Thursday, September 19, 2013
ရေဘေးသင့်ဒုက္ခသည်များအားကူညီပံ့ပိုးမှုများဖြင့်စတင်လှုဒါန်း
ရေဘေးသင့်ဒုက္ခသည်များအားကူညီပံ့ပိုးမှုများဖြင့်စတင်လှုဒါန်း
****************************************
ယနေ့ 18.9.2013 ရက်နေ့တွင် ရေဘေးသင့်ဒုက္ခသည်များထံသို့ ပြည်သတင်းသွားရောက်လေ့လာသတင်းယူခဲ့ပါသည်။ အဆိုပါရေဘေးသင့်ဒုက္ခသည်များထဲမှ ပြည်မြို့ န၀င်းရပ်ကွက်အတွင်းရှိ ၀ါဆိုဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်းယာယီနေထိုင်ကြသော
ရေဘေးသင့်အိမ်ထောင်စု(၂၁)စု လူဦးရည်ပေါင်း(၉၀)ကျော်ကို ကိုးသောင်းသာသနာ့မင်္ဂလာစာသင်တိုက်မှ ရေဘေးခံစားနေရသူများကို နေ့လည်စာ ထမင်းနှင့်ဟင်း များကို ယနေ့18.9.2013 ရက်နေ့မှ 19.9.2013 ရက်နေ့အထိ လှုဒါန်းသွားကြောင်းသိရသည်
အဆိုပါကိုးသောင်းသာသနာ့မင်္ဂလာစာသင်တိုက် မှ ကူညီနေမှု့များသည် န၀င်းဝါဆိုကျောင်းအတွင်းရှိရေဘေးသင့်ဒုက္ခသည်များတွင်မကပဲ ၀င်းညီနောင် ကျောက်ဒိုင်မှာရှိနေကြသော ရေဘေးသင့်ဒုက္ခသည်များကိုလည်း လှုဒါန်းသွားပါမည်ဟု ဦးခင်ထွေး(ဘိုဂျာမန်
လျှပ်စစ်ပစ္စည်းဆိုင်) ကိုးသောင်းသာသနာ့မင်္ဂလာစာသင်တိုက် နှင့်အတူပါဝင်လိုက်ပါကူညီသူ မှ ပြည်သတင်းသို့ပြောကြားသွားသည်။ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှ ဆန်(၅)အိတ်လှုဒါန်းသွားကြောင်း ၊ ဒ.က.စ(ပြည်) မှ ဆန်(၄)အိတ်၊ဆီ(၁)ဗုံး၊နို့ဆီဘူး(၁)ဖာ နှင့် (Top
Star) ကဖီး မှ ဆန်(၂)အိတ် န၀င်းရေဘေးသင့်ဒုက္ခသည်များစခန်းသို့လာရောက်လှုဒါန်းသွားကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါရေဘေးသင့်များကို မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှ 19.9.2013 ရက်နေ့နဲ့ 20.9.2013 ရက်နေ့ (၂)ရက်ကို နေ့လည်စာ နှင့် ညစာကျွေး
မွေးလှုဒါန်းသွားမည်ဟုသိရသည်။
အောင်ဆန်းပြည်သာယာ ခရမ်းကုန်းဘောလုံးကွင်းအတွင်းရှိ ရေဘေးသင့်များကိုတော့ အခြားရေဘေးမသင့်သောအနီးဝန်းကျင်ရှိ ပြည်သူများမှ နေ့စဉ်နေ့တိုင်း ထမင်းနှစ်နပ်ကို ကျွေးမွေးလှူဒါန်းမှာဖြစ်ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အကူအညီဖြင့် ဆန်(၂၇)
အိတ် ကိုလည်းလာရောက်လှူဒါန်း ထားကြောင်း သိရသည်။
န၀င်းရပ်ကွက် တပ်စု(၁၇)မီးသတ်ရုံတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်လေးနှင့်အဖွဲ့ဝင်များမှ ရေဘေးသင့်ဒုက္ခသည် များအား ကျန်းမာရေးနှင့်ပတ်သတ်၍ ကူညီစောင့်ရှောက် ပေးနေကြောင်း ရပ်ကျေးရုံးမှ သိရှိရသည်။
အောင်ဆန်းပြည်သာယာ ခရမ်းကုန်းရပ် ဘောလုံးကွင်းအတွင်းရှိရေဘေးသင့်သူများကိုလည်း (ဒ.က.စ)ပြည် ဆေးတပ်စု မှ ဗိုလ်ကြီး ထွန်းထွန်းဝင်း နှင်ါတပ်မတော်သားများမှ အခမဲ့ဆေးဝါးကုသပေးမှု့ နှင့်ကျန်းမာရေးစောင့်လျှောက်မှု့များပေးနေလျှက်
ရှိပြီး (ဒ.က.စ)ပြည် ဆေးတပ်စုမှ ဗိုလ်ကြီးထွန်းထွန်းဝင်းမှ ရေဘေးဆိုတော့ အအေးမိတုပ်ကွေးတွေအများဆုံးကုသနေရတယ် ၀မ်းလျောက(၁)ယောက်ပဲတွေ့ရတယ် ဒါပေမဲ့ဂရုစိုက်ဖို့တော့လိုတယ် ထက်မဖြစ်နိုင်အောင်ပေါ့ ရေဘေးကြောင့် ထိခိုက်ဒဏ်ရာ
တွေလည်း ရှိပါတယ် လက်ကျိုးသွားတဲ့အမျိုးသမီး(၁)ဦးကိုလည်းတွေ့ရှိခဲ့ရပါတယ် ဆေးတွေကတော့အစုံပါတယ် အားလုံးကို အခမဲ့ကူညီကုသပေးခဲံတာပါ ဟု (ဒ.က.စ)ပြည် ဆေးတပ်စုမှ ဗိုလ်ကြီးထွန်းထွန်းဝင်း မှပြည်သတင်းသို့ပြောကြားသွားခဲ့သည်။
န၀င်းစည်ပင်ရေဆိုးထုတ်စက်မှာ ယခင်ကစက်(၁)လုံးတည်းသာ မောင်းနှင်ရာမှ မနိုင်တော့သဖြင့် ဒီဇယ်၊ဓါတ်ဆီ အင်ဂျင်စက်(၁၂)လုံးဖြင့်၊ရေထုတ်မောင်းနှင်ပေးနေကြောင်း၊လိုအပ်သောစက်သုံးဆီများအား စက်မှူကုန်သည်ကြီးများအသင်း(ပြည်)၊
မြို့နယ်အုပ်ချူပ်ရေးမှူးရုံး၊ဆည်မြောင်းဦးစီးအရာရှိ၊လမင်းဆေးတိုက်၊မူ ယာပင်စက်သုံးဆီဆိုင်၊တို့မှ စုစုပေါင်း ဒီဇယ်နှင့်ဓါတ်ဆီ (၅၀)ဂါလံ တို့အား ပံ့ပိုးလှူဒါန်း ထားကြောင်း တာဝန်ရှိသူတစ်ဦး ထံမှသိရှိခဲ့ရပါသည်။..ပြည်သတင်း...
(အခုလို အဖက်ဖက်မှဝိုင်းဝန်းကူညီစောင့်လျှောက်လှုဒါန်းပေးနေသူများအားလုံးကို ရေဘေးသင့်ဒုက္ခသည်များအားလုံးကိုယ်စား ပြည်သတင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။)..ပြည်သတင်း.....
No comments:
Post a Comment