ရွှေဆံတော်မှာ ကြွေတဲ့အသည်း
-----------------------------------
( ပြည်မြို့ G T C အင်ဂျင်နည်းယာကျောင်းမှ ၂၀၁၂ တကယ့်အဖြစ်အပျက်)
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
**************************************************
ပြည်မြို့ G T C ကျောင်း ပြည် ပေါင်းတလည် = ပေါက်ခေါင်း သွားလမ်း ပြည်မျြိ့(၆) မိုင်အကွာတွင်တည်ရှိပြီး ၂၀၁၂ ခုနှစ် ပြည်မြို့ 
အမှတ် (၃ ) ရဲစခန်းပိုင် ဘုရားကြီးအနည်း ဆယ်ဘီးကားအား ဆိုင်ကယ်ဖြင့်ဝင်တိုက်ခဲ့သော အဖြစ်အပျက်မှန်အား ၀တ္ထု ဇာတ်ညွန်းသရုပ်ဆောင် ဒါရိုက်တာ ဓည၀တီ စိုးပိုင် ရေးသားသော ၀တ္ထု ( ပြဇာတ် )အားဖေါ်ပြပေးပါသည် ဖြစ်စဉ် G T C ကျောင်းသား သက်မောင်ဦး(အမည်လွှဲ) သည် ကျောင်းတက်နေရင်း ကျောင်းချိန်ပျက်ကွက်တာများပြီး စာမေးပွဲဖြေဆိုခွင့်မရခဲ့ပါ ၄င်းကို မိဘများအားအသိမပေးဘဲထားပြီး စားမေးပွဲနည်းလာခဲ့ရာ မိခင်ဖြစ်သူမှ သားစားမေးပွဲဖြေလျှင်စားရန် အကြော်အလျှော် ငွေလာပို့ ခဲ့ရာ ပြည်ကားကြီးဝန်းရောက်လာခဲ့ရာ မိခင်ဖြစ်သူအား သားဖြစ်သူမှကြိုရန် သူငယ်ချင်းဆိုင်ကယ်(အပြာရောင်) ငှါး၍ G T C ကျောင်းမှထွက်လာခဲ့ရာ ဘုရားကြီးနားအရောက် ဆယ်ဘီးကားအား ၀င်တိုက်မိပြီး နေရာတွင် ပွဲခြင်းပြီးသေဆုံးခဲ့လေသည် ထိုအကြောင်းအရာအား ၀တ္ထု ရေးဆရာမှခံစားတင်ပြ ပုံဖေါ်ထားပါသည်
========================================
------------( ရွှေဆံတော်မှာ ကြွေတဲ့အသည်း )----------------------
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
သက်မောင်ဦး နှင့် ခင်စပယ် တရွာတည်းကျောင်းနေဘက် ၁၀ တန်းအတူတူ
အောင် G T C အတူတက်ခဲ့ကြလေသည် သူတို့ ဇာတိရွာ မင်းလှမြို့ နယ် တောရွာကလေးဖြစ်၍ သက်မောင်ဦး မြို့ ရောက်ကျောင်းတက်ရင်း အသောက်အစားဘက်လာပြီး အပျော်အပါးများလာပြီး ကျောင်းပျက်တာများခဲ့လေ၏ ဒါကို ခင်စပယ် တာ
သော်လည်းမရ --
ခင်စပယ်(အမည်လွှဲ) ကိုသက် သောက်တာစားတာလျှော့ပါဦး ကျောင်းမှန်မှန်တက်ပါဟ ပညာရေးကအရေးကြီးတယ် နင့်အဖေနဲ့ အမေကိုသနားးပါဦး ရွာမှာ ပင်ပင်ပန်းပန်းနဲ့  ရှာဖွေပြီးကျောင်းထားရတာ ငါကိုမသနားရင်နေပါဟာ
နင့်မိဘတွေကိုတော့သနားပါဟယ်
(သက်မောင်ဦး) နင်ကလည်း တနေ့ တနေ့  ငါကိုဘဲတရားလာပြနေတယ် နားပူတယ်ကွာသွားတော့ စာမမေးပွဲမအောင်လည်းနောက်နှစ်တွေအများကြီးကျန်ပါသေးတယ် လူတာသေသွားမယ် ခုနှစ်တွေဆိုတာဘယ်တော့မှမကုန်ဘူး နင်မှတ်ထား ငတုံးမ
ခင်စပယ်= ကယ်ပါလူလယ်ကြီးသာ ကိုယ်ကိုကိုယ်ပြင်ဦး တော်ကြာ နင်စာမေးပွဲကြရင် ငါနဲ့ ဝေးရလိမ့်မယ်နော်
သက်မောင်းဦး= ငါကနင်နဲ့ ဘယ်တော့မှမဝေးဘူး နင်မှတ်ထား စပယ် ငါဆိုတဲ့ကောင်က သေသွားရင်တောင် နင်နားမှာ ၀ိညာဉ်ဘ၀နဲ့ လိုက်နေမှာဟ
ခင်စပယ်= နင်ကလည်း နမိတ်မရှိ နမာမရှိဟယ် မပြောပါနဲ့ ဟယ် ငါက နင်ကို---ဟို အ၀ှါ အင်းဘယ်လိုပြောရမလည်း ဆိုးရိမ်လို့ ပါဟာ
သက်မောင်ဦး= စကားမလွှဲနဲ့  စပယ် ဒို့ နှစ်ယောက်ချစ်နေတာ တလောကလုံးသိတယ် နင်ငါ့ကို ချစ်စိတ်နဲ့ ဆိုးရိမ်နေတာပေါ့ ငါသိပါတယ်ဟာ ဒို့ နှစ်ယောက်ငယ်ငယ်ထဲကသံယောဇဉ်ရှိခဲ့တာဘဲ
အေးပါဟာ ငါပြင်မှာပါ သူငယ်ချင်းတွေနဲ့ တွေ့ ရင်အပျော်လွန်လွန်သွားလို့ ပါ
ခင်စပယ်= ပျော်တာတော့ပျော်တာပေါ့ဟာ ပညာရေးရယ် နင်မိဘတွေရယ်
ဒို့ နှစ်ယောက်ရှေ့ ဆက်ရမဲ့ခရီးရယ် နင်စင်းစားပါဟာ တနေ့ တနေ့ နင်အကြောင်းတွေးနေတာနဲ့  ခေါင်းထဲစာတလုံးမှမရောက်ဘူးဟာ ဒါနဲ့  ဟိုနေ့ က ရွှေဆံတော် ဘုရား မှာ ဒို့ တွေသွားကြတော့ နင်ဘာဆုတွေတောင်းလည်း မောင် စပယ် ကတော့ ကျောင်းပြီးရင် မိဘကိုလုပ်ကြွေးရင်းနဲ့ သာယာတဲ့ဘ၀ကိုပိုင်ဆိုင်ရပါလို၏လို့ ဆုတောင်းခဲ့တယ်ဟ
သက်မောင်းဦး-=အံမာ ငါကလည်း နင်နဲ့ ယခုဘ၀ နောက်ဘ၀ သံသရာအဆက်ဆက် ငှက်ဖြစ်တောင်တကိုင်းထဲ
ခင်စပယ်= တော်ဟာ နင်ပြောင်ချော်ချော်မလုပ်နဲ့ ငါတယ်မေးနေတာဟ
သက်မောင်ဦး= တကယ်ပြောရရင် နင်နဲ့ ငါ ရိုးမြေကြ ချစ်ရပါလို၏လို့ ဆုတောင်းတယ် ပြီးတော့ ဒီနှစ်ရွှေဆံတော် ဘုရားကြီးရဲ့သုံးနှစ်တကြိမ် အပူဇော်ခံလှည့်လည်တဲ့ စွယ်တော်မြတ်ကိုလည်း အတူတူဖူးမျှော်ရပါလို၏လို့ ဆုတောင်းခဲ့တယ်--
ခင်စံပယ်= ဟုတ်တယ်နော် ဒီနှစ်သုံးနှစ်တကြိမ်လှဲ့ တဲ့ပွဲတော်နှစ်ဆိုတော့
ဒို့ နှစ်ယောက် အတူတူဖူးမျှော်ခွင့်ရတာပေါ့ဟာ နင်မသောက်နဲ့ မပေနဲ့ တော့ဟာ စာကျိုးစားပြီး မိဘတွေကြေနပ်အောင်နေပြရမယ် နင်လိမ္မာပါတယ် မောင် ရယ်
သက်မောင်ဦး= အေးပါဟာ ငါပြင်မှာပါ ခုတောင်ကျောင်းပျက်တဲ့ရက်ကများနေပြီး ဟိုနေ့ ကဘဲ ခေါ်ပြီးသတိပေးထားတယ် ဒါနဲ့  ဒီတပါတ်ကျောင်းပိတ်ရက် ရွာပြန်ရအောင် ငါမှာငွေပြတ်နေပြီး နင်စီကယူသုံးတာလည်းများနေပြီးဆိုတော့အားနာလာပြီ
ခင်စပယ်= အံ့မယ်ကြားသားမိုးကြိုး အားနာတာတွေ ဘာတွေပြောတတ်လာပြီ ကိစ္စမရှိဘူးဟ နင်သာ ကျိုးစားပါ ငါမှာငွေကအရေးမကြီးပါဘူး
သက်မောင်ဦး= စပယ်ရယ် နင်ကလူချမ်းသာအသိုင်းအ၀ိုင်း ငါကအညတြရ
လူပွဲပါ ဒို့ နှစ်ယောက် ဝေးမယ်ထင်တယ် နင်မိဘတွေကြောင့်လေ
ခင်စပယ်= နင်သာလိမ်လိမ်မာမာနဲ့  ယောင်္ကျားပီပီသသ နေပြလိုက်ပါဟာ
ငါမိတွေက ရိုးရိုးသားသားနေရင်ကျေနပ်ကြမှာပါ
သက်မောင်ဦး= စပယ် ငါ့ကိုဘယ်လေယ်ချစ်လည်းဟင် ပြောပါ ကြားခြင်လို့ ပါ
ခင်စပယ်= အကောင်းပြောနေတာ ဖေါက်လာပြီဒါကိုထပ်ခါတလဲလဲမေးနေ
ဘယ်နှစ်ကြိမ်ရှိပြီးလည်း ငါလည်းဖြေရတာမောလှပြီ
သက်မောင်ဦး= အမောဆို့ သွားပါစေ ငါကတော့ တနေကုန်ထိုင်ပြောနေခြင်တာဟ
ခင်စပယ်= မောင် ဟဲ့ဒီမိုးကောင်ကင်ကြီး ပြိုနိုင်လား
သက်မောင်ဦး= ဘယ်ပြိုနိုင်မလည်းဟ
ခင်စပယ်=ဟာ ဟ အဲ့ဒီမိုးကောင်ကင်ပြိုကြရင်မုန်းမယ်
ခင်စပယ်= မောင် ဟိုအဝေး အရှေ့ မှာမြင်နေရတဲ့ အလယ်ရိုးမတောင်တန်းကြီး မြေပြင်အတိဖြစ်သွားနိုင်လား
သက်မောင်ဦး= ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်းဟာ
ခင်စပယ်= မောင် အဲ့ဒီ အလယ်ရိုးမတောင်ကြီး မြေပြင်အတိဖြစ်ပြီး ကန္တာရဖြစ်သွားရင်မုန်းမယ်
သက်မောင်ဦး= နင်က ငါထက်စကားပြောတတ်တယ်ဟ ငါကအဲလောက်မပြောတတ်ဘူး ချစ်တော့ချစ်တယ်
ခင်စပယ်= နင်စာမဖတ်ဘူးလေ ငါကစာဖတ်တယ် နင်ကသောက်တယ်ပေတယ်ပျော်တယ်ပါးတယ်လေ
သက်မောင်ဦး= တော်ဟာ အချိန်တန် ဒီဘူတာဘဲစိုက်လာပြီး ဒါဘဲပြောစရာရှိလား ဒီတခါရွှေဆံတော် ဘုရားရောက်ရင် နင်ရှေ့ မှာ
ဘုရားကျွန်တော်မျိုး မသောက်မမူးမပျော်တော့ပါဘူး သေအထိနေသွားပါမယ်လို့ ကြိမ်ပြောပြီးဆုတောင်းပြမယ်
ရွှေဆံတော်မှာ ကြွေတဲ့အသည်း(ဒုတိယ..ပိုင်းကို-== စောင့်မျှာ်ဖတ်ရှုအားပေးကြပါ
ဦးခင်ဗျာ -- လေးစားစွာဖြင့်--ငါလိုယောင်္ကျားပြဿဒါးမရှိ ==

No comments:
Post a Comment