Wednesday, October 7, 2015

အရှိန်မထိမ်းနိုင်ပဲ စလစ်ဖြစ်ကာ တစ်ဖက်ယဉ်ကြောရှိ ယဉ်အားဝင်တိုက်မိ


ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့ နယ် မြို့မ
ရဲစခန်းမြောက်ဖက် (၄)မိုင်(၂)ဖာလုံခန့်  နွားမယံအုပ်စု
ဆင်မကြပ်ရွာ ရန်ကုန် ပြည် ဘုရင်နောင်လမ်းမကြီး မိုင်
တိုင် အမှတ် ( ၁၇၅/၀) အနီး မြို့ရှောင်လမ်းမပေါ်တွင်
အောက်တိုဘာလ (၅)ရက်နေ့  နံနက် (၆)နာရီ ၃၀
အချိန်ခန့် တွင် ယဉ်တိုက်မှူဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ တာဝန်မှူးဒုရဲအုပ် သော်ဇင် နှင့် 
အဖွဲ့သည် သွားရောက်ကြည်ရှ့စစ်ဆေးရာ ရန်ကုန်
ဘက်မှ ပြည်ဘက်သို့  အောင်မြင့်သိန်း(၃၇)နှစ်၊
သရက်တော့ ရပ်ကွက်၊အောင်လံမြို့ နေသူ မောင်း
နှင်လာသော MDY 5J/……fuso(အဖြူရောင်)
(၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲစလစ်ဖြစ်
ကာတစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာ
ချင်းဆိုင်မှ ကိုဇော်ဇော်လွင်(၃၀)နှစ်၊၊မြစစ်ကိုင်း
ရွာ၊ပန်းတောင်းမြို့နယ်၊နေသူမောင်းနှင်လာေ
သာ ကျောက်တင်ယာဉ် 5A/………faw ကား
အားဝင်ရောက်တိုက်မိခဲ့သည်ဟု ရဲမှတ်တမ်း
အရသိရသည်။

ထိုသို့ တစ်ဖက်ယာဉ်ကြောရှိယာဉ်အား ဝင်ရောက်
တိုက်မခဲ့သော်လည်းယာဉ်ပေါ်ပါလာသူများ ထိခိုက်
ဒဏ်ရာ ရရှိမှုမရှိဘဲ ပျက်ဆီးဆုံးရှုံးမှု တန်ဖိုး(၁၁၅၀
၀၀၀/-)ခန့်ဖြစ်သည်ဟုသိရသည်။

ထို့ကြောင့်ယာဉ်မောင်းနှင်သူ ကိုအောင်မြင့်သိန်း
အားအရေးယူပေးပါရန်ဒုရဲအုပ် သော်ဇင်မှ တရား
လိုပြုလုပ်တိုင်တန်းချက်အရ ရွှေတောင်မြို့မရဲစခန်း
ယာဉ်(ပ)၅၅/၂၀၁၅၊မော်တော်ယာဉ်ဥပဒေပုဒ်မ
၅၈(က)ဖြင့်အမှုဖွင့်ဆာင်ရွက်ကာ အမှုအား ဒုရဲ
အုပ်သော်ဇင်မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း
သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)
ပြည်​သတင်း
www.facebook.com/pyaynews


No comments:

Post a Comment