------ ------ ------ ------ ------
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် အောက်တိုဘာလ (၂၁) ရက်နေ့ နံနက် (၉) နာရီခွဲ အချိန်တွင် ရွေးကော်ပွဲကော်မရှင်နှင့်အဖွဲ့အား တကိုယ်တော် ဆန္ဒထုတ်ဖော်မှုတခု ဖြစ်ပွားခဲ့သည်။ ဆန္ဒထုတ်ဖော်ရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ချက်ချင်းဆိုသလို မိနစ်ပိုင်းအတွင်း ရောက်ရှိလာကာ ဆန္ဒထုတ်ဖော်သူထံမှ ဗီနိုင်းဆိုင်းဘုတ်နှင့် လက်ကိုင်စပီကာများကို သိမ်းဆည်း၍ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆန္ဒထုတ်ဖော်သူမှ“နိုင်ငံတကာအထောက်အပံ့များနဲ့ ပြည်သူ့ဘဏ္ဍာတွေ အပြည့်သုံးထားတဲ့ ရွေး/ကော် ၃၀% (လုံးဝ) လက်မခံ၊ အပြည့်အ၀ တာဝန်ယူပေး၊ ပြည်သူတဦး မဲပေးခွင့်ဆုံးရှုံးခြင်း၊ မဲအလွဲ သုံးစားလုပ်ပါက ပြည်သူလူထုရဲ့ ဒဏ်ခတ်မှု ကြိမ်းသေခံရမည်” ဆိုသည့် ဗီနိုင်းနှင့် “ရွေး/ကော် ဥက္ကဋ္ဌနှင့် အဖွဲ့ ဘက်လိုက်မှု ချက်ချင်းရပ်၊ ရွေးကောက်ပွဲ ဥပဒေချိုးဖောက်သူတွေ ဥပဒေနဲ့အညီ အရေးယူပေး၊ မိကောင်း ဖခင်သားမှန်လျှင် မရိုးမသားလုံးဝမလုပ်ဘူး” စသည့် ဗီနိုင်း (၂) ချပ်ကို ၀ါးလုံးနှင့် လျှိုထမ်းပြီး ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။၊
ဆန္ဒထုတ်ဖေါ်သူ၏အမည်မှာဦးတင်ဋ္ဌေးဝင်းဖြစ်ပြီးရဲစခန်းတွင်စစ်မေးချက်အရ မဲစာရင်းများမှားယွင်းမှုကို ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူမှု တာဝန်ခံမှုများ ပြုလုပ်စေလိုသည့်အတွက်ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment