Tuesday, July 2, 2013

လမ်းမကြီး ဥပဒေ နှင့် မညီညွှတ်သဖြင့် တစ်ဆိုင်တည်းသာ ရွေးချယ်ဖယ်ရှားခြင်း


လမ်းမကြီး ဥပဒေ နှင့် မညီညွှတ်သဖြင့် ဆိုင်ခန်းများနှင့်နေအိမ်များ ရှိနေသော်လည်း တစ်ဆိုင်တည်းသာ ရွေးချယ်ဖယ်ရှားခြင်း..........

မကွေးတိုင်းဒေသကြီး အောင်လံမြို့ မိုးကောင်းကျေးရွာ ရန်ကုန်ပြည် လမ်းမကြီးနှင့် ရထားလမ်းကြား လမ်းမကြီးနှင့်မလွတ်သောဆိုင်ခမ်းများနေအိမ်များ ရှိနေပါသော်လည်း ကိုရန်နီုင်ဝင်း (cupid)လက်ဘက်ရည်ဆိုင်တစ်ဆိုင်ကိုသာရွေးချယ်ဖယ်ရှားခဲ့ရာ ကိုရန်နိုင်ဝင်းမှ ဥပဒေ နှင့်မညီသော ဘက်လိုက်မှု့ကြောင့်
ပြည်သတင်းလူငယ်အား သတင်းလာရောက်ယူပေးပါရန် တောင်းဆိုပါသဖြင့် မကွေးတိုင်းဒေသကြီးအောင်လံမြို့သို့သွားရောက်သတင်းယူခဲ့ရပါသည်။







 အဆိုပါ ကိစ္စမှာ ကိုရန်နိုင်ဝင်း ၏ပြောကြားချတ်အရ.....ဒီမြေတွေကို မြန်မာ့မီးရထားက အကွက်စားပေးပြီးသားတွေပါ ဖယ်ရှားခိုင်းမယ်ဆိုရင်လည်း အကုန်လုံးဖယ်ရှာစေချင်ပါတယ် ကျွန်တော့ဆိုင်အပါအ၀င် လမ်းမကြီး ဥပဒေ နှင့်ရော မီးရထား ဥပဒေ နဲ့ပါ အိမ်ခြေဆိုင်ခန်းအားလုံးပေါင်း(၅၀)လောက်မလွတ်ပါဘူး ဘာ့ကြောင့် ကျွန်တော်တစ်ဆိုင်တည်းကို ဖျတ်သိမ်းခိုင်းခဲ့တာပါသလည်း ဒီလိုမတရားမှု့တွေမှာ ဘက်လိုက်မှု့တွေရှိနေပါတယ် ကျွန်တော် သိရသလောက်တော့ ကျွန်တော်တို့မြို့ကို လွန်ခဲ့တဲ့ ၅ရက် သို့ ၆ရက်လောက်ကမှ ပြောင်းလာတဲ့ မြို့နယ် မ.ရ.က ဥက္ကဌ က မျတ်စိ ဆံပင်မွှေးစူးနေတယ် ဒီဆိုင်က တခြားဆိုင်တွေနဲ့မတူဘူး အချွန်တွေအတက်တွေနဲ့ ထူးခြားနေတာညကြောင့်ဖယ်ရှားခိုင်းတာလို့ ပြည်သူ့ဆောက်လုပ်ရေး လက်ထောက်မန်နေဂျာ ဒေါ်စန်းစန်းနု ကပြန်ပြောခဲ့ပါတယ် ပြီးတော့ ဒေါ်စန်းစနတ်းနုက ဒီဆိုင်ကို သတ်မှတ်ထားတဲ့ရက်အတွင်းဖျတ်ပေးရလိမ့်မယ် မဖျတ်ဘူးဆိုရင် ထောင်(၆နှစ်နဲ့ ၆လ)ကျမယ်လို့ခြိမ်းချောက်ခဲ့ပါသေးတယ် ကျွန်တော်ဒီဆိုင်လေးကို 2012 ခုနှစ် ဒီဇင်ဘာလ မှာစတင်ပြီးတည်ဆောက်ခဲ့ပါတယ် ၁....နှစ်လောက်ရှိနေပါပြီ ရင်းနှီးခဲ့ရတဲ့ငွေကတော့ (၂၅..သိန်း)ကျော်ရှိပါတယ်အခုတော့ ဘ၀ပါပျတ်ပါပြီ ဖယ်မယ်ဆိုလည်း ဥပဒေ အရအကုန်လုံးဖယ်ရှားစေလိုပါတယ် အခုကျွန်တော့ဆိုင်ကို ဖယ်ရှားဖို့ စာတွေ(၃)စာတောင်ရောက်လာပါတယ် မေလ ၁၉ရက်နေ့ကတစ်ကြိမ် ၂၁ရက်နေ့ကတစ်ကြိမ် ဇွန်လ ၁၁ ရက်နေ့ကတစ်ကြိမ် ဖယ်ရှားဖို့ရောက်လာပါတယ် ဥပဒေကို ချစ်ပါတယ် လေးစားပါတယ် ဖယ်ဆိုလို့လည်း ဆိုင်တွေဖျတ်ပြီးနေပါပြီ သို့ပေမဲ့ ကျွန်တော်တစ်ယောက်တည်းကိုရွေးချယ်ဖယ်ရှားခိုင်တဲ့ နောက်မှ ရောက်လာတဲ့ မ.ရ.က. ဥက္ကဌ ကြီးကို နောက်နောင်ဆံပင်မွှေးမစူး အောင်နေရရုံကလွဲပြီးဘာမှမတက်နိုင်တော့ပါဘူး လို့ ကိုရန်နိုင်ဝင်း မှ ပြည်သတင်းလူငယ်အားပြောကြားခဲ့ပါသည်။

16.6.2013...ရက်နေ့ကသွားယူခဲ့သောသတင်း
ပြည်သတင်းလူငယ်



No comments:

Post a Comment