ဇော်မင်းထိုက်
7Day Daily
ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ ဓာတ်တိုင်တစ်တိုင်တွင် တပ်ဆင် ထားသော ဒစ်ဂျစ်တယ်မီတာများ ၀ိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်မှု ကြောင့် မီတာလေးလုံးမီးလောင် ဆုံးရှုံးခဲ့ကြောင်း ပြည်မြို့နယ်လျှပ် စစ်အင်ဂျင်နီယာရုံးမှ သတင်းရရှိ သည်။
အောက်တိုဘာ ၂၇ ရက် နံနက် ၇ နာရီခန့်တွင် မီတာများ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဗဟိုမီးသတ်မှ မီးသတ် ယာဉ်နှစ်စီး၊ ဆံတော်ရပ်ကွက်မှ အရန်မီးသတ်ယာဉ်တစ်စီးတို့က လာရောက် မီးငြှိမ်းသတ်ခဲ့ရ ကြောင်း ပြည်မြို့နယ် မီးသတ် တပ်ဖွဲ့မှသိရသည်။
‘‘အဲဒီမီတာတွေမှာ တပ်ဆင် ထားတဲ့ ဘရေကာက အကြီးနဲ့ လဲ ထားတော့ ၀န်ပိုဖြစ်သွားတဲ့သ ဘောပါ။ ၀ိုင်ယာရှော့ခ်ဖြစ်တဲ့အ ခါ ဘရေကာပြုတ်မကျဘဲ မီး လောင်ဆုံးရှုံးသွားတာ မီတာ လေးလုံးရှိပါတယ်’’ဟု ပြည်မြို့ နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးကျော်စွာလင်းက ပြောသည်။
ပျက်စီးဆုံးရှုံးသွားသော မီတာများ အမြန်ဆုံးပြန်လည် တပ်ဆင်ဆောင်ရွက်ပေးနေပြီး မီးလောင်းဆုံးရှုံးသည့် မီတာများ သည် ယမန်နှစ်တွင် နေအိမ်များမှ ဓာတ်တိုင်များဆီသို့ ပြောင်းလဲ တပ်ဆင်ထားသည့် ဒစ်ဂျစ်တယ် မီတာများဖြစ်ကြောင်း ပြည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
‘‘ဓာတ်တိုင်မှာ ဖြစ်သွားတဲ့ ကိစ္စဖြစ်တယ်။ ပြီးတော့ ၀ိုင်ယာ ရှော့ခ်ဆိုတာ မီးအားအရမ်းများ ရင်လည်းဖြစ်တတ်သလို အမျိုး မျိုးကြောင့်ဖြစ်တတ်တယ်’’ဟု ပြည်ခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးအေးကျော်က ပြောသည်။
‘‘၀ိုင်ယာညှော်နံ့တွေ မွှန် သွားတာပဲ။ မီးလောင်တာက ဆယ်မိနစ်လောက်ပဲရှိပါတယ်။ မီးသတ်တပ်ဖွဲ့နဲ့ မီးလောင်တဲ့နေ ရာက လှမ်းမြင်ရတယ်။ အနီးနား က မီးသတ်ဆေးဘူးတွေနဲ့ အရင် ဆုံးဖျန်းပြီး ငြိမ်းသွားမှ မီးသတ် ကားရေတွေနဲ့ ထပ်ဖျန်းတာတွေ့ ရတယ်’’ဗိုလ်ချုပ်လမ်းနေသူ တစ်ဦးက ပြောသည်။
No comments:
Post a Comment