ကျွန်တော်တို့ရွှေတောင်မြို့နယ် ရွှေဟင်္သာကျေးရွာအုပ်စုသည် မြေနုကျွန်းမြေများဖြစ်ပါသည် မြေရင့်မြေမာများ
လုံးဝမရှိပါ တချိန်က မြစ်ကျောက်စရစ်တူးဖော်သော လှေများမှာ အနည်းငယ်သာရှိပါသည် ထိုအနည်ငယ်မှာတောင် ကျောက်စရစ်တူးဖော်ခြင်းကြော င့် ကမ်းပါးပြိုလို့ ပြောင်းရွေ့ခဲ့ရတဲ့ရွာတွေတောင်အကြိမ်ရည်မန ည်းတော့ပါဘူး လုပ်စားလာခဲ့တဲ့မြေများဆုံး ရှုံးလို့ ဆင်းရဲတွင်းလည်းနက်နေရပါတယ် ။
ရွှေဟင်္သာကျေးရွာမှာ တစ်ရွာလုံး (၄)ကြိမ်
စကားမြားကျေးရွာမှာ တစ်ရွာလုံး(၃)ကြိမ်
ကျွန်းမီးကျေးရွာမှာ တစ်ရွာလုံး(၆)ကြိမ်
အဲလိုတွေပြောင်းရွေ့ခဲ့ရပါတ ယ် ရွာလုံးကျွတ်တစ်ကြိမ်ပြောင်းရင် ဘယ်လောက်ထိကုန်ကျမယ်ဆုံးရှုံးမှု့တွေဘယ်လောက်ရှိနေမယ်ဆိုတာကိုခန့်မှန်းကြည့်နိုင် ပါတယ် ယနေ့အချိန်အထိ ယာယီတဲကလေးများနှင့်နေထိုင် နေရသူများလည်းရှိနေပါသေးတယ် မိဘတွေက မြို့ရွာတွေမှာစီးပွားရှာသွားတဲ့အချိန်မှာ အိမ်မှာကျန်ခဲ့တဲ့သမီးငယ်လေးများကိုလည်း လူသားမဆန်စွာ လုံခြုံမှု့မရှိတဲ့အိမ်ကြော င့် ရက်စက်စွာအနိုင်ပြုကျင့်ခဲ့ တဲ့ ရင်နင့်ဖွယ်တွေလည်းတော်တော် ရှိနေရပါပြီ အဲလိုအဆင်မပြေမှု့အဓိက ကတော့ ဒီမြစ်ကျောက်စရစ်တူးဖော်လို့  ကမ်းပါးပြိုပြီး နေစရာမရှိလို့မွဲခဲ့ရတဲ့အဖြ စ်တွေကစခဲ့တာပါ ယနေ့ 18.6.2013 ရက်ပိုင်းမတိုင်ခင်အချိန်တွေမှာတော့ မြစ်ကျောက်စရစ်တူးဖော်တဲ့သူ တွေဟာ ကျွန်တော့တို့နဲ့ တစ်မြေတည်းနေပြီး တစ်ရွာလုံးအိမ်ခြေ(၄၀)ခန့်တ စ်ရွာတည်ပြီးမြစ်ကျောက်စရစ် တူးဖော်ခြင်းများပြုလုပ်နေပါတယ် ဘယ်လောက်ထိလုပ်လာသလည်းဆိုရင် C.P.သဘောင်္ကြီး(၅) စင်းလောက်နဲ့လာရောက်စုပ်ယြူ ပီးအကြီးအကျယ်လုပ်နေကြပါတယ် အရင်က သဘောင်္ငယ်လေးများနဲ့တောင်ရွာ တွေပြောင်းရွေ့ခဲ့ရတာတွေလူမ မယ်ကလေးမလေးတွေရဲ့ဖြစ်ရပ်တွေဖြစ်ပေါ်လာခဲ့ရတာကိုအားမရလို့ထင်ပါတယ်ဗျာ ပြောရင်းနဲ့ဝမ်းနည်းမိပါတယ် ဗျာ ကိုပြည်သတင်းလူငယ်လည်း တတ်နိုင်တဲ့ဘက်ကကူညီပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ သဘာဝ ပတ်ဝန်းကျင်ကိုဖျတ်စီးနေတဲ့ ဒီကိစ္စတွေကို ၀ိုင်းဝန်းကူညီပေးစေလိုပါတယ်...ဆိုင်ရာပိုင်ရာ ဌာနအသီးသီးကိုလည်းတင်ပြပေြး ကပါ အမြန်ဆုံးကယ်တင်ပေးပါရန် တစ်ရက်ကို တစ်ရက်ကမ်းပါးပြိုမှု့တြွေေ ကာင့်ရင်ထိပ်နေရပါတယ်......
ရွှေဟင်္သာကျေးရွာမှာ တစ်ရွာလုံး (၄)ကြိမ်
စကားမြားကျေးရွာမှာ တစ်ရွာလုံး(၃)ကြိမ်
ကျွန်းမီးကျေးရွာမှာ တစ်ရွာလုံး(၆)ကြိမ်
အဲလိုတွေပြောင်းရွေ့ခဲ့ရပါတ
7.6.2013 ရက်စွဲပါ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှုးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး သိရှိစေရန်တင်ပြထားပါသည်... .
ကိုစိုးကျော်ထိုက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ မှ ပြည်သတင်းလူငယ်အားပြောကြားခဲ့ပါသည်......
No comments:
Post a Comment