Wednesday, June 8, 2016
ညဉ့်နက်အချိန်နေအိမ်အတွင်းပုန်းလျှိုးဝင်ရောက်နေပြီး အမျိုးသမီးအားဓါးနှင့်ထိုး၍ ထွက်ပြေးသူလူငယ်အား ရပ်ကွက်နေပြည်သူများဝိုင်းဝန်းဖမ်းဆီးရမိ ပြည့်သဲမောင်(ပြည်)
ညဉ့်နက်အချိန်နေအိမ်အတွင်းပုန်းလျှိုးဝင်ရောက်နေပြီး အမျိုးသမီးအားဓါးနှင့်ထိုး၍
ထွက်ပြေးသူလူငယ်အား ရပ်ကွက်နေပြည်သူများဝိုင်းဝန်းဖမ်းဆီးရမိ
ပြည် ဇွန်(၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ပြည်မြို့တွင် ဇွန်လ(၆)ရက်နေ့ ညအချိန်
နေအိမ်အတွင်းပုန်းလျှိုးဝင်ရောက်နေထိုင်ပြီး အမျိုးသမီးတစ်ဦးအား ဓါး
ဖြင့်ထိုး၍ထွက်ပြေးသွားသူ လူငယ်အား ရပ်ကွက်နေပြည်သူများဝိုင်းဝန်း
ဖမ်းဆီးကာ ရဲလက်သို့အပ်ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့ ၊ဆံတော်ရပ်ကွက် ၊စကားတောင်ရပ်၊ပုထိုးကြီးလမ်း၊
အမှတ်(၅၃)နေဒေါ်စန်းစန်းညွန့်(၆၃)နှစ်၊ဈေးရောင်းသူသည် မိမိနေအိမ်
အိပ်ခန်းအတွင်း အိပ်နေစဉ်ခြေရင်းဘက်အိမ်နေ အောင်ကိုဦးမှ“သူခိုးကပ်
လို့၊သူခိုးကပ်လို့ ”ဟုအော်ဟစ်သည့်အသံကြားရသဖြင့် ဒေါ်စန်းစန်းညွန့်နေ
အိမ်နောက်ဖက်အဖီအတွင်း တီဗီထိုင်ကြည့်နေသာ ဒေါ်စန်းစန်းညွန့်၏ မောင်
အရင်းဖြစ်သူ ဦးသိန်းစိုး(၅၇)နှစ် ၊ဆိုက္ကားနင်းသူမှ နားစွင့်နေစဉ် အစ်မဖြစ်
သူဒေါ်စန်းစန်းညွန့် အခန်းအတွင်းမှနေပြီး“ငါ့ကိုဒီမှာလုပ်နေတယ်၊လုပ်နေ
တယ်”ဟုအော်သံကြားရ၍ အမဖြစ်သူအခန်းတွင်းပြေးကြည့်ရာတွင် အမည်
မသိ လူငယ်တစ်ဦးမှာ နေအိမ်ဘုရားခန်းဘေးပြတင်းပေါက်မှခုန်ဆင်းသွား
သည်ကိုမြင်တွေ့လိုက်ရသဖြင့် ဦးသိန်းစိုးမှ၎င်းလူငယ်အားလှမ်းဆွဲရာပခုံး
ကိုဆွဲမိသော်လည်း ၄င်းလူငယ်မှာထွက်ပြေးလွတ်မြောက်သွားကြောင်း။
ထို့နောက်နောက်မှ လိုက်လံဖမ်းဆီးရာတွင် အမှောင်ထဲပုန်းအောင်းနေ၍
မတွေ့ရှိသဖြင့်နေအိမ်ပြန်လာပြီး အစ်မဖြစ်သူအား ကြည့်ရှု့ရာ အမဖြစ်သူ
၏ဝမ်းဗိုက်ယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိသွားကြောင်း။ဆက်လက်၍ ရပ်ကွက်အတွင်းမှလူငယ်များရောက်လာပြီး၎င်းတို့နှင့်အတူ အမည်မသိလူ
ငယ်အား ထပ်မံရှာဖွေရာ တစ်ရပ်ကွက်ထဲနေ ဒေါ်စောအေး၏နေအိမ် အိမ်
သာအတွင်းမှ၎င်းလူငယ်အားတွေ့ရှိပြီး ၄င်းလက်ထဲတွင် အရိုး(၄)လက်မ၊
အသွား(၆)လက်မခန့်ရှိ စတီးဓါးဦးချွန်တစ်ချောင်းကိုင်ဆောင်လျှက်တွေ့ရှိရ
သဖြင့် ဝိုင်းဝန်းဖမ်းဆီးမေးမြန်းရာ မြတ်သူဝင်း(၁၅)နှစ်၊(ဘ)ဦးစောလွင်၊ပွင့်
လှသိမ်ကုန်း အနောက်ရပ်၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေသူဖြစ်ကြောင်းသိရှိရ
သဖြင့် ရဲစခန်းသို့ပို့အပ်ခဲ့သည် ဆို၏။
ထို့ကြောင့် အမှုနှင့်ပတ်သက်ပြီး ဒေါ်စန်းစန်းညွန့်၏မောင် ဦးသိန်းစိုးမှ ညဉ့်
အချိန်နေအိမ်အတွင်းပုန်းလျှိုးဝင်ရောက်ပြီးဓါးနှင့်ထိုးသူ မြတ်သူဝင်းအား အ
ရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းချက်အရ ပြည်မြို့မရဲစခန်း(ပ)၆၈၈/
၂၀၁၆ ပြစ်မှုပုဒ်မ-၄၅၈/၃၂၄ အရ အမှုရေးဖွင့်ပြီး အမှုအားဒုရဲအုပ်ဝေဇော်ေ
အာင်မှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
No comments:
Post a Comment