Friday, December 11, 2015

စစ်ဘေးရှောင်ပြည်သူများအတွက် ပြည်မြို့တွင် အလှူခံ

စစ်ဘေးရှောင်ပြည်သူများအတွက် ပြည်မြို့တွင် အလှူခံ





ပဲခူးတိုင်းဒေကြီး ပြည်ခရိုင် ပြည်မြို့တွင် ရှမ်းပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား လှူဒါန်းနိုင်ရန် အလှူခံခြင်းများ ပြုလုပ်လျှက်ရှိ ကြောင်းသိရသည်။ အဆိုပါအလှူခံမှုကို ဒီဇင်ဘာ ၁၀ ရက်နေ့မှ စတင်ကာ ပြည်မြို့အတွင်းသို့ စတင်အလှူခံသွားမှာဖြစ်ပြီး ခန့်မှန်းခြေ ၇- ရက်ခန့်အလှူခံသွားမည်ဖြစ်ကြောင်းသိရသည်။



‘‘ကော်မတီကအလှူခံလို့ ရရှိလာမယ့် အလှူငွေတွေ ကို ရှမ်းပြည်နယ်အတွင်းက လဲချား၊ မိုင်းဆတ် နဲ့ အရေးကြီးနေရာတွေကို အဓိကသွားလှူမှာပါ။ အဲဒီနေရာ တွေမှာ အခုလက်ရှိတိုက်ပွဲမဖြစ်တော့ဘူးလို့ သိရတယ်။ စစ်ဘေးရှောင်နေသူတွေအများကြီးရှိတယ်လို့လည်း သိရတယ်။ အလှူငွေတွေအပြင် ဆေးကုသဖို့ NLDက လွှတ်တော်ကိုယ်စားလှယ်ဆရာဝန်၊ ဆေးဝါးတွေရယ် ဆေးကုသမှုအစီအစဉ်တွေပါ ပှုးတွဲလုပ်နေပါတယ်။ပြည်တွင်းစစ်တွေရပ်တံ့သွားစေချင်တယ်။” ဟု မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) အတွင်းရေးမှူး ကိုညီညီအောင်က ပဲခူးက၀ိဂျာနယ်သို့ ပြောသည်။



အဆိုပါ အလှူခံအဖွဲ့ကော် မတီကို ဒီဇင်ဘာ ၈ ရက်တွင်စတင်ဖွဲ့ စည်းခဲ့ပြီး ပြည်မြို့ရှိ  နိုင် ငံရေးအကျဉ်းသားဟောင်းများ၊ ပန်းချီနှင့် ကာတွန်းပညာရှင်များ၊  နည်းပညာ တက္ကသိုလ်ကျောင်းသားများ၊ ဂီတအစည်းအရုံး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ မိုးမေတ္တာနာရေးကူညီမှုအသင်း၊ CPRCG အဖွဲ့၊ ပြည်ဒေသခံသတင်းထောက်များ၊ ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် စုပေါင်းဖွဲ့စည်း၍ အလှူခံသွားမည် ဖြစ်ကြောင်းသိရသည်။



‘‘အခုလို အလှူခံရေးကော် မတီဖွဲ့ပြီး လုပ်ဆောင်ရတာက တော့ ပြည်မြို့ရဲ့ စည်းလုံးမှုကို ပြ ချင်တာနဲ့  ပြည်မြို့ဒေသခံတွေအလှူဆိုတဲ့ ပုံရိပ်ကို ထင်ပေါ် ထင်ဟပ် စေချင်တာကြောင့် အသင်းတစ်ခု တည်း မဆောင်ရွက်ဘဲ အားလုံးဘက်စုံပါအောင် စုပေါင်း ဆောင်ရွက်ကြတာပါ။” ဟု မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) ဥက္ကဌ ဦးမိုးကြီးက ပဲခူးက၀ိဂျာနယ်သို့ ပြောသည်။



အလှူခံရာတွင် ဂီတဖျော် ဖြေရေးများနှင့် ကာတွန်း၊ ပန်းချီ ဆရာများလိုက်ပါ၍ အမှတ်တရ ပန်းချီ၊ ကာတွန်းများရေးဆွဲမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်က စတင် ကာ လှည့်လည်အလှူခံလျှက်ရှိကြောင်းသိရသည်။



ခေတ္တရာမောင်(ပြည်)

ပြည်သတင်း
www.facebook.com/pyaynews


No comments:

Post a Comment