မျိုးစောင့်ဥပဒေ
လက်မှတ်လေးသန်းကျော်ရရှိပြီးဖြစ် အဋ္ဌမအကြိမ် လွှတ်တော်တွင်
တင်သွင်းဆွေးနွေးရန် ဆောင်ရွက်သွားမည်ဟု ဦးဝီရသူ မှမိန့်ကြား
*****************************************************
အမျိုးဘာသာ သာသနာစောင့်လျှောက်ရေးအဖွဲ့မှ ကြီးမှုး၍ ဥပဒေပညာရှင်များဖြင့် ရေးစွဲထားသည့် မျိုးစောင့်ဥပဒေအား ထောက်ခံသည့် လက်မှတ်စုဆောင်းမှုမှာ (လေးသန်းကျော်)ရရှိခဲ့ပြီး လာမည့်(အဋ္ဌမအကြိမ်) လွှတ်တော်အစည်းအဝေးတွင်
တင်သွင်းဆွေးနွေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဓမ္မသဟာယကျောင်းဆရာတော် ဦးဝီရသူသူက (The Ladies) သို့မိန့်ကြားသွားကြောင်းသတင်းရရှိခဲ့ပါသည်။ (ဦးဇင်းက လက်မှတ်ကောက်ပေးတဲ့တာဝန်ကိုပဲ
လုပ်တာပါ။ အခုလွှတ်တော်ကပြီးသွားပြီဆိုတော့ နောက်တစ်ကြိမ်လွှတ်တော်မှာကတော့ သေချာပါတယ်) ဟုဆရာတော်ကမိန့်ကြားသည်။ အဆိုပါဥပဒေအား လွှတ်တော်တွင် တင်သွင်းခိုင်းသည့်အချိန်တွင် တ်သွင်းသွားမည်ဖြစ်ကြောင်း ၊ လက်ရှိအချိန်တွင်
လွှတ်တော်အတွင်း အခြေခံဥပဒေ ပြင်ရေးကဲ့သို့သော အရေးကြီးကိစ္စရပ်များ ရှိနေခြင်း ၊ အနည်းငယ်စောင့်ဆိုင်းနေခြင်း နှင့် ၊ အခြားသောအခက်အခဲမရှိကြောင်း ၊ လာမည့်လွှတ်တော်တွင်တင်သွင်းရန်အတွက် အစီအစဉ်တစ်ရပ်ပြုလုပ်ရမည်ဖြစ်ကြောင်း
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က စက်တင်ဘာလ(၁၀)ရက်နေ့တွင် (The Ladies)သို့ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၊ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် များ၏ အဋ္ဌမအကြိမ်
ပုံမှန်အစည်းအဝေးများကို အောက်တိုဘာလ(၁)ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်သည်ဟု သတင်းရရှိခဲ့ပါသည်။....The Ladies ဂျာနယ်မှ ပြည်သတင်း ကူးယူဖော်ပြသည်။....ပြည်သတင်း...

No comments:
Post a Comment