ဆိုင်ကယ်မောင်းနှင်နေသူ အမျိုးသမီးလက်တွင်
ဝတ်ဆင်ထားသောရွှေဟန်းချိန်းအားလုယူထွက်
ပြေးခံရမှုဖြစ်ပွားခဲ့
ပြည်၊ဖေဖော်ဝါရီ၊၂၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ရတနာမာန်အောင်
လမ်းတွင် လူငယ်နှစ်ဦးမှ ဆိုင်ကယ်မောင်းနှင်နေသူ အမျိုး
သမီးလက်တွင်ဝတ်ဆင်ထားသောရွှေဟန်းချိန်းအား လုယူ
ထွက်ပြေးခံရမှုတစ်ခုဖေဖော်ဝါရီ(၂၀)ရက်နေ့ ညတွင်ဖြစ်
ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာမဇင်မာချစ်(၂၉)နှစ်၊ရွှေလမင်းပွဲရုံစာရင်းကိုင်လုပ်
ကိုင်သူ၊ခေတ္တရာမြို့သစ်ရပ်ကွက်၊ပြည်မြို့နေသူသည်၎င်းနေ
အိမ်မှရွာဘဲရပ်ကွက်အုန်းတောရပ်ရှိ အစ်မဖြစ်သူမရွှေစင်လင်း
ထံသို့ ဖေဖော်ဝါရီ(၂၀)ရက်နေ့ ည(၇)နာရီအချိန်ခန့် တစ်ဦးထဲ
ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့တာဖြစ်ပြီး ပြည်မြို့ ရတနာမာန်ေ
အာင်လမ်းရှိ ကြက်ခေါင်းစားစေတီတော်အနီးသို့အရောက်တွင်
မဇင်မာချစ်၏ နောက်ကျောဘက်မှ ဆိုင်ကယ်တစ်စီးဖြင့်အသက်
(၁၉)နှစ်ခန့် နှင့်အသက်(၂၀)နှစ်ခန့် လူငယ်နှစ်ဦးမှာဆိုင်ကယ်
တစ်စီးဖြင့်ကပ်လိုက်မောင်းနှင်လာကြောင်း၊ထိုဆိုင်ကယ်နောက်
တွင် လိုက်ပါစီးနင်းလာသူ အကျီင်္အပြာရောင်လက်တို အသားမည်း
မည်းလူငယ်မှ မဇင်မာချစ်၏ဝဲဘက်လက်ကောက်ဝတ်တွင်ဝတ်ဆင်
ထားသော ရွှေရည် (၁၅)ပဲရည် ငါးမူးသားခန့် သံကွင်းဆက်တန်ဖိုး
(၃၅၀၀၀၀ိ/ကျပ်)ရှိသည့် ရွှေဟန်းချိန်းအား ကာလဆိုင်ကယ်အနော
က်မှ ကပ်၍လိုက် ပါလာသည့် လူငယ်နှစ်ဦးထဲမှ ဆိုင်ကယ်နောက်
ဘက်တွင် လိုက်ပါစီးနှင်းလာသူမှဖြတ်ယူထွက်ပြေးသွား ကြောင်း
သိရသည်။
ထို့ကြောင့် အဆိုပါရွှေဟန်းချိန်းအား ဆွဲဖြတ်ဖြုတ်ယူသွားသူအား
စုံစမ်းဖော်ထုတ်ပေးပါရန် မဇင်မာချစ်မှ တရားလိုပြုလုပ်တိုင်တန်း
ခဲ့သဖြင့် ပြည်မြို့မရဲစခန်းမှ (ပ) ၁၅၀/၂၀၁၆ ၊ပြစ်မှုပုဒ်မ ၃၈၂-ဖြင့်
အမှုဖွင့်ထားကာ ၄င်းအမှုအား ပြည်မြို့မရဲစခန်းရဲအုပ်ဇော်မင်းနိုင်
မှစုံစမ်းစစ်ဆေးလျှက်ရှိပြီးတရားခံအား ဖမ်းဆီးရမိရေးအတွက်
နယ် ထိမ်းအဖွဲ့များဖြင့် ပှုးပေါင်းကာစုံစမ်းရှာဖွေစစ်ဆေးလျှက်
ရှိကြောင်းသတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09-4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

No comments:
Post a Comment