Tuesday, May 20, 2014

မေလ(၂၀)ရက်နေ့က-ပဲခူးတိုင်း၊သာယာဝတီခရိုင်-မင်းလှမြို့မှာ-အခြေခံဥပဒေပြင်ဆင်ရေး-ပုဒ်မ(၄၃၆)ပြင်ဆင်ရေးတို့အတွက်ဒေသခံတို့က-ဆန္ဒပြခဲ့ကြပါတယ်။ *********************************************************** ကိုမင်းညို(DVB)



မေလ(၂၀)ရက်နေ့က-ပဲခူးတိုင်း၊သာယာဝတီခရိုင်-မင်းလှမြို့မှာ-အခြေခံဥပဒေပြင်ဆင်ရေး-ပုဒ်မ(၄၃၆)ပြင်ဆင်ရေးတို့အတွက်ဒေသခံတို့က-ဆန္ဒပြခဲ့ကြပါတယ်။
***********************************************************
ကိုမင်းညို(DVB)

အဲဒီနေ့-မနက်(၈)နာရီထိုးမှာ-ဈေးချိုလမ်း-နန်းတော်ဦးလက်ဖက်ရည်ဆိုင်ရှေ့တွင်စတင်လူစုခဲ့ပြီး-မြောက်ဖက်တန်းလမ်း-ရုံးလမ်း-လမ်းမတော်လမ်း-ဗိုလ်ရုံလမ်း-ဈေးချိုလမ်း-တို့နဲ့-မြို့နယ်အုပ်ချုပ်ရေးမှုးရုံးနားကျတော့-အသင့်စောင့်နေတဲ့-ရဲတပ်ဖွဲ့အင်အား-(၂၀)ခန့်ကရုံးရှေ့သို့မသွားရန်-တားမြစ်ခဲ့ပါတယ်-အဲဒီနောက်တော့-နန်းတော်ဦးလက်ဖက်ရည်ဆိုင်ရှေ့မှာပဲ-မနက်(၉)နာရီခွဲမှာပဲ-ပြီးဆုံးခဲ့ပါတော့တယ်။
မင်းလှ-မြို့ပေါ်-ရက်ကွပ်ကြီး(၈)ခု-စိန်ကန့်လန့်ရွာ-အင်းပုတ်ကုန်း၊စစ်ကွင်း၊ဘုရားငုတ်တို၊ဇီးကုန်းလေး။သဲကော။နပ်စပ်၊သစ်ထူးအိမ်၊ညောင်ဥပင်၊အုံးနှဲကျောင်း၊ကြို့ကုန်း၊ကညင်ပင်၊ပေါက်ကုံး၊တက်တိုးမကုံး၊ဆင်အိုင်၊ကျွဲတဲကုန်း၊ရေကျော်၊မကွေးတန်း၊ရှားပင်ကွေ့၊ထောက်ကျံ့ကုန်း၊ဥတို၊နတ်ကျ-စတဲ့ပတ်ဝန်းကျင်ဒေသတွေကလူ(၁၀၀၀)ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပါတယ်။
လွှတ်တော်ထဲမှာ-ပြည်သူတွေရွေးမထားတဲ့တမတ်သား-ကိုယ်စားလှယ်တွေမရှိစေချင်တာရယ်-အခြားပုဒ်မတွေထပ်-ပုဒ်မ(၄၃၆)ကအဓိကကျနေတာကြောင့်-တတိုင်းပြည်လုံးကလဲ-မလိုလားဘူးဆိုတာကိုပြသချင်တာကြောင့်-အခုလိုဆန္ဒပြရတာပါလို့-ကိုထွန်းကျော်သူ(ဦးဆောင်သူ)ကဆိုပါတယ်။
။ ကိုထွန်းကျော်သူ(ဦးဆောင်သူ)
အဲဒီအခြေခံဥပဒေရေးစွဲစဉ်တုံးကလဲ-ဧရာဝတီတိုင်မှာ-နာဂစ်မုန်တိုင်းဖြစ်ပြီး-ပြည်သူတွေကြောက်လန့်နေစဉ်မှာ-အကြောက်တရာတွေထပ်ထဲ့ပြီးရေးစွဲထားတာ-တနိုင်ငံလုံးမှာဧရာဝတီတိုင်းက-လူဦးရေ-အများဆုံးပဲ-ဘယ်သူတွေကဒီမဲကိုစိတ်ဝင်စားနိုင်မှာလဲ။နောက်ပြီး-ထည့်တဲ့သူတွေကအမှားချစ်ရင်တောင်-အမှန်တွေပဲ-မဲပုံးထဲမှာဖြစ်နေတော့-အားလုံးသူတို့ပဲ-အနိုင်ဖြစ်နေတာပေါ့-ဘယ်သူမှ-လက်မခံဘူးဆိုတာကို-ပြရမဲ့အချိန်ဖြစ်နေပြီလို့-ဒေါ်လှလှမိုး-ကဆိုပါတယ်။
။ ဒေါ်လှလှမိုး-(၁၉၉၀-လွှတ်တော်ကိုယ်စားလှယ်ဟောင်း)လက်ရှိNLDမြို့နယ်နာယက။
၂၀၀၈ -ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး-တို့အရေး
တရားဥပဒေစိုးမိုးရေး-တို့အရေး
ပုဒ်မ(၄၃၆)--အလိုမရှိ-စတဲ့-ပိုစတာ၊ဗွီနှိုင်းတွေ-ကိုကိုင်ဆောင်ပြီး-ကြွေးကြော်ကာ-စီတန်းလမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ခွင့်ပြုမိန့်တောင်ခံရာမှာလဲ-အကြိမ်ခေါ်ယူ-ဈေးစစ်ပြင်ဆင်ပေးခဲ့ပြီးမှ-မေလ(၁၂)ရက်နေ့ကျမှ-ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှုး-သိန်းဇော်-လက်မှတ်နဲ့ခွင့်ပြုခဲ့ပါတယ်-ခွင့်ပြုမိန့်တွင်နောက်ဆုံးလူ(၁၀၀)သာခွင့်ပြုထားခဲ့ပြီး-အချက်တော်တော်များများကိုပြင်ဆင်ပေးခဲ့ရပါတယ်လို့-ကိုမင်းလွင်(ဒေသခံ)တယောက်ကရှင်းပြပါတယ်။မင်းလှမြို့မှာတော့-ပထမဆုံးပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲတခုဖြစ်ပြီး-လွန်ခဲ့တဲ့(၂)လလောက်ကတော့-(၁၃၀၀)ပြည့်အရေးတော်ပုံအခန်းအနားတခုကိုလဲ-အခုပွဲစတင်ခဲ့တဲ့-နန်းတော်ဦးလက်ဖက်ရည်ဆိုင်မှာပဲကျင်းပပြုလုပ်ခဲ့ပါသေးတယ်...
သတင်း...ကိုမင်းညို(DVB)
တင်ဆက်သူ...ပြည်သတင်းလူငယ်(ပြည်သတင်း)

No comments:

Post a Comment