သဲကုန်းမြို့နယ် ဇွန်လ(၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊သဲကုန်းမြို့နယ် ၊ပုတီးကုန်းနယ်မြေ
ရဲစခန်းမြောက်ဘက်(၁)မိုင်ခန့် မိုးတိမ်ပြင်ရွာ ၊ရုံးပင်လမ်းခွဲနေ ကိုရဲ
မင်း ပိုင်ဆိုင်သော မိုးတိမ်ပြင်ကျေးရွာထိပ်နှင့်ကာ သင်္ကာလမ်းလေး
ရှိ စိုက်ပျိုး ရေးခြံဝန်းအတွင်း ရေတွင်းအကျယ်(၆)ပေပတ်လည်၊ တွင်း
အနက်(၁၈)ပေခန့် ၊ရေအနက်(၁၃)ပေခန့်ရှိသော အကာအရံမရှိ၊နှုတ်
ခမ်းအကာအရံမရှိ ၊မြေပြင်နှင့်တစ်ညီတည်း အုတ်ရေတွင်းထဲတွင် အ
မျိုးသားတစ်ဦး ဇွန်လ(၉)ရက်နေ့ နံနက်(၁၀)နာရီ (၂၀)အချိန်ခန့်တွင် အမျိုးသားတစ်ဦးပြုတ်ကျရေနစ်သေဆုံးကြောင်းသိရသည်။
အဆိုပါ အမျိုးသားတစ်ဦးရေနစ်သေဆုံးရာသို့ တာဝန်မှူး ဒုရဲအုပ် ယာဉ်
ခိုင်နှင့်အဖွဲ့သည် သွားရောက်စစ်ဆေးရာဦးအောင်ကျော်မင်း(၅၂)နှစ်၊
(ဘ) ဦးငြိမ်း၊(စိတ်ကျန်းမာရေးမကောင်း)သူ ၊မိုးတိမ်ပြင်ကျေး ရွာနေသူ သည် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲပုတ်ပွသေဆုံးနေသည်စစ်ဆေး
တွေ့ရှိရသည်ဟု ရဲမှတ်တမ်းအရသိရသည်။သေဆုံးခြင်းနှင့်ပတ်သက်
၍ စုံစမ်းမေးမြန်းရာ သေဆုံးသူသည် စိတ်ကျန်းမာရေးမကောင်းသဖြင့်
နေအိမ် တွင် နေထိုင်ခြင်းမရှိဘဲလျှောက်သွားပြီး ကြုံရာအိပ်၊ကြုံရာစား
နေထိုင်သူဖြစ်ကြောင်း၎င်းအား(၆.၆.၂၀၁၆)ရက်နေ့မှစ၍ တွေ့ရှိခြင်းမ
ရှိဘဲ ပျောက်ဆုံးနေကြောင်း ၊ စိတ်ကျန်းမာရေးမကောင်းသဖြင့်လျှောက်
သွား ရင်း ရေတွင်းထဲပြုတ်ကျရေနစ်သေဆုံးခြင်းဖြစ်ကြောင်း စုံစမ်းသိရှိ
ရသည် ဆို၏။
ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ အောင်ကျော်မင်း သည်
ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးပေးပါရန်ဒုရဲ
အုပ်ယာဉ်ခိုင်မှ သတင်းပေးတိုင်ကြားချက်အရ ပုတီးကုန်းနယ်မြေရဲစခန်း
သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၆)ဖြင့် အမှုရေးဖွင့်ထားရှိပြီး ရဲအုပ်ဗိုလ်
ဗိုလ်အောင်မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09-4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

No comments:
Post a Comment