Wednesday, September 16, 2015

ပြည်ဒီချုပ် မဲဆွယ်ခရီးစဉ်များတွင် ၈၈(ငြိမ်း/ပွင့်)က မဲပေးခြင်းလက်တွေ့သရုပ်ပြ

ပြည်ဒီချုပ် မဲဆွယ်ခရီးစဉ်များတွင်  ၈၈(ငြိမ်း/ပွင့်)က မဲပေးခြင်းလက်တွေ့သရုပ်ပြ

  By       ဇော်မင်းထိုက်  7Day Daily

ပြည်မြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်း ရုံးရေးခရီးစဉ်များတွင် ပြည်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မဲဆန္ဒ ပေးခြင်းဆိုင်ရာများကို ပြည်သူ များအား လက်တွေ့သရုပ်ပြသခဲ့ ကြောင်း သတင်းရရှိသည်။

‘‘မဲဆန္ဒရှင်တွေဟာ မဲပေးပုံ မဲပေးနည်း မသိတာကို အတော် များများတွေ့ရတယ်။ အဓိကက ခိုင်လုံတဲ့ မဲနဲ့ ပယ်မဲတွေအကြောင်း သိအောင်ရှင်းလင်းသရုပ်ပြပေး တာဖြစ်တယ်’’ဟု ပြည်မြို့နယ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့် လင်းလူ့အဖွဲ့စည်းမှ ကိုဝေယံ လင်းကပြောသည်။

မဲဆန္ဒရှင်ပြည်သူများ မဲပေး ခြင်း အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး လက်တွေ့သရုပ်ပြ ရှင်းလင်းပေးရခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး ပူးပေါင်းဆောင် ရွက်မှုအပေါ် ၎င်းကဆက်လက် ပြောသည်။

ပြည်တွင် ဒီချုပ်လွှတ်တော် ကိုယ်စားလှယ်လောင်းများ မဲ ဆွယ်စည်းရုံးရာ ၀က်ထီးကန်၊ တိုက်နယ်ရှိ မြောက်န၀င်းရွာသစ် ကြီး၊ မအူတော၊ ငွေရိုးနှင့် ထမ ကောက် ကျေးရွာတို့တွင် ၈၈ (ငြိမ်း/ပွင့်)အဖွဲ့က မဲပေးခြင်းစနစ်ကို လိုက်ပါရှင်းလင်း ပြသခဲ့ခြင်းဖြစ်သည်။

ပြည်မြို့တွင် အမျိုးသား ဒီ မိုကရေစီအဖွဲ့ချုပ်အနေဖြင့် စက် တင်ဘာ ၈ ရက်မှစတင်ကာ အောင်နိုင်ရေးရုံး ဖွင့်လှစ်ဆောင် ရွက်ခဲ့ပြီး မဲဆွယ်စည်းရုံးရေးများ စတင်လုပ်ဆောင်ခဲ့ကြောင်းနှင့် ပြည်မြို့နယ်ရှိ လွှတ်တော်ကိုယ် စားလှယ် လေးနေရာစလုံး၌ ၀င် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်မြို့နယ်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ သိရသည်။ ၈၈ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်းမှ မဲပေးပုံမဲပေးနည်းကို ဒေသခံများအားရှင်းပြနေစဉ် (ဓါတ်ပုံ Kyi Kyi ဖေ့ဘွတ်)


No comments:

Post a Comment