Tuesday, September 17, 2013

ရွှေဆံတော်မှာ ကြွေ တဲ့အသည်း( အပိုင်း ၂ )



ရွှေဆံတော်မှာ ကြွေ တဲ့အသည်း( အပိုင်း ၂ )
============================

ခင်စပယ်= နင်ကလည်းဟယ် ဒီနမိတ်မရှိတဲ့စကားတွေဘဲပြောနေ ------------ ငါငိုခြင်လာပြီ နောက်မပြောနဲ့ ဟယ် ဒါနဲ့  မောင်ဒီတပါတ်ကျောင်းပိတ်ရင်ရွာပြန်ကြအောင်နော်
သက်မောင်ဦး= အေးပါပြန်မယ်လို့ နင့်ကိုပြောပြီးပြီဘဲ ရွာရောက်ရင် ငါတို့ မတွေ့ ရတော့ဘူးဟ ရွာအတွက်ခုထဲက -- ကဲဟာ (ပြောရင်းဖြစ်ခင်စပယ်၏ ကိုယ်လုံးလေးအားသိုင်းဖက်ဖြစ်ညစ်ထားလိုက်၏)
ခင်စပယ်= ဟာ ဟာ လွှတ်ဟ ဟိုမှာလူတွေနဲ့  နင်လေအရှက်ကိုမရှိဘူး( ပြောသာပြောရတယ် ခင်စပယ် ခဏတော့ မှေးစက်ခိုးနားပြီးသာယာမိလေသည် သို့ ပေမဲ့မိန်းကလေးလေ
သာယာမှု့ နဲ့ အဖေါ်ပြုမိရင် လက်မထပ်ခင်ကြွေသွားမှာက အမေ မွေးတဲ့
မွေးရာပါပန်းလေ) သွားငါစိတ်ဆိုးတယ်နော် ခေါ်ဘူး(တဖက်သို့ လှဲ့ ပြီး မျက်စောင်းထိုး ခိုးကြည့်မိလေသည်) ဒါကိုသက်မောင်ဦးကသိတယ်လေ
သက်မောင်ဦး= ဟာဟ စိတ်ဆိုးတဲ့ကောင်မလေးကလည်း ငါကိုခိုးကြည့်နေတယ်ဟေ့ ချစ်လို့ ပါ စပယ် မောင် လွန်သွားတယ်ခွင့်လွှတ်နော်
ခင်စပယ်= ဟင်း ဒီလိုလုပ်ပြီးတိုင်းခွင့်လွှတ်နော်ပြောတာ အကြိမ် တစ်ရာမကတော့ဘူးနော် နင်ခွင်လွှတ်ပါပြောတာတွေ မှတ်ထားရင်
မှတ်စုစာအုပ်တွေနင့်အရပ်လောက်ရှိပြီသိလား--
သက်မောင်ဦး=ကဲမိစပယ်နောင်နင်ကိုဖက်ရင်လေ ငါကိုကြိုက်သလိုသာလုပ်
ခုတော့ အဆောင်ပြန်ကြရအောင် ထမင်းစာပြီဟ
စနေ နေ့  နံနက် ၇ နာရီ ပြည်မြို့ ကားကြီးဝန်းမှာ လူတွေ လှုပ်လှုပ်ရွှရွှ နဲ့ 
ခရီးသွား ခရီးပြန်ရှုပ်နေလေသည် သက်မောင်ဦး နှင့် ခင်စပယ် တို့ သူငယ်ချင်း ငါးယောက် ကားကြီးဝန်းမှာ မျိုးဆက်သစ်ကားလက်မှတ်ဖြတ်ထားလေသည်
ခင်စပယ်= ကားကဘယ်နှစ်နာရီလည်ဟ
သက် = ၇ နာရီလေဘာလို့ လည်း
စပယ်= ငါအဖေအတွက် မလှိုင်နဲ့  ယို ၀ယ်ခြင်သေးတယ် အဖေက ယိုကြိုက်တယ်ဟ မပါရင် အဖေက ကလေးလိုဘဲစိတ်ဆိုးရော့ဟေ့
သက် = ၀ယ်ပါဟာ ယောက်ခမကြီးစားဖို့  ငါပါလိုက်ကူသယ်ပေးမယ်
စပယ် = ဟင်းကပ်ပြီးအသားယူနေ လာလိုက်ခဲ့
သူငယ်ချင်းများ = ဟေ့ ကားထွက်တော့မယ် နင်တို့ နှစ်ယောက် ဘယ်အလေလိုက်နေလည်းဟင်
ခင်စပယ် = တော်ပါ အဖေ့အတွက်ယိုနဲ့ စားစရာတွေသွားဝယ်တာပါနော်
ကားထွက်တော့မယ်ကားပေါ်တက်ကြဟေ့ ( မျိုးဆက်သစ်ကားကြီးသည်စတင်ဘီးလိမ်ထွက်ခွါပါလေပြီး အတွေးများက သက်မောင်ဦး မကုန်နိုင် အဖေ အမေ ပင်းပန်းကြီးစွာ ရှာဖွေတဲ့ ငွေနဲ့ 
ကျောင်းထားတာ ကိုယ်က ပေတေနေမိသည် စာကမလိုက်နိုင် ငွေကကုန်
အပျော်အပါးနဲ့ အချိန်ကုန် ဒါတွေ အဖေအမေ မသိရှာ စာမေးပွဲက တဖြေးဖြေး နီးလာပြီး စားမေးပွဲဖြေပြီးလို့ မအောင်ရင် အဖေအမေ ရင်ကြိုးပြီး ဟာစိတ်ညစ်တယ် ရွာရောက်ရင်အဖေအမေကြေနပ်အောင်နေပြရမယ် အင်း ခင်စပယ် ကိုလည်းမှာထားပြီးပြီ ဒါဆိုအဖေအမေတွေ မသိလောက်ပါဘူးလေ ငါပေတာပျော်တာပါးတာ )
ခင်စပယ် = ဟေ့ မောင် တလမ်းလုံးစကားမပြောဘဲညိမ်နေပါ့လား ဘာလည်းအပြစ်ရှိသူဆိုတော့ မောင် အဖေအမေတွေနဲ့ တွေရမှာကြောက်နေပြီလားဟင်
သက် = ဘာမှကြောက်စရာမလိုဘူး နင်သာသွားမပြောနဲ့ ဒီတခေါက်ကျောင်းပြန်ရောက်လို့ နင်ပြောလို့ မရရင်တော့ ငါကအကုန်ဖွင့်တိုင်းရလိမ်မယ်နော်
သက် = နင်တော်တော်ပြောရခက်ပါလား ဒီတခေါက် ကျောင်းပြန်ရောက်ရင် ငါပြင်မှာပါလို့ ဘယ်နှစ်ခါပြောရမလည်းဟင်း
သူငယ်ချင်းများ = ကဲဟိုနှစ်ယောက် ရောက်ပြီး ဆင်းပစ္စည်းတွေယူ ကားပေါ်ပါသွားဦးမယ် ဟဲ့ သက်မောင်ဦး နစ်ကယောင်္ကျားလေးဖြစ်ပြီးဘာ
ငိုင်နေတာလည်း ပစ္စည်းတွေယူမလေ
ခင်စပယ် = ဟေ့ ငါတို့ အိမ်က ကားလာကြိုတယ်ဟေ့ လာအားလုံးကားပေါ်တက် ပစ္စည်းတွေတင်ဟေ့ ဟာ (သက်မောင်ဦးကားပေါ်မတက်ပါ) ဘာလုပ်နေတာလည်း ကားပေါ်တက်လေ
=ခင်စပယ် ပြောပြောဆိုဆို လက်ဆွဲခေါ်လေသည်
သက် = နေပါစေ ငါဘာသာ ခြေ ခြင်လျှောက်မယ်ကျန်းမာရေးကောင်းတာပေါ့
ဒေါ်ခင်မြင့် = ခင်စပယ်မိခင် -- ဟဲကောင်လေး တရွာတည်းသားတွေဟာကို လာလိုက်ခဲ့ ကားချောင်တာဘဲ(ဒေါ်ခင်မြင့် မလွှဲသာ ခေါ်ရ သိပ်မကြည်)
သက်မောင်ဦး အားနားပါးနာဖြင် ခင်စပယ်မျက်နှာကြည့်ပြီး ကားပေါ်တက်လိုက်သည်(ခင်စပယ်မျက်နှာဝင်းပသွာလေသည်) သမီးဖြစ်သူကိုကြည့်ပြီး ဒေါ်ခင်မြင့် သက်ပြင်းချမိလေသည်
ခင်စပယ် = အမေဖြစ်သူမကြည်တာသိသည် / အမေ ပြောရဦးမယ် ဒီနှစ်
ပြည်မြို့ က ရွှေဆံတော်ဘုရား သုံးနှစ်တစ်ကြိမ် စွယ်တော် လှည့်မဲ့နှစ်အမေရ
သမီးတို့ စွယ်တော်လှည့်ရင်သွားဖူးကြရအောင်နော်အမေ့
ဒေါ်ခင်မြင့် = ဟဲ့သမီးပြောမှ အမေတောင်ခုမှသတိထားမိတယ် ဟုတ်သားဘဲ သွားရမှာပေါ့သမီးရယ် ဒို့ ဒီနယ်တ၀ိုက်မှာ အမေတို့ ငယ်ငယ်ထဲက ရွှေဆံတော် ဘုရားစွယ်တော်လှည့်တဲ့နှစ်တိုင်း တနှစ်မှမပျက်ဖူးဘူး အင်းဒါပေမဲ့ စပါးပေါ်ချိန်ဆိုတော့ အလုပ်တော့ရှုပ်သားအေ့
ခင်စပယ် = ဟင်အမေကလည်း (မျက်နှာညိုးငယ်သွားလေသည်
ဒေါ်ခင်မြင့် = ဟဲသမီး အမေက အလုပ်ရှုပ်တာပြောတာပါအေ ညီး ကိုလိုက်မပို့ ဘူးလို့ ပြောမိလို့ လား(ဒေါ်ခင်မြင့် သမီးကိုချစ်ရှာသည် သမီးမျက်နှာအညှိုးမခံ)
ခင်စပယ် = ဟား ဒါမှဒို့ မေမေကွ
မိငယ် = အဒေါ် ဒေါ်ဒေါ် နဲ့ ဦးနဲ့ လည်း ရွှေဆံတော်မှာ ချိန်းပြီး(စကားမဆုံးလိုက်)
ဒေါ်ခင်မြင့် လက်က မိငယ် ခေါင်း ဒေါက် ကနဲ မြည်သွားလေ၏
ဒေါ်ခင်မြင် = အဲ့ဒါနင်ပြောစရာလား တောက်တီးတောက်တဲ့ ငါနယ်တကယ်ထဲ
မှ ဟုတ်တယ်ဟေ့ ဟုတ်တယ် ရွှေဆံတော် မှာချစ်ကြတာ ကဲကြားခြင်ကြတယ်မလား ဟုတ်တယ်
( အပိုင်း ၃ အားဆက်လက်ဖေါ်ပြပါမည်)

**** ငါလိုယောင်္ကျားပြဿဒါးမရှိ ****

No comments:

Post a Comment