သိမ်းစည်းခံ လယ်ယာမြေများကို လယ်/ဆည် မှ ပြန်လည်လုပ်စားခွင့်ပေးခဲ့ပါသော်လည်း မိုးကျလို့လယ်ပြန်ထွန်တော့ ထွန်တဲ့တောင်သူ ရဲအဖမ်းခံခဲ့ရ........
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့ မဲခေါင်းအုပ်စု
သရက်ကုန်းကျေးရွာ မှာရှိတဲ့ တောင်သူ လယ်သမား (၇)ဦးရဲ့ လယ်မြေ (၂၁)ဧက
ကိုသိမ်းခံထားခဲ့ရပါတယ် အခုလက်ရှိတော့ ပေါင်းတည်မြို့ ကြာနီကန်
ရဲစခန်းမှရံပုံငွေဆိုပြီး သိမ်းခံထားရပါတယ်
အဆိုပါကိစ္စဖြစ်စဉ်မှာ တချိန်တုန်းကတော့ ရ.ယ.က. ပေါ့ အခုအခေါ်အရဆိုရင်တော့ ကျေးရွာအုပ်ချူပ်ရေးမှုးပေါ့ ကျွန်တော်တို့ရွာက ရ.ယ.က..ဥက္ကဌ ကျော်ဝင်းစိန်ရယ် သူ့ရဲ့အတွင်းရေးမှုး ၀ိုင်ထွန်း တို့က နိုင်ငံတော်ကသိမ်းခိုင်းတယ်ဆိုပြီး ရာထူး အာဏာနဲ့သိမ်းခံခဲ့ရပါတယ် သိမ်းတဲ့အချိန်က (၂၀၀၀)ခုနှစ် မိုးမကျခင်ကပါ သူတို့နှစ်ဦးဦးဆောင်သိမ်းခဲ့တာပါ အခုမှဘာလို့ပြောရပါသလည်းဆိုရင် အရင်တုန်းက အခုလို ပွင့်လင်းမြင်သာ မှု့တွေမရှိခဲ့လို့ ကြောက်စရာတွေပေါများခဲ့လို့ခေါင်းငုံကာ ဒုက္ခတွေကိုရင်စီးခံခဲ့ရတာပါ အခုချိန်အခါမှာ လယ်လုပ်သူ လယ်လုပ်စားခွင့်ရှိလာပြီလေ တောင်သူတွေအားလုံးလယ်မြေတွေပြန်ရအောင်တောင်းဆိုနေကြတာတွေရောကိုယ်တွေ့မျက်မြင်တွေ့နေရတော့အနာဟောင်းတွေပြန်ကြွလာပြီးအခုလို ကိုပြည်သတင်းလူငယ်ကိုဆက်သွယ်လိုက်ရတာပါ ရင်ထဲကအမှန်ပြောရရင် ကိုပြည်သတင်းလူငယ်ကို အရမ်းကျေးဇူးတင်ပါတယ် ဒီစာလေးကိုပါထည့်ရေးပေးပါဗျာ ကျွန်တော်တို့ရွာကဆင်းရဲလွန်းပါတယ် ဒီလယ်လေးတွေရှိမှ ထမင်းစားရပါတယ် ကျွန်တော့တို့လယ်မြေတွေမှာတချိန်ကသွင်းခဲ့တဲ့ ပြေစာတွေ လည်းရှိပါတယ် သက်တွေအထောက်အထားတွေပါဒါတောင်တချို့တစ်ဝက်လောက်ကပျတ်စီးပျောက်ဆုံးသွားတာတွေလည်းရှိခဲ့ပါသေးတယ် ပြောစာတွေက 1977 ခုနှစ်ကနေ 1996 ခုနှစ်အထိ ပြောစာများရှိပါတယ် ဘိုးစဉ်ဘောင်ဆက်ကလုပ်စားလာတဲ့လယ်မြေတွေပါဗျာ နိုင်ငံတော်ကို (၁)နှစ်ကို တာဝန်ကျေစပါး(၁၂)တင်းနူန်းလည်းပေးခဲ့ပါတယ်အဲလိုပေးတဲ့စပါးတွေကို ဥက္ကဌ ကျော်ဝင်းစိန်နှင့် အတွင်းရေးမှုး ၀ိုင်ထွန်း တို့ကနိုင်ငံတော်ကို ပြန်မသွင်းပဲ မိမိတို့ ကိုယ်ကျိုးအတွက်သုံးစွဲခဲ့ပါတယ် 1999 ခုနှစ်အထိ လုပ်စားလာခဲ့ပါသေးတယ် 2000 ခုနှစ်မိုးမကျခင်မှာသိမ်းသွားပါတယ် ကျွန်တော်တို့လည်း အသနားခံစာတွေတင်ကြတာပေါ့ဌာနပေါင်းစုံကို နောက်တော့စာကျလာပါတယ် စာထဲမှာပါတဲ့ဟာတွေကတော့ (...၀န်ကြီးကိုယ်စား) ...အောင်နိုင်ထွန်း ...ရုံးအဖွဲ့...လယ်/ဆည် ..တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ..ပဲခူးတိုင်း(နောက်)...တိုင်းခွဲ..သန်/၀၃၀၇၀၀...၃/၇/၂၀၀၀ ဆိုပြီးစာပြန်ကျလာပါတယ်စာထဲမှာလည်း ဒီသိမ်းခံထားရတဲ့လယ်မြေ (၂၁)ဧကကို ပြန်လည်လယ်လုပ်စားခွင့်ပေးထားပြီး
အထက်ပါ ယ.၇.က ဥက္ကဌ ကျော်ဝင်းစိန်နှင့် အတွင်းရေးမှုး အတွင်းရေးမှုး
ဝိုင်ထွန်း တို့ကို ဥပဒေ နှင့်အညီ တရားစွဲဆိုပေးပါရန်ဆိုတာကိုပါ ထည့်သွင်းဖော်ပြခဲ့ပါတယ် အဲစာလည်းကျွန်တော်တို့ဆီမှာရှိနေပါသေးတယ် စာပြန်ကျလာတော့အသိမ်းခံထားရတဲ့တောင်သူတွေဝမ်းသာပြီး ကိုယ့်လယ်ပြန်ဝင်ထွန်တော့ ရဲကဖမ်းပါလေရော စာထုတ်ပြတော့လည်း ဒီစာကိုမသိဘူး ငါတို့နဲ့လည်းမဆိုင်ဘူးဆိုပြီး နောက်တနေ့မှာတော့ တောင်သူ ဦးတင်စိုး ကိုပေါင်းတည်မြို့ ကြာနီကန် ရဲစခန်းမှာ (၉)နာရီကြာထိန်းသိမ်းခံခဲ့ရပါတယ် ပျိုးခင်ထွန်လို့ဖမ်းတာလို့ပြောပြီးဖမ်းထားခဲ့တာပါ
ပေါင်းတည်မြို့ ကြာနီကန်ရဲစခန်းမှ ဒုရဲအုပ် ခင်မောင်ဝင်း တပ်သား
စိုးတင်မောင်နဲ့ ပြင်ကြီးရွာက ဥက္ကဌ မောင်ညွှန် ဘယ်သူမှန်းမသိတဲ့
သူ(၅)ယောက်လည်းပါတယ် အခုချိန်ထိ ကြာနီကန်ရဲစခန်းရံပုံငွေဆိုပြီး
သိမ်းထားပါတယ် ပြင်ကြီးရွာက ဥက္ကဌမောင်ညွှန့်က ကျွန်တော့တို့ရွာက ဥက္ကဌ
ကျော်ဝင်းစိန်နှင့် အတွင်းရေးမှူးဝိုင်ထွန်း တို့ကို
ပင့်မြှောက်ပေးတယ်ဖိအားပေးတယ်သူလည်းပါတယ်...အသိမ်းခံရတဲ့လယ်(၂၁)ဧက နှင့်ပိုင်ဆိုင်သူတွေက ဒီသရက်ကုန်းရွာကလူတွေပါပဲ..စာရင်းကတော့.....
၁။ဦးတင်စိုး..(၇)...ဧက
၂။ဒေါ်သန်းကြည်...(၄) ဧက
၃။ဦးဟန်တင်(ခေါ်)နိုင်ကြီး..(၃)ဧက
၎။ဦးတင်လှ..(၃)ဧက
၅။ဦးထွန်းကြည်..(၂)ဧက
၆။ဦးဆန်းတင်..(၁)ဧက
၇။ဦးပေါက်စီ..(၁)ဧက တို့ပဲဖြစ်ပါတယ် ဒီထဲမှာ ဦးတင်စိုး (၇)ဧကပိုင်သူမှာ
လုပ်စားစရာလယ်မရှိလို့ ပေါင်းတည်မြို့ပေါ်မှာ ဆိုက်ကားနင်းနေရပါတယ်အခုချိန်ထိပါပဲ သူ့သားမှာလည်း ကူလီ ထမ်းနေရပါတယ်လို့ ဦးတင်စိုးနှင့် သူ၏ သားဖြစ်သူတို့မှ ပြည်သတင်းလူငယ်အားပြောကြားခဲ့ပါသည်.......
14.6.2013 ရက်နေ့ကသတင်းပါ....
No comments:
Post a Comment