ဘရိတ်အုပ်ရပ်ထားတဲ့ကားကို အရှိန်မထိန်းနိုင်ဘဲ
လမ်းပြောင်းပြန်ဝင်တိုက်ခဲ့သဖြင့်တစ်ဦးသေတစ်ဦး
ဒဏ်ရာရ
ပြည် ဖေဖော်ဝါရီ(၂၁)
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊မြို့မရဲစခန်း
အရှေ့ဘက်(၁၀)မိုင်ခန့်၊နဝဒေးတံတားပေါ်တွင်ဖေဖော်ဝါရီ
(၁၉)ရက်နေ့
ညနေ(၄း၃၀)အချိန်ခန့် တစ်ဘက်ယာဉ်ကြော
မှလာသောကားအား
အရှိန်မထိန်းနိုင်ဘဲဆိုင်ကယ်ဖြင့်ဝင်
တိုက်မိခဲ့ရာ
တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်မှာနဝဒေးတံတားရေလည်တိုင်အမှတ်(၅)နှင့်(၆)
အကြား၊ရွှေဘုံသာအုပ်စု၊နဝဒေးတံတားပေါ်တွင်တောင်
ကုတ်ဘက်မှပြည်ဘက်သို့
အောင်ချိုဦး(ခ)သန်းဝင်း(၃၀)
နှစ်(ဘ)ဦးဝင်းအောင်၊ဘောဂ(၂)လမ်း၊နဝဒေးရပ်ကွက်၊
ပြည်မြို့နေသူမောင်းနှင်လာသော
1G/…….MAZDA
TITAN
အမျိုးအစား(၆)ဘီး(အဖြူရောင်)ယာဉ်မှာ လမ်း
မှန်အတိုင်းမောင်းနှင်လာစဉ်
မျက်နှာချင်းဆိုင်မှဆိုင်ကယ်
တစ်စီးသည်လမ်းပေါ်တွင်ယိမ်းထိုးမောင်းနှင်လာသဖြင့်
မော်တော်ယာဉ်အားဘရိတ်အုပ်ရပ်တန့်ပေးစဉ်
နေလင်း
အောင်(၂၃)နှစ်(ဘ)ဦးဂျိမ်း၊ကြာအင်းကျေးရွာ၊ဒန့်ဒလွန်
အုပ်စု၊ပန်းတောင်းမြို့နယ်နေသူမောင်းနှင်ပြီးနောက်တွင်
ချစ်ကောင်း(၂၃)နှစ်(ဘ)ဦးအောင်ဝင်း၊ကြာအင်းကျေး
ရွာ၊ဒန့်ဒလွန်အုပ်စု၊ပန်းတောင်းမြို့နယ်နေသူလိုက်ပါစီး
နှင်းလာသည့်
နံပါတ်မပါ NEW ZHINENG-110(အပြာ
ရောင်)ဆိုင်ကယ်သည်
လမ်းပြောင်းပြန်အတိုင်းအရှိန်မ
ထိန်းနိုင်ဘဲ
ယာဉ်၏ယာဘက်ထောင့်ဘန်ကာအားဝင်
ရောက်တိုက်မိခဲ့ကြောင်း ရဲစစ်ဆေးချက်အရသိရသည်။
ထိုသို့
တစ်ဘက်ယာဉ်ကြောရှိယာဉ်အား ဝင်ရောက်တိုက်
မိခဲ့သဖြင့်
နေလင်းအောင်တွင်ယာနဖူးပွန်းခြစ်ဒဏ်ရာ၊
ဝဲမျက်ခုံးပွန်းဒဏ်ရာ၊နှာခေါင်းရိုးပွန်းဒဏ်ရာ၊နှုတ်ခမ်း
ပေါ်/အောက်ပေါက်ပြဲဒဏ်ရာ၊ရင်ဘက်ပွန်းဒဏ်ရာ၊ဝဲ/
ယာဒူးပွန်းဒဏ်ရာ
ရရှိခဲ့ပြီး ချစ်ကောင်းတွင်ယာမျက်ခုံး
အထက်နဖူးပေါက်ပြဲဒဏ်ရာ၊ပါးစပ်သွေးထွက်၊ရင်ဘက်
အောင့်ဒဏ်ရာများရရှိကာ
ပြည်ဆေးရုံကြီးသို့ပို့ဆောင်
စဉ် လမ်း၌သေဆုံးခဲ့သည်။
ထို့ကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍
နေလင်းအောင်အား
အရေးယူပေးပါရန်
အမှတ်(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု
(ပြည်)မှဒုရဲအုပ်ကျော်စိုးဦးမှတရားလို
ပြုလုပ်တိုင်တန်း
ခဲ့ချက်အရ
ပန်းတောင်းမြို့မရဲစခန်းယာဉ်(ပ)၈/၂၀၁၆
ပြစ်မှုပုဒ်မ-၃၀၄-က/၃၃၈
အရအမှုရေးဖွင့်ကာအမှုအား
ဒုရဲအုပ်မြဇော်အောင်
မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း
သိရသည်။
ပြည့်သဲမောင်(ပြည်)09-423671883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
No comments:
Post a Comment