Saturday, October 17, 2015

ဘိုဘွားစဉ်ဆက်က ဧက ၅၀၀ခန့်ရှိ စားကျက်မြေအား မြို့နယ်မြေစာရင်းမှ အကွက်ရိုက်ရောင်းခဲ့မှုအပေါ် ဒေသခံများ နိုင်ငံတော်သမ္မတ အပါဝင် ၀န်ကြီးဌာန ၁၄ခုအားတိုင်ကြားထား



ဇီးကုန်း အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီရိုင်၊ဇီးကုန်းမြို့နယ်အတွင်း ကျေးရွာပေါင်း ၉ ရွာခန့်မှ စားချက်မြေဖြစ်သည့် မြေလွတ်မြေရိုင်းများအားများ ဇီးကုန်းမြို့နယ် မြေစာရင်းဌာနမှအကွက်ရိုက်၍ အခြားဇီးကုန်းမြို့ပေါ်မှာနေထိုင်သူတွေကို ရောင်းစားခဲ့သည်ဟုဆိုကာ ရွာဝိုင်းကြီးအုပ်စု သက္ကယ်ပြင်ကျေးရွာနေထိုင်သူ ဒေသခံ ၁၀၀ ကျော်လက်မှတ်ရေးထိုး၍  နိုင်ငံတော် သမ္မတ အပါဝင် ၀န်ကြီးဌာန ၁၄ ခုအား အောက်တိုဘာ ၁၆ ရက်နေ့ကစတင်တိုင်ကြားထားသည် ဟုဒေသခံများထံမှသိရသည်။

ပြီဲး့သည့် ၂၀၁၃ ခုနှစ်မှာ ဇီးကုန်းမြို့နယ် ရွာဝိုင်းကြီးအုပ်စု သက္ကယ်ပြင်ကျေးရွာအနီးရှိ ဧက၅၀၀ ခန့်ကျယ်ဝန်းသည့် မြေလွတ်မြေရိုင်းစာကျက်မြေအား ဇီးကုန်းမြို့နယ်မြေစာရင်းမှ ကျောက်တိုင်စိုက်ထူခြင်းများပြုလုပ်ခဲ့ပြီး ၂၀၁၄ခုနှစ်တွင် အဆိုပါစာကျက်မြေများအား ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်းသိရသည်။

“ ဘိုးဘွားတွေလက်ထက်ကတည်းက ဒီစားချက်ထဲမှာ ဖက်ခူး၊ထင်းခွေ၊ကျွဲနွားကျောင်းတာတွေလုပ်လာခဲ့တာနှစ်ပေါင်းများစွာရှိနေပြီ။အခု ဒီစားချက်မြေကို ဇီးကုန်းမြို့မြေစာရင်းကလူတွေ အကွက်ရိုက်ပြီး ကျေးရွာကလူတွေမဟုတ်တဲ့ မြို့ပေါ်ကလူတွေကို ရောင်းစားလိုက်ကြတယ်။အခုဆို ဖက်ခူး၊ကျွဲနွားကျောင်း၊ထင်းခွေတာတွေဝင်လုပ်ခွင့်မပေးတော့ဘူး။လူသွားလမ်းတွေပါအကုန်ပိတ်ပစ်လိုက်တော့ လမ်းကအစအကုန်သွားစရာမရှိတော့ပါဘူး။ဒါကိုနိုင်ငံတော်အကြီးအကဲတွေသေချာဖြေရှင်းပေးစေချင်ပါတယ်။  ”ဟု သက္ကယ်ပြင်ကျေးရွာနေ ဦးဟန်ညွှန့် ကပြောသည်။

အဆိုပါ စာကျက်မြေများပေါ်တွင်  ၂၀၁၅ နှစ်ဦးပိုင်းခန့်မှာ လူနေအိမ်တစ်ချို့ရောက်ရှိလာပြီး ယခုဆိုလျှင် ဒေသခံများ ကျွဲနွားကျောင်းခြင်း၊ဖက်ခူး၊ထင်းခွေ စသည့်ကိစ္စများထိုစားချက်အတွင်းလုပ်ကိုင်ခွင့်မရရှိခဲ့ခြင်းများကြောင့် ကျေးရွာတစ်ချို့စားဝတ်နေရေးအခက်ခဲများရှိနေကြောင်းသိရသည်။

“ ဒီတောက ဘိးဘွာားစဉ်ဆက်က စားကျက်အဖြစ်လုပ်ကိုင်လာတဲ့နယ်မြေပါ။ဒီတောကို အမှီပြုပြီး အသက်မွေးဝမ်းပြုသူတွေမနည်းဘူး။အခုလို မြို့ပေါ်ကစီးပွားရေးသမားတွေက ပုံစံ ၇ ကိုင်ပြီးလာလုပ်တာတော့သည်းမခံနိုင်တော့ဘူး။မြို့နယ်မြေစာရင်းက အကွက်တွေရိုက်၊ကျောက်တိုင်တွေစိုက်၊ပြန်ရောင်းစား၊အိမ်လာဆောက်လုပ်၊နေတော့ ကျွန်တော်တို့ ရွာအပါဝင် ဒီတောကိုအမှီပြုရှာဖွေစားသောက်နေတဲ့ ဖက်ခူးတဲ့သူတွေ၊ထင်းခွေရှာစားနေရသူတွေနဲ့ နွားကျောင်းသူတွေအတွက် အခုအင်မတန်အခက်ခဲဖြစ်နေတယ်။ဘယ်သူ့မှလည်းပေးဝင်ခွင့်မပေးတော့ဘူး။ဒါကို နိုင်ငံတော်အကြီးအကဲတွေအမြန်ဆုံးဖြေရှင်းပေးပါ။အခု မီဒီယာတွေနဲ့ အရင်ချိတ်ဆက်တာပါ။ ဒါကို ဘယ်သူမှ ဘာမှဆောင်ရွက်မပေးရင် ကျွန်တော်တို့ဒေသခံတွေညိမ်ခံနေမှာမဟုတ်ပါဘူး။ဒါ့ကြောင့် နိုင်ငံတော်အကြီးအကဲတွေဖြေရှင်းပေးစေချင်ပါတယ်။ ”ဟု သက္ကယ်ပြင်ရွာနေ ဦးစောကြိုင် ကပြောသသည်။

ယင်းကိစ္စများ နှင့် ပတ်သက်၍ ဇီးကုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ “ ဦးစီးမရှိပါဘူး။ ဦးစီးမှူးကရောက်တာမကြာသေးဘူး။အခုခရီးသွားနေပါတယ်။သူ့ဟန်းဖုန်းနံပါတ်တော့မသိရသေးပါဘူး။ဒုဦးစီးဖုန်းနံပါတ်လည်းမသိပါဘူး။သူလည်းမရှိပါဘူး။ ”ဟု အဆိုပါရုံဝန်ထမ်း ၃ ဦးကပြန်လည်ဖြေကြားခဲ့ရာ မီဒီယာများက ကျွန်တော်တို့ အခုအကိုတို့ပြောသလိုရေးလို့ရမလားလို့ မေးမြန်းရာ ထိုသူတို့မှ “ဟုတ်ကဲ့ အဲတိုင်းရေးလို့ရပါတယ်။ ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ဇီးကုန်းမြို့နယ် မှ အရှေ့ဘက် ၁၂ မိုင်ကျော်ဝေးကွာသည့် ရွာဝိုင်းကြီးအုပ်စုအတွင်းရှိ သက္ကယ်ပြင်၊ရွာဝိုင်းကြီး၊ရွှေဖလား ကျေးရွာသုံးရွာနှင့် သင်ကန်၊ခရုချောင်း၊ချောင်းသာယာ၊ပေါင်ကြီး၊ရှမ်းစု၊ဘုရားကြီးကုန်း စသည့်ကျေးရွာများအတွင်းနေထိုင်လျှက်ရှိသည့် ဒေသခံများမှာ အဆိုပါ စားကျက်မြေ ဧက ၅၀၀ ခန့်တွင် ထင်းခွေ၊ဖက်ခူး၊ကျွဲနွားကျာင်းလုပ်ငန်းများဖြင့်အသက်မွေးဝမ်းကြောင်းပြုလျှက်ရှိပြီး လက်ရှိမှာတော့ သွားလာရေးနှင့် စာဝတ်နေရေးအခက်ခဲတစ်ချို့ဖြစ်ပေါ်လျှက်ပြီး  အဆိုပါကိစ္စများ နှင့်ပတ်သက်၍ ဒေသခံရွာသူ/သားများက ရွာဝိုင်းကြီးအုပ်စု သက္ကယ်ပြင်ကျေးရွာတွင် အောက်တိုဘာလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် သတင်းစာရှင်းလင်းပွဲတစ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

K3(pyay)

ပြည်​သတင်း
www.facebook.com/pyaynews


No comments:

Post a Comment