Tuesday, June 17, 2014

ပြည်မြို့တွင် လိုင်စင်မဲ့ကားများစတင်ဖမ်းဆီးရာ နှစ်စီးဖမ်းဆီးရမိ ပြည့်သဲမောင်(ပြည်)


ပြည်မြို့တွင် လိုင်စင်မဲ့ကားများစတင်ဖမ်းဆီးရာ နှစ်စီးဖမ်းဆီးရမိ

ပြည့်သဲမောင်(ပြည်)





ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဇွန်လ၁၇ရက်က ယာဉ်နှင့်ပတ်သတ်သည့် သက်သေအထောက်အထားတစ်စုံတစ်ရာမပြနိုင်သည့် လိုင်စင်မဲ့ ကားနှစ်စီးဖမ်းဆီးရမိခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ထိုနေ့နံနက် ၁၁နာရီ၄၅အချိန်က ပြည်မြို့ န၀င်းရပ်ကွက် သံတစ်ချောင်းလမ်း ယာဉ်ကျေးမှုခန်းမရှေ့တွင် ရွာဘဲရပ်ကွက် မူယာပင်ရပ် ဗိုလ်ချုပ်လမ်းနေသူ ဦးအေးကြူ မောင်းနှင်းလာသည့် KNU/KNLA PC 7D/0182 TOYOTA MARK II ခဲမဲရောင်ကားအား စစ်ဆေးခဲ့သည်။

အဆိုပါယာဉ်သည် အင်ဂျင်အမှတ် (1106813) ဘောင်အမှတ် (JZX110-6014384) မော်ဒယ်(2001) ဖြစ်ပြီး ယာဉ်နှင့်ပတ်သတ်သည့် သက်သေအထောက်အထား တစ်စုံတစ်ရာပြနိုင်ခြင်းမရှိသဖြင့် ရှာဖွေ ပုံစံပြုလုပ်သိမ်းဆည်းခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က ပြောသည်။

နေ့လည်၁၂နာရီခွဲအချိန်က ပြည်မြို့ န၀င်းရပ်ကွက် ရွှေတစ်ချောင်းလမ်း အ.လ.က(၂)ကျောင်းရှေ့တွင် အမှတ်(၁၀)ယာဉ်ထိန်းတပ်ဖွဲ့စု(ပြည်) မှဒုတပ်ကြပ်မြင့်ဇော်ဦးသည်ယာဉ်/လမ်းစည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်
နေစဉ် ပေါက်ခေါင်းမြို့ (၄)ရပ်ကွက် ပိတောက်မြိုင်လမ်းနေသူ ဦးထွန်းနိုင်လင်း
မောင်းနှင်လာသည့် KA/9121 TOYOTA MARK II ခဲရောင်အား စစ်ဆေးခဲ့သည်။

အဆိုပါယာဉ်သည် အင်ဂျင်အမှတ်(1G/FE) ဘောင်အမှတ် (GX 110-6004616) မော်ဒယ် (၂၀၀၀)ဖြစ်ပြီး ယာဉ်နှင့်ပတ်သတ်သည့် သက်သေအထောက်အထား တစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိသဖြင့် ယာဉ်ထိန်းရဲတပ်စုမှူးရုံးသို့ခေါ်ဆောင်မောင်းနှင်ကာ ရှာဖွေပုံစံပြုလုပ် သိမ်းဆည်းခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က ပြောသည်။

ထိုသို့သိမ်းဆည်းရမိသဖြင့် လိုင်စင်မဲ့ကားလက်ဝယ်ထားရှိသုံးစွဲသူ ဦးထွန်းနိုင်လင်း နှင့် ဦးအေးကြူတို့အား ပြည်မြို့အမှတ်(၁)ရဲစခန်းတွင် ပို့/သွင်း
ပုဒ်မ ၈/၁၀ဖြင့်အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျှက်ရှိသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)


No comments:

Post a Comment