Tuesday, October 27, 2015

ပြည်မြို့ရှိ ရဲတပ်ရင်းတွင် မဲရုံဆောက်ခွင့်မပြုသဖြင့် မဲရုံတစ်ရုံလျော့


ဇော်မင်းထိုက်
7Day Daily

ပြည်မြို့ရှိ အမှတ် (၁၀) ရဲတပ်ရင်းအတွင်း မဲရုံဆောက်လုပ်ခွင့်မပြုခဲ့၍ မဲရုံတစ်ရုံလျော့သွားကြောင်း ပြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ သတင်းရ ရှိသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြည်မြို့နယ်အတွင်း မဲရုံစုစုပေါင်း  ၁၈၅ခုတည်ဆောက်ထားသော်လည်း ရဲတပ်ရင်း (၁၀) က ခွင့်မပြုသောကြောင့် ၁၈၄ ရုံသာရှိတော့ကြောင်း ပြည်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြော သည်။

‘‘၂၀၁၀ ရွေးကောက်ပွဲတုန်း က အဲဒီရဲတပ်ရင်းထဲမှာ တပ်ရင်း မဲရုံရှိတယ်။ ဒါပေမဲ့ အခုလာမယ့် ရွေးကောက်ပွဲမှာထားခွင့်မပြုဘူး လို့ ရဲတပ်ရင်းမှူးက အကြောင်း ကြားတယ်။ ဘာကြောင့်ရယ်လို့ တော့ မသိရဘူး။ အဲဒီတော့ မဲရုံ တစ်ရုံလျော့သွားပြီး ၁၈၄ ရုံပဲရှိ တယ်’’ဟု ၎င်းက ပြောသည်။

ရဲတပ်ရင်း (၁၀)အတွင်း မဲရုံ ထားခွင့်မရှိသော်လည်း တပ်ရင်း အတွင်းရှိ မဲပေးခွင့်ရှိသူများ မဲပေး မှုအဆင်ပြေစေရန် တပ်ရင်းနှင့် နီးသော မဲဆန္ဒရှင် ဦးရေနည်းနေ သေးသည့် ပြည်မြို့နယ်၊ ထမ္မ ကောက်အုပ်စုအတွင်းရှိ မဲရုံတစ် ရုံနှင့် ပေါင်းစည်းထားကြောင်း ၎င်းက ပြောသည်။

‘‘တပ်ရင်းတွေအားလုံးမှာ တပ်ရင်းအတွင်း ၀င်ရောက်မဲ ဆွယ်ခွင့်မရှိဘူး။ ဒါပေမဲ့ တပ်ရင်း အတွင်း မဲရုံတွေတော့ ထားရှိခွင့် ပြုပါတယ်။ ပြည်မှာလည်း ရဲတပ် ရင်း (၁၀) တစ်ခုပါပဲ။ ကျန်တဲ့ တပ်မတော်တပ်ရင်းတွေထဲမှာ မဲ ရုံတွေထားရှိမယ်လို့ သိရတယ်’’ ဟု ပြည်ခရိုင်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။


No comments:

Post a Comment