၄၁ နှစ်မြောက် ရခိုင်အမျိုးသားနေ့အထိမ်းအမှတ်ပွဲများ ကျင်းပပြုလုပ်ခဲ့
ပန်းတောင်း၊ဒီဇင်ဘာ၊၁၅
၄၁ နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံအတွင်း နှင့် ရခိုင်ပြည်နယ်ဒေသတွေမှာ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျှက်ရှိကြောင်းသိရသည်။ အဆိုပါ ၄၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲများအား လေးရပ်ဝတီ မှ ရခိုင်လူမျိုး ရခိုင်မိသားစုများ မှ ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။
၁၉၇၄ ခုနှစ် ဦးနေ၀င်းအစိုးရလက်ထပ်မှာ ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ပေးခဲ့လို့ ယခုလို ၄၁ နှစ်မြောက် ရခိုင် ပြည်နယ်နေ့အဖြစ်သတ်မှတ်ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်း ဥသျှစ်ပင်မြို့ ရခိုင်အမျိုးသား ကူညီစောင့်လျှောက်ရေးအသင်း (ယာယီ ) နာယက ဦးစောအောင်ကျော်က ပဲခူးက၀ိဂျာနယ်သို့ ယခုလိုပြောကြားသည်။
“ ရခိုင်ပြည်က လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ လျှပ်စစ်မီးကိစ္စတွေရှိနေသေးတယ်။ အဲဒိလို လိုအပ်ချက်တွေကြောင့် ရခိုင်ပြည်နယ်ဘက်မှာ လုပ်ငန်းကိုင်ငန်းမကောင်းဘူး။ ဒါ့ကြောင့် မြန်မာပြည်အတွင်းရွေ့ပြောင်း စီးပွားရေးလုပ်ဆောင်လာကြရတယ်။ ရခိုင်မိသားစုတွေ တစ်ဦးနဲ့တစ်ဦး ပိုမိုသိရအောင်နဲ့ တစ်နှစ်တစ်ကြိမ် တွေ့ဆုံမိတဲ့အခါ တစ်ဦးရဲ့ သာရေး နာရေးတွေကအစ ကူညီနိုင်အောင် ပရဟိတ သတ်သတ် တွေ့ဆုံပွဲ နှင့် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲကျင်းပခဲ့တာပါ။” ဟု ၄င်းကဆက်လက်ပြောကြားသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်း ယခုလို ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ် ကျင်းပသည့်ပွဲကို ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။
“လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည်ဆိုသော် နေ့ထူးနေ့မြတ်တွေရှိပါ။ ခုလို ရခိုင်ပြည်နယ်နေ့ ကျင်းပတာ ရခိုင်အမျိုးသားချင်း စုစည်းဖို့ တစ်ယောက်ကိုတစ်ယောက်ရိုင်းပင်းကူညီဖို့ ကိုယ့်ရခိုင်သားချင်း သိစေဖို့ ရခိုင်ပြည်ကြီးတိုးတက်ဖို့ မြန်မာပြည်ကြီးတိုးတက်ဖို့ ရခိုင်အမျိုးသားထု စုစည်းညီညွှတ်ဖို့လိုပါတယ်။ တိုင်းရင်းသားအားလုံးဟာ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ထိန်းသိမ်းစောင့်လျှောက်ဖို့လိုပါတယ်။ နောက်နောင်ခုလိုပွဲတွေ လုပ်ခွင့်ရသ၍ လုပ်သွားမှာပါ။ ” ဟု ဥသျှစ်ပင်မြို့ ရခိုင်အမျိုးသား ကူညီစောင့်လျှောက်ရေးအသင်း (ယာယီ) ဥက္ကဌ ဦးမောင်အေးနု က ပဲခူးက၀ိဂျာနယ်သို့ ပြောသည်။
အဆိုပါ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲကို ဥသျှစ်ပင်မြို့တွင် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းမြို့အတွင်း ရခိုင်လူမျိုး ၅၀၀-ခန့် နေထိုင်လျှက်ရှိကြောင်းသိရသည်။ အဆိုပါ ရခိုင်ပြည်နယ်နေ့အား မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း စသည့် မြန်မာနိုင်ငံအတွင်း မြို့နယ်အသီးသီးမှာကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီး ရခိုင်ပြည်နယ်နှင့်မြန်မာပြည်နယ်အတွင်းမှာ ကျင်းပပြုလုပ်ခဲ့ကြသည့် ရခိုင်ပြည်နယ်နေ့တွင် ရိုးရာအကများ၊ပျော်ပွဲရွှင်ပွဲများ၊အလှူဒါနများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျှက်ရှိကြောင်းသိရသည်။
ခေတ္တရာမောင်(ပြည်)
No comments:
Post a Comment