြည်သတင်း(အွန်လိုင်း)တွင် ရေးသားတင်ပြ သွားမှာဖြစ်လို့ ယခုဆိုလျှင် ကျွန်တော်တို့ ပြည်သတင်း (အွန်လိုင်း)တွင် စုစုပေါင်း အက်မင်(၃)ဦးဖြစ်သွားပါကြောင်းပြောကြားလိုပါတယ် ယခုဖော်ပြပါ အက်မင်များဖြစ်ကြသော...
၁။ ကိုကျော်ဝင်းခိုင်(ပြည်သတင်းလူငယ်/ပြည်သတင်း)
၂။ကိုပြည့်ဖြိုးမောင်(Pyae Phyo Pyay..(ပြည်သတင်း)
၃။ကိုပြည့်သဲမောင် (ပြည်)(Pyae Thae Maung..(ပြည်သတင်း)တို့(၃)ဦးသာ ပြည်သတင်းအွန်လိုင်း ၏ အက်မင်များ အချက်အလက်များရရှိထားသူဖြစ်ပြီး အခြားသောသူများကို ပြည်သတင်း(အွန်လိုင်း)နာမည်ဖြင့် လုံးဝ(လုံးဝ)သတင်းသွားရောက်ယူစေခြင်းမရှိခဲ့ပါ သို့ပါသောကြောင့် သတင်းချစ်သော မိဘ/ညီအကို/မောင်နှမများ ပြည်သတင်းကို အစဉ်တစိုက်အားပေးခဲ့ကြသောသူများကိုလည်း လေးစားစွာ ဦးညွှတ်လျှက်ရှိပါကြောင်း နောက်နောင်လည်း ယခုထက်တတ်နိုင်သမျှကြိုးစားတင်ပြ နေပါအုံးမည်ဖြစ်ပါတယ် ပြည်သတင်း(အွန်လိုင်း)တွင် မည်သူတဦးတယောက်၏ စေခိုင်းချက်လုံးဝ(လုံးဝ)မပါဝင်သဖြင့် စေတနာဖြင့် အခကြေးငွေတပြားတချပ်မှမရရှိပဲ ပြည်မြို့နေထိုင်သူ လူငယ်များသာဖြစ်ပြီး မိမိပြည်မြို့အား မြန်မာနိုင်ငံတွင်မကပဲ တခြားသောတိုင်းပြည်များကပါ အလေးထား၍ မိမိနိုင်ငံ မိမိမြို့ တိုးတက်ရာတိုးတက်ကြောင်းများ ရရှိထားသောသတင်းများ ဆောင်းပါးများ ကျန်းမာရေးဆိုင်ရာများ ဘာသာသာသနာယဉ်ကျေးမှုများ မသာမာမှုများကို အလေးထားရေးသားနေသော ပြည်သတင်းဖြစ်ပါသည် ထိုသို့သောရေးသားမှုများထဲမှ တချို့သောသတင်းများမှာလည်း အမှန်အတိုင်းရေးသားဖော်ပြမိလို့ ဌာနဆိုင်ရာ တစ်ခု မှ တာဝန်ရှိလူကြီးတစ်ဦးမှ ပြည်သတင်းအားတရားစွဲမည်ဟုဆိုသော အသံများအား ပြည်မြို့ပေါ်သို့ ထုတ်လွင့်ကြေငြာခဲ့သည် သို့ပါသော်လည်းယနေ့ယခုအချိန်အထိတော့ အရေးယူခြင်းမျိုးများမရှိခဲ့ရသေးပါ ယခုလိုအမှန်ကိုအမှန်အတိုင်း အရှိကို အရှိအတိုင် အဖြစ်ကို အဖြစ်အတိုင်းရေးသားမှ မိမိတို့ရည်မှန်းချက်ကိုယ်စီများကို တက်လှမ်းနိုင်မှာဖြစ်ပါတယ် ထို့ကြောင့် ယခုဖော်ပြပါအက်မင်(၃)ဦးသာ ပြည်သတင်းမှ တရားဝင် အက်မင်(၃)ဦးဖြစ်ပါကြောင်းထပ်မံပြောကြားလိုပါတယ် စာအရေးအသားလေးများလိုအပ်ပါက ဖြည့်ဖတ်ပေးပါရန် ပိုစွာရေးသားမိပါက လျော့ဖတ်ပါရန် ကျွန်တော်တို့မှလည်းတတ်နိုင်သလောက်အမှားမပါရန် ကြိုးစားတင်ပြပေးသွားပါမည် ယနေ့ ယခုအချိန်အထိ ပြည်သတင်း မှသတင်းအမှားများအားမိတ်ဆွေများထံသို့ တစ်ပုဒ်တစ်ခုတောင်ရေးသားတင်ပြခဲ့ထားခြင်းမရှိပါ နောင်နောက်များမှာလည်းရေးသားတင်ပြသွားမည်မဟုတ်ပါဟု လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျာ...
ပြည်သတင်းလူငယ်(ပြည်သတင်း).
No comments:
Post a Comment