Tuesday, May 20, 2014

ပေါင်းတည်-မှတ်တိုင်-ပေါက်တောကားလမ်း ပြုပြင်ပေးရေး ပေါင်းတည်မြို့ဒေသခံအင်အား ၃၀၀၀ ကျော်ဆန္ဒဖော်ထုတ် ...ကိုမင်းညို(DVB)



ပေါင်းတည်-မှတ်တိုင်-ပေါက်တောကားလမ်း ပြုပြင်ပေးရေး ပေါင်းတည်မြို့ဒေသခံအင်အား ၃၀၀၀ ကျော်ဆန္ဒဖော်ထုတ် 
****************************************************************
 ကိုမင်းညို(DVB)





 မေလ ၂၀-ရက်နေ့ကပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပေါင်းတည်မြို့ ပေါင်းတည်-မှတ်တိုင်-ပေါက်တော ကားလမ်းပိုင်းအား အမြန်ဆုံးပြုပြင်ပေးရေးရန်အတွက် ဆန္ဒဖော်ထုတ်ပွဲတခုပြုလုပ်ခဲ့ပါတယ်။ ယင်းဆန္ဒဖော်ထုတ်ပွဲကို နံနက် ၉ နာရီခန့်က ပေါင်းတည်မြို့ ဘုရားကြီးလမ်း မှစတင်ကာ မြို့တွင်းသို့ လှည့်လည်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအုပ်စု ၁၅ အုပ်စုမှ ကျေးရွာပေါင်း ၁၀၀ နီးပါးခန့်က ဒေသခံများပူးပေါင်းပါဝင် ခဲ့ကြောင်း အဆိုပါကားလမ်းမှာ မြေသားလမ်း ၅ မိုင် ကျောက်ကြီးလမ်းပိုင်း ၅ မိုင် ပေါင်း ၁၀ မိုင်ခန့်ရှည် လျားပြီး ဒေသခံအများစုအသုံးပြုလျှက်ရှိခြင်းကြောင့် အမြန်ဆုံးပြုပြင်ပေးရေး ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “ သွားရေးလာရေးအမတန် ခက်ခဲလွန်းအားကြီးလို့ပါ ဒီလမ်းကြီးကြောင့် ဆိုင်ကယ်ပေါ်ကပြုတ်ကျပြီး သေတဲ့လူပေါင်းလည်း မနည်းပါဘူး။ နောက်ကျန်းမာရေး၊ ပညာရေးကလည်း ဖွံ့ဖြိုးမှုအားကလည်းအမတန် နည်းနေတဲ့အတွက်ကြောင့် ဒီမ်းကြီးကောင်းမွန်မှသာမြို့နဲ့ဆက်သွယ်ရေးကောင်းမွန်ပြီး တိုးတက်မှာပါ ကျွန်တော်တို့ငယ်စဉ်ကတည်း ဒီလမ်းကြီးမကောင်းခဲ့တဲ့ဒဏ်တွေကို အတော်ခံစားခဲ့ရပါတယ်။ ” လို့-ကျောင်းစုကျေးရွာမှ ဦးညွှန်လှိုင်ကပြောသည် ။ ဦးညွှန်လှိုင်(ကျောင်းစုကျေးရွာ) ဒီလမ်းပိုင်းကြီးမှာ မိုးရာသီဆိုကျောင်းသားကလေး တွေသွားလာရေး အမတန်ခက်ခဲပါတယ်။ လမ်းကဘယ်လောက်ဆိုးလည်းဆိုရင် ၇ မိုင်လောက်ခရီးကို ၂ နာရီလောက်မောင်း နေရတယ် အရေးပေါ်လူနာတွေဆိုရင်လမ်းမှာတင်သေဆုံးကုန်တာမနည်းပါဘူး။ အခုလိုဆန္ဒလူထုအင်အား များစွာနဲ့ဆန္ဒဖော်ထုတ်တာကိုမှ နိုင်ငံတော်က လုပ်ဆောင်မပေးဘူးဆိုရင်တော့ နောက်လည်း ဒီလိုဆန္ဒဖော်ထုတ်မှုတွေလုပ်သွားအုံမယ်ဆိုတာ သိစေချင်ပါတယ် လို- ဦးဖိုးထွန်းက ပြောသည်။ အင်တာဗျုး။ ။ ဦးဖိုးထွန်းက(မှတ်တိုင်ကျေးရွာ) ဆန္ဒဖော်ထုတ်ပွဲမှာ နံနက် ၁၀ နာရီတွင်ပြီးဆုံးခဲ့ပြီး ပေါင်းတည်မြို့တွင် ပြည်သူလုထုစိတ်ဝင်စားဆုံးနှင့် ပူးပေါင်းပါဝ်မှုအများဆုံးဆန္ဒထုတ်ဖော်ပွဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။ ဆန္ဒထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့စည်းများ၏ တရားဝင်ခွင့်ပြုချက်ရရှိခဲ့ပြီး ခွင့်ပြုမိန့်မရခဲ့ရင်-ပြုလုပ်သွားမှာဖြစ်တယ်လို့-သိရပါတယ်..

သတင်း...ကိုမင်းညို(DVB)
ဓါတ်ပုံ... Koye Tin
တင်ဆက်သူ..ပြည်သတင်းလူငယ်(ပြည်သတင်း)
 

No comments:

Post a Comment