Saturday, February 13, 2016
ပြည်ခရိုငါ်
ဗိုလ်ချုပ်အောင်ဆန်း ၁၀၁-နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲများစွာ ပြည်မြို့တွင်ကျင်းပပြုလုပ်
ပြည် ဖေဖော်ဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့အတွင်းရှိ ပန်းချီပညာရှင်များ၊ကဗျာဆရာများ၊ ဖြူဖြူစင်စင်ကုသိုလ်ရှင်(ပရဟိတ-သန့်ရှင်းရေးအသင်း)၊ ကာတွန်းဆရာများ၊ကျောင်းသား/သူများ၊ဒေသခံပြည်သူလူထုတစ်ချို့နှင့် လုပ်ငန်းရှင်များစုပေါင်း၍ ဖေဖော်ဝါရီလ ၁၃-ရက်နေ့မှာကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း ၁၀၁-နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေဖြင့် ဘုရားထီးတင်ပွဲကျင်းပခြင်း၊ပဲပြုတ်နှင့်နံပြားအပါဝင် လက်ဖက်ရည်များလိုက်လံဝေငှခြင်း၊ရပ်ကွက်အတွင်းအားကစားပွဲတော်များပြုလုပ်ခြင်းများ နှင့် တီရှပ်အကျီများဝေငှခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖော်ဝါရီလ ၁၃-ရက်နေ့တွင်ကျရောက်သော ၁၀၁-နှစ်ပြည်မွေးနေ့မင်္ဂလာအထိန်းအမှတ်အနေဖြင့် ပြည်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ကျောင်းသား/သူများ၊ ဖြူဖြူစင်စင်ကုသိုလ်ရှင်(ပရဟိတ-သန့်ရှင်းရေးအသင်း)၊ပန်းချီ၊ကာတွန်း၊ကဗျာပညာရှင်နှင့် နိုင်ငံရေးတက်ကြွလှုပ့်ရှားသူများ၊ဒေသခံပြည်သူများတို့သည် မိမိတို့သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် ပြည်မြို့နယ်အတွင်း နေရာအနှံ့အပြားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁-နှစ်ပြည့် အထိမ်းအမှတ်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသသည်။
“ထီးတင်ပွဲကို ဗိုလ်ချုပ်မွေးနေ့မှာ အမှတ်တရပိုဖြစ်အောင် ရွေးချယ်ခဲ့တာ။ထီးမတင်မှီအချိန်မှာတောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့သက်ဆိုင်တဲ့ သီချင်းတွေဖွင့်ပေးထားမိသေးပါတယ်။ထီးတင်တာတော့ ပုံမှန်တင်တဲ့အတိုင်းပန်းရထားနဲ့တင်ပါတယ်။စိန်ဖူးတော်နှင့်ရွှေထီးတော်တင်လှူပှုဇော်ခဲ့တာပါ။အလှူအတန်းတွေရောအစုံပါတယ်။” ဟု ပြည်မြို့ ကျွန်းတောရပ်ကွက် ဆောက်လုပ်ရေးဝန်းအနီး လေးကျွန်းစကြာ ရန်အောင်မြင်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်တစ်ဦး ကပြောသည်။
အဆိုပါ ပြည်မြို့ ကျွန်းတောရပ်ကွက် ဆောက်လုပ်ရေးဝန်းအနီး လေးကျွန်းစကြာ ရန်အောင်မြင်စေတီတော်မြတ်ကြီး စိန်ဖူးတော် နှင့် ရွှေထီးတော်တင်လှူခြင်းမင်္ဂလာအခမ်းအနားအား ဖေဖော်ဝါရီ ၁၃-ရက်နေ့ နံနက် ၉-၁၀ မိနစ်အချိန်မှစတင်ခဲ့တာဖြစ်ပြီး အဆိုပါရပ်ကွက်နေပြည်သူများ နှင့် အလှူရျင်မိသားစုများ၊ဂေါပကအဖွဲ့များပှုးပေါင်း၍ ထီးတော်တင်လှူပွဲကြီးအား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သလို ပြည်မြို့ဒေသရှိ လုပ်ငန်းရှင်များ၊ပန်းချီပညာရှင်၊ကာတွန်းပညာရှင်များ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ဖြူဖြူစင်စင်ကုသိုလ်ရှင်(ပရဟိတ-သန့်ရှင်းရေးအသင်း)များစုပေါင်း၍ ပြည်မြို့ပေါ်ရှိ လူစည်ကားရာ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် လမ်းသွားလမ်းလာပြည်သူများအား တီရှပ်များဝေငှခြင်း နှင့် ပြည်မြို့ပေါ်ရှိ မိဘမဲ့ကလေးများအား ကူညီစောင့်လျောက်ပေးနေကြသည့် ပရဟိတကျောင်းပေါင်း ခုနှစ်ကျောင်းအား သွားရောက်၍ တီရှပ်စုစုပေါင်း ၇၀၀-ကျော်အထည်အား ဖေဖော်ဝါရီ ၁၃-ရက် နံနက်ပိုင်းမှာစတင်၍ လှူဒါန်းခဲ့ကြောင်းသိရသည်။
“ဗိုလ်ချုပ်ရဲ ၁၀၁-နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ရော ဒီနေ့မှာကျရောက်တဲ့ ကလေးများနေ့အထိမ်းအမှတ်အနေနဲ့ပါ အကျီတွေဝေငှလှူဒါန်းတယ်။ ဒီနေ့မှာကြုံတွေလိုက်ရတာ ကျွန်တော်တို့ အကျီတွေဝေငှနေတုန်း လူတစ်ယောက်က ဘာလုပ်တာလဲမေးတော့ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အနေနဲ့အကျီတွေဝေတာပြောတော့ ဘယ်ဗိုလ်ချုပ်လဲလို့အမေးခံရတယ်။တစ်ချို့ကမသိကြသေးဘူး။ကလေးတွေမပြောနဲ့ လူကြီးတွေလဲတစ်ချို့မသိကြဘူး။လာမည့် ချစ်သူများနေ့တွေကျတော့လူတိုင်းအကုန်သိနေကြတယ်။ဒါတွေမဖြစ်သင့်ဘူး။ဒါပထမဆုံးအကြိမ်စတင်ခဲ့တာပါ။နောက်နှစ်တွေလဲဆက်လုပ်သွားမှာပါ။ဖေဖော်ဝါရီ ၁၃-ရက်နေ့ဟာ ဗိုလ်ချုပ်အောင်းဆန်းကိုမွေးတဲ့နေ့ပါ မမေ့အပ် မမေ့သင့်ပါဘူးလို့ပြောချင်ပါတယ်။” ပြည်မြို့ဒေသခံ ကာတွန်းပညာရှင် ကာတွန်းကာဋု(ပြည်)ကပြောသည်။
ပြည်မြို့နယ်အတွင်းရှိ စန္ဒာရုံရပ်ကွက်အတွင်းမှာ ယနေ့မှာကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း ၁၀၁-နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရပ်ကွက်အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချုပ်(မြေလတ်-ဒေသ) အဖွဲ့ဝင် ကျောင်းသား/သူများ ဦးစီး၍ ပြည်မြို့ပေါ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် ပဲပြုတ် နှင့် နံပြားများ၊လက်ဖက်ရည်များအား လမ်းသွားလမ်းလာပြည်သူများထံသို့ ဝေငှခဲ့ကြကြောင်းသိရသည်။အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁-နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ပြည်မြို့ပေါ်တွင် ဖေဖော်ဝါရီ ၁၃-ရက်နေ့ နံနက်အချိန်မှစတင်ကာ ညနေပိုင်အချိန်တွေအထိ သက်ဆိုင်ရာ ဒေသခံပြည်သူလူထုနှင့် လုပ်ငန်းရှင်တစ်ချို့အပါဝင်၊ကျောင်းသား/သူများ၊ပန်းချီပညာရှင်၊ကာတွန်းပညာရှင်၊ကဗျာဆရာများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအားလုံးတို့သည် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အနေဖြင့် ပြည်မြို့ပေါ်တွင် အခမ်းအနား အလှူတန်းများအား ယခင်နှစ်များနှင့်မတူအောင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျှက်ရှိနေကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
No comments:
Post a Comment