Tuesday, May 20, 2014

ချုံကိုမီးရှို့ရာက-ပျူခေတ်လက်ရာလို့ယူဆရတဲ့-ရဟန္တာ(၈၀)-စေတီ-သိမ် တို့-ပဲခူးတိုင်းအနောက်ပိုင်း-ရွှေတောင်မြို့မှာ-ပေါ်ထွက်လာခဲ့



ချုံကိုမီးရှို့ရာက-ပျူခေတ်လက်ရာလို့ယူဆရတဲ့-ရဟန္တာ(၈၀)-စေတီ-သိမ် တို့-ပဲခူးတိုင်းအနောက်ပိုင်း-ရွှေတောင်မြို့မှာ-ပေါ်ထွက်လာခဲ့ပါတယ်။
**************************************************
ကိုမင်းညို(DVB)




မတ်လ(၈)ရက်နေ့ကရွှေတောင်မြို့ကြာနီကန်ရပ်ကွပ်အလွန်-မှာရှိတဲ့-ပေကုန်းရွာနဲ့-အင်ကျင်းဆင်အကြားကရှေးဟောင်းဘုရားပျက်များရှိတဲ့နေရာကို-ရှေးဟောင်းသုတေသန-အဖွဲ့တဖွဲ့က-ငွေ(၁၀၀၀၀)ကျပ်ပေးပြီး-ခြုံတွေကိုရှင်းပြီး-မီးရှို့ခိုင်းတဲ့အတွက်-အနားမှာတောင်ယာလုပ်ကိုင်စားသောက်နေတဲ့-ဦးခင်မောင်ကရှင်းပေးလိုက်ရာမှပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။
ရှင်းလင်းလိုက်ရာမှ-ရှေးဟောင်းစေတီ(၁၀)ဆူခန့်နဲ့-သိမ်လို့ယူဆရတဲ့အဆောက်အဦးနဲ့-နံရံ(၄)ဖက်မှာ-တဖက်ကို-ရဟန္တာအဆူ(၂၀)ကိုအညီအမျှထုလုပ်ပူဇော်ထားတဲ့-ရဟန္တာ(၈၀)ထဲက-အပါး(၃၀)ကို-ရှင်းလင်းစွာ-ပေါ်လာခဲ့ပါတယ်။
 ။ဦးခင်မောင်(ခြုံရှင်းပေးသူ-ဒေသခံတောင်သူ)
ဒေသခံတွေအပြောနဲ့-ရှေးဟောင်းအဖွဲ့က-လာရောက်ကြည့်ပြီး-ဒီဟာက-မွန်းတည့်သိမ်ဖြစ်တယ်-မှဲ့ရှင်ဆရာတော်ကြီး-ပြုပြင်မွန်းမံထားတာက-နေထွက်သိမ်-နောက်ထပ်-နေ၀င်သိမ်ဆိုပြီးတခုရှိဦးမယ်-တချို့တွေက-ကျီးသဲ-ဖက်အထွက်-မြို့လှရွာဖက်မှာနေ၀င်သိမ်လို့ယူဆရတဲ့-ဟာကိုလဲ-တွေ့ထားတယ်လို့-ဆိုပြီးသိခဲ့ရတယ်လို့- ။ (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) ဦးထွန်းထွန်းဦး-ပြောပြပါတယ်-
 ။ဦးထွန်းထွန်းဦး(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)
ရွှေတောင်ကနေ-ပြည်ဘက်အထွက်မှာ-ရှိတဲ့ -ရဟန္တာ(၈၀)မှာ-သတင်းသုံးနေတဲ့ မှဲ့ရှင်ဆရာတော်ကြီး-ကတူးဖေါ်စောင့်ရှောက်ဖို့ဆိုတာက-တာဝန်အရမ်းကြီးတယ်-တူးဖေါ်ရုံနဲ့မပြီးဘူး-နေ့စဉ်ဆွမ်းကိစ္စလို-ဝေယာဝစ္စတွေကအစတာဝန်ယူရတယ်လို့-ရှင်းပြပါတယ်။
 ။မှဲ့ရှင်ဆရာတော်ဘုရား။
အဲဒီတွေ့ရှိချက်နဲ့ပတ်သတ်ပြီး-ပြည်မြို့-ရှေးဟောင်းသုတေသန-ဦးစီးဋ္ဌာနကိုမေးမြန်းကြည့်ရာ-သူတို့မသိသေးဘူး-လာကြည့်သွားတဲ့အဖွဲ့က-ရုံးချုပ်ကအဖွဲ့ဖြစ်နိုင်တယ်-မလေ့လာရသေးတဲ့အတွက်-လောလောဆယ်အနေနဲ့-ဘာမှ-ပြောပြလို့မရနိုင်သေးကြောင်းရှင်းပြပါတယ်
သတင်း...ကိုမင်းညို(DVB)
ဓါတ်ပုံ.....ကောင်းမြတ်မင်း(ဧရာဝတီ)
တင်ဆက်သူ..ပြည်သတင်းလူငယ်(ပြည်သတင်း)

No comments:

Post a Comment