Tuesday, May 20, 2014
ပဲခူးယ်။တိုင်းဒေသကြီး သဲကုန်းမြို့နယ်တွင်- ရဲတပ်ဖွဲ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတက်ရောက်လာသူတွေနဲ့သတင်းထောက်များကို-မေးခွန်းမေးခွင့်မပြုပဲ-ပွဲကိုအဆုံးသတ်လိုက်တဲ့အတွက်-တက်ရောက်လာသူများကမကျေမနပ်ဖြစ်ခဲ့ကြပါတယ်
ပဲခူးယ်။တိုင်းဒေသကြီး သဲကုန်းမြို့နယ်တွင်- ရဲတပ်ဖွဲ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတက်ရောက်လာသူတွေနဲ့သတင်းထောက်များကို-မေးခွန်းမေးခွင့်မပြုပဲ-ပွဲကိုအဆုံးသတ်လိုက်တဲ့အတွက်-တက်ရောက်လာသူများကမကျေမနပ်ဖြစ်ခဲ့ကြပါတယ်
**************************************************************************
ကိုမင်းညို(DVB)
မေလ(၈)ရက်နေ့-မနက်(၈)နာရီခွဲတွင်-သဲကုန်းမြို့နယ်-မကျီးဇင်ကျေးရွာ-(အမက)ကျောင်းတွင်- သဲကုန်းမြို့နယ်-မြို့နယ်အုပ်ချုပ်ရေးမှုး-မြို့နယ်ရဲတပ်ဖွဲ့မှုး-သဲကုန်းစခန်းမှုး-တို့ဦးစီးကျင်းပပြုလုပ်တဲ့-သတင်းစာရှင်းလင်းပွဲကို- -မြို့နယ်အုပ်ချုပ်ရေးမှုး- -မြို့နယ်ရဲတပ်ဖွဲ့မှုး-နဲ့-သဲကုန်းစခန်းမှုး-တို-က-့မေလ(၁၄)ရက်နေ့က- လယ်သမားသပိတ်စခန်းဖွင့်ပြီး ၃ လပြည့် ဆန္ဒပြပွဲနဲ့ ပေါင်းတည်ထောင်တွင် ပုဒ်မ ၅၀၅/ခ နဲ့ ဖမ်းစီး ထားတဲ့ ကိုပေါက်စ လွတ်မြောက်ရေး အတွက် ဆုတောင်းပွဲကို သဲကုန်းမြို့ မိုးကောင်း ဘုရားဓမ္မရုံ တွင် ပြုလုပ်ခဲ့ကြပြီး-အပြန်တွင်- တပ်ရွာထိပ်-ရွှေဘုန်းရှိန်ဘုရားလမ်း-ပေါ်ရှိ-ဦးဝါယမတိုက်ကျောင်းဝင်းအတွင်းကိုဝင်ပြီး-ခဏနား-ရေသောက်ကြရာ-နောက်က-ရဲတပ်ဖွဲ့ဝင်(၂၀)လောက်လိုက်လာကြပြီး-အတင်းဝင်ရောက်ဖမ်းစီးကြရာ-ဒေါ်ညိုနဲ့-ကိုမောင်ဝင်းတို့-ကို-လက်ထိပ်ခတ်ဖမ်းစီး-ပြီး-ကိုကောင်းထက်ကျော်-ကတော့-ရဲ-ဒုပ်-နဲ့-ခေါင်းကို-ု၇ိုက်နှက်ခံရပြီးခေါင်းကွဲသွားကာ-ဒေါ်ခင်မာအေး-(၁)ပေခွဲလောက်ရှည်တဲ့ဓါးနဲ့အထိုးခံရတဲ့-ဒဏ်ရာ-ကိစ္စတွေနဲ့ပတ်-သတ်ပြီး-ခေါ်ယူသတင်းစာရှင်းလင်းခြင်းဖြစ်ပါတယ်။ အဲဒီနေ့က-ရဲတပ်ဖွဲ့ဝင်တွေက-နေ့လည်(၁၂)နာရီတွင်-မြို့နယ်တရားသူကြီးထံကို-ဥိးတိုက်လျှောက်ပြီး-ပုဒ်မ(၅၀၅/ခ)နဲ့ဖမ်းဝရမ်းရယူခဲ့ပြီး-ခွင့်မရှိပဲဆန္ဒပြခဲ့သူတွေကို-၀င်ရောက်တားစီးခဲ့တာဖြစ်တယ်-မခင်မာအေး-ဓါးနဲအထိုးခံရတယ်ဆိုတာ-မဟုတ်ဖူး-ကောင်းထက်ကျော်-မြေကြီးနဲခေါင်းနဲ့သူ့ဟာသူတိုက်ပြီး-ခေါင်းကွဲသွားတော့ရတဲ့ဒဏ်ရာကထွက်လာတဲ့သွေးတွေကို-သူ့ကိုယ်ပေါ်လိမ်းသုပ်ပြီး-လီဆည်ပြောတာဖြစ်တယ်-ဘာဒဏ်ရာမှမရခဲ့ဘူးလို့-စခန်းမှုးကဆိုပါတယ်။ ။စခန်းမှုး လက်ဒဏ်ရာရရှိခဲ့တဲ့မခင်မာအေးက-မြို့ထဲ့ကိုသွားပြီးဆေးမကုရဲတာကြောင့်-ရွာမှာပဲဆေးမှီးတိုနဲ့ကုသနေရတယ်-သူကို့သေကြာင်းကြံတာဖြစ်လို့-တရားစွဲခြင်တယ်လို့ဆိုပါတယ် ။မခင်မာအေး(ဓါးဖြင့်အထိုးခံသူ/(၅၀၅/ခ)နဲ့တရားစွဲဆိုခံထားရသူ) သတင်းစာရှင်းလင်းပွဲကို-သူတို့ပြောချင်ရာပြောပြီး-ရုပ်သိမ်းလိုက်တဲ့အတွက်-ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့-သတင်းထောက်တွေ-မကျေမနပ်ဖြစ်ခဲ့ရပြီး-သတင်းအမှားတွေရေးသားတယ်ဆိုတဲ့-စွပ်စွဲချက်တွေအပေါ်-ပြန်လည်မေးခွင့်မရခဲ့တာကြောင့်-တဖက်သတ်စွတ်စွဲချက်သာဖြစ်တယ်လို့-Daily eleven-သတင်းစာ-သတင်းထောက်ကဆိုပါတယ်။ သတင်းစာရှင်းလင်းပွဲ-ဆိုပြီးတဖက်သတ်လုပ်သွားတယ်-သပိတ်စခန်းနဲ့-ဆန္ဒပြတဲ့ဗွီဒီယိုဖိုင်ကိုပဲပြသပြီး-ကောင်းထက်ကျော်တို့-အရိုက်ခံ-အကြမ်းဖက်ခံရတဲ့ဗွီဒီယိုဖိုင်ကိုတော့-မပြဘူး-သတင်းထောက်တွေကိုလဲမေးခွင့်မပေးဘူး-တဖက်သတ်ဝါဒဖြန့်ချီတဲ့ပွဲတခုသာဖြစ်တယ်လို့-(ဗကသ)များအဖွဲ့ချုပ်-သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတယောက်ကဆိုပါတယ်
သတင်း..ကိုမင်းညို(DVB)
တင်ဆက်သူ....ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment